ကာလ အတန်ကြာ လူအုပ်ကြီးတွေနဲ့ ဆန့်ကျင်အြုံ<ွကဆန္ဒပြမှုတွေကို ရင်ဆိုင်နေခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကတော့ လူအုပ်ကြီးရဲ့ ဆန္ဒအတိုင်း ရာထူးကနေ ဆင်းပေးဖို့ သဘော တူလိုက်ရပါပြီ။ ၂ဝ၁၃ ခုနှစ် ရွေး ကောက်ပွဲတုန်းက လူအများရဲ့အင် တိုက်အားတိုက် ထောက်ခံအားပေး မှုနဲ့ တက်လာခဲ့တဲ့ ပတ်ဂွမ်ဟေး တစ်ယောက် ဘာလို့များသက်တမ်းမကုန်ခင်မှာ ဒီလောက်တောင် မြန်မြန်ဆန်ဆန် လူထုထောက်ခံမှု ကျဆင်းသွားရတာလဲဆိုတဲ့ မေး ခွန်းကို စဉ်းစားနေမိပါတယ်။ တ ကယ်တော့ တောင်ကိုရီးယားနိုင်ငံ ရဲ့ အခြေခံဥပဒေအရ တောင်ကိုရီးယားသမ္မတတစ်ယောက်ဟာ ၅ နှစ်သက်တမ်းတစ်ဆက်တည်းကိုပဲ ထမ်းဆောင်ခွင့်ရှိတာပါ။ အခုဆို ရင် သမ္မတပတ်ဂွမ်ဟေးဟာ သက် တမ်းသုံးနှစ်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလကျရင် သူ့ရဲ့ ရာထူးသက်တမ်းကကုန်ဆုံးမှာ ဖြစ် ပါတယ်။ ဒါပေမယ့် သုံးနှစ်ဆိုတဲ့ ကာလတိုကလေးအတွင်းမှာပဲ မ မျှော်လင့်တဲ့ ပြဿနာတစ်ခုကြောင့် ပတ်ဂွမ်ဟေးအပေါ် လူထုထောက်ခံမှုဟာ တောင်ကိုရီးယား ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ အနိမ့်ဆုံးအဖြစ် ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးဆိုတာက စီးပွားရေး လုပ်ငန်းတွေလို လုပ်ငန်းတစ်ခုပါပဲ။ လုပ်ငန်းတစ်ခုရဲ့ သဘောသဘာဝ အတိုင်း အရင်းအနှီးဆိုတာ လိုပါတယ်။ နိုင်ငံရေးသမားတစ်ယောက် ရဲ့ နိုင်ငံရေးအရင်းအနှီး (Political Capital) ဆိုတာကတော့ လူထုရဲ့ စိတ်ချယုံကြည်မှု (Trust) နဲ့ အားပေးထောက်ခံမှု (Support) ပါပဲ။ ဒီလိုလူထုရဲ့စိတ်ချယုံကြည်မှုနဲ့ အားပေးထောက်ခံမှုဆိုတဲ့ နိုင်ငံရေးအ ရင်းအနှီးရအောင် နိုင်ငံရေးသမားတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေ ဖြည့်ဆည်းကြရပါတယ်။ တချို့ကတော့ နှစ်ပေါင်းများစွာ တိုင်းပြည်အတွက် အနစ်နာခံ၊ အပင်ပန်းခံပြီး ကြိုးစားခဲ့ကြရပါတယ်။ ဥပမာတောင်အာဖရိကက နယ်လ် ဆင်မင်ဒဲလားတို့၊ အမေရိကန်ပြည်ထောင်စုက ဂျော့ခ်ျဝါရှင်တန်တို့ ဖြစ်ကြပါတယ်။ တချို့ကျတော့လည်း ‘စိုင်ကော်လို့ ချုံပေါ်ရောက်’ ဆိုတာလို မမျှော်လင့်ဘဲ တိုင်းပြည် ခေါင်းဆောင်နေရာကို ရလာတာ တွေလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံက အင်ဒီရာ ဂန္ဒီရဲ့ သားရာဂျစ်ဂန္ဒီလိုမျိုး ဖြစ်ပါတယ်။ မူလက မိခင်ရဲ့ နိုင်ငံရေး ရာထူး အရိုက်အရာကို ဆက်ခံဖို့ စိတ်ကူးဆန္ဒမရှိခဲ့ဖူးဘဲ အင်ဂျင်နီယာဘဝနဲ့ ရပ်တည်ဖို့ပဲ စိတ်ကူးထားသူပါ။ နိုင်ငံရေးအရိုက်အရာ ဆက်ခံဖို့ ဝါသနာလည်းပါ၊ မိခင် ကိုယ်တိုင်က လျာထားခြင်းခံရတဲ့ ညီဖြစ်သူ လေယာဉ်ပျက်ကျ ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူပါ လုပ်ကြံခဲ့ရလို့ ရုတ်တရက် ကွယ်လွန် သွားချိန်မှာ ရွေးချယ်စရာမရှိတော့ လို့ ‘မရည်ရွယ်ဘဲနဲ့ စော်ကဲမင်း’ ဖြစ်သွားခဲ့ရသူဖြစ်ပါတယ်။ တချို့ ကတော့ လူထုရဲ့ ကရုဏာမဲနဲ့ ရွေး ကောက် ပွဲနိုင်သွားတာလည်း ရှိပါ တယ်။ ဥပမာ ရာဂျစ်ဂန္ဒီကို တမီလ် အသေခံ တိုက်ခိုက်ရေးအမျိုးသမီး တစ်ဦးက ဗုံးခွဲလုပ်ကြံလိုက်တဲ့အခါ လူထုရဲ့ ကရုဏာမဲတွေက မကြာ ခင်ကျင်းပတဲ့ အိန္ဒိယရွေးကောက်ပွဲမှာ ကွန်ဂရက်ပါတီအပေါ် စုပြုံ ရောက်ရှိသွားပြီး အရင်ကလူသိ နည်းလှတဲ့ အဘိုးကြီး နာရာဆင်ဟာရောင်း ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကတော့ သူ့ရဲ့ ပင်ကိုအ ရည်အချင်းအရရော၊ ဖခင်ဖြစ်သူ ကွယ်လွန်သူ သမ္မတ ပတ်ချုံဟီးရဲ့မျက်နှာကြောင့်ရော လူထုထောက်ခံမှုရရှိခဲ့သူဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ သမ္မတပတ်ချုံဟီးဟာ ကိုရီးယားနိုင်ငံကို တောင့်တင်းခိုင်မာတဲ့ ခေါင်းဆောင်မှုပေးနိုင်ခဲ့ပြီး စီးပွား ရေးအရ အခြေခံကောင်း တည် ဆောက်ပေးနိုင်သူအဖြစ် ယနေ့ ထက်တိုင် အသိအမှတ်ပြုလေး စားခြင်းခံရသူ ဖြစ်ပါတယ်။ သူ့ရဲ့အရှိန်အဝါဟာ ယခုထက်ထိ ကိုရီး ယားနိုင်ငံမှာ ကြီးမားနေဆဲဖြစ်တာ မို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သမီး ဖြစ်သူ ပတ်ဂွမ်ဟေးအပေါ် တစ်စုံတစ်ရာ အတိုင်းအတာအထိ အ ထောက်အကူပေးခဲ့တာလည်း အ မှန်ပါပဲ။ တစ်ဖက်မှာလည်း တခြား ခေါင်းဆောင်တွေရဲ့ သားသမီးတွေလို ရာဇပလ္လင်က ‘ရေကန်အသင့် ကြာအသင့်’ ရှိနေခဲ့တာတော့ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက မိခင်ရော၊ ဖခင်ပါ လုပ်ကြံသတ် ဖြတ်ခံခဲ့ကြရပြီး မိဘမဲ့ဘဝနဲ့ ကြီး ပြင်းလာခဲ့ရတာမို့ နိုင်ငံရေးမှာ ခြေ ကုပ်တစ်နေရာရဖို့ ရုန်းကန်ကြိုး စားလာခဲ့ရသူဖြစ်ပါတယ်။ သမ္မတ ဖြစ်လာတဲ့နောက်ပိုင်းမှာလည်း ပတ်ဂွမ်ဟေးအနေနဲ့ မြောက်ကိုရီးယားနဲ့ပတ်သက်လို့ တင်းတင်းမာမာ တုံ့ပြန်ခဲ့တာ၊ ပြည်တွင်းနိုင်ငံရေးမှာ ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေကြောင့် သံမဏိမယ်အဖြစ် နာမည်ရခဲ့သလို လူ မုန်းခံခဲ့ရတာတွေတော့လည်း ရှိခဲ့ပါတယ်။ နောက်ဆုံးတော့ အကွက်ပေါ်လာချိန်မှာ အဆင်းကိုဘီးတပ် ပြီးတွန်းချတာကို ခံလိုက်ရတာပါပဲ။
ပတ်ဂွမ်ဟေးရဲ့ အကုသိုလ် ကြမ္မာဆိုးက သူ့ရဲ့ ငယ်ပေါင်းမိတ်ဆွေတစ်ဦးဖြစ်တဲ့ ချွိုင်ဆွန်ဆီးလ်ကနေ အစပျိုးခဲ့တာပါ။ ချွိုင်ဆွန်ဆီးလ်ဟာ ပတ်ဂွမ်ဟေးရဲ့ အစိုးရ အဖွဲ့ထဲမှာ ဘာရာထူးမှ ယူမထားပေမယ့် သမ္မတပတ်ဂွမ်ဟေးကို နောက်ကွယ်ကနေ အနီးကပ်အ ကြံပေးနေသူအဖြစ် လူသိများပါတယ်။ အကြံပေးတယ်ဆိုတဲ့နေရာ မှာလည်း ဒီကနေ့ ဘာအဝတ်အစား ဝတ်သင့်တယ်ဆိုတာမျိုးကနေ သမ္မတရဲ့မိန့်ခွန်းမှာ ဘာတွေပါသင့်တယ်ဆိုတာမျိုးအထိ ပါတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သမ္မတ ပတ်ဂွမ်ဟေးအနေနဲ့ ဘာလို့များ ဒီလောက်အထိ လူတစ်ယောက်ကို အတွင်းကျကျယုံစားနေခဲ့ရသလဲ ဆိုတာ စဉ်းစားဖို့ကောင်းတဲ့အချက်တစ်ခုပါ။ ဒါကို နားလည်ဖို့ကတော့ ပတ်ဂွမ်ဟေးရဲ့ငယ်ဘဝအထိ လိုက် ပြီးသိအောင် လုပ်ရမယ့် အနေအ ထားရှိပါတယ်။ ငယ်စဉ်ဘဝက တည်းက မိဘနှစ်ပါး ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ အခြေအနေမှာ အားကိုးရာမဲ့နေခဲ့တဲ့ ပတ်ဂွမ်ဟေး အနေနဲ့ မိဘမေတ္တာရင်ခွင်ကို ဘယ်လောက်တောင့်တခဲ့မလဲ ဆို တာ တွေးကြည့်နိုင်ပါတယ်။ ဒီနေ ရာမှာ ဘဝတစ်ပါးက မိခင်ဖြစ်သူနဲ့ ပတ်ဂွမ်ဟေးကို ဆက်သွယ်ပေးနိုင် တယ်ဆိုတဲ့ အကြားအမြင်ဆရာ ဒါမှမဟုတ် ဘိုးတော်လို လူတစ် ယောက် ပေါ်လာခဲ့ပါတယ်။ သူက တော့တခြားမဟုတ် ချွိုင်ဆွန်ဆီးလ် ရဲ့ဖခင်ပါပဲ။ ဖခင်ဖြစ်သူက ပတ် ဂွမ်ဟေးရဲ့ အားထားယုံကြည်စရာ ဖြစ်လာတော့ သမီးဖြစ်တဲ့ ချိုင်ဆွန်ဆီးလ်နဲ့လည်း ရင်းနှီးတဲ့ သူငယ် ချင်းဖြစ်လာရတာ မဆန်းပါဘူး။ ပတ်ဂွမ်ဟေးလို အသက်ငယ်ငယ် နဲ့ လောကဓံကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့သူမျိုးတွေဟာ အပြင်မှာ စိတ်ဓာတ်ခက်ထန်ပုံပြသကြပေ မယ့် အတွင်းမှာတော့ ပျော့ကွက် တွေ ရှိနေတတ်တာ ဓမ္မတာပါပဲ။ သူတို့အားငယ်တဲ့အခါ စိတ်ဆင်း ရဲတဲ့အခါ ရင်ဖွင့်စရာ တိုးတိုးဖော်တစ်ယောက်ကို ရှာတတ်ကြပါတယ်။ ပတ်ဂွမ်ဟေးအတွက်ကတော့ ချွိုင် ဆွန်ဆီးလ်ဟာ အသင့်တော်ဆုံး တိုးတိုးဖော် ဖြစ်ပါလိမ့်မယ်။
ပြဿနာကတော့ ချွိုင်ဆွန် ဆီးလ်ဟာ သမ္မတ ပတ်ဂွမ်ဟေးရဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုကို အကြောင်းပြုပြီးတော့ ကိုရီးယားနိုင်ငံ ရဲ့ အထင်ကရစီးပွားရေးလုပ်ငန်း ကြီးတွေဆီကနေ သူထူထောင်ထား တဲ့ ပရဟိတလုပ်ငန်းဖောင်ဒေးရှင်း ရန်ပုံငွေလို့ အကြောင်းပြကာ ငွေ တွေအမြောက်အမြား အတင်းအကျပ် အလှူခံခဲ့တယ်ဆိုတဲ့ကိစ္စ လူ သိရှင်ကြားဖြစ်လာခဲ့တာပါပဲ။ ချွိုင်အဓမ္မအလှူခံခဲ့တယ်ဆိုတဲ့ လုပ်ငန်းကြီးတွေထဲမှာ ကမ္ဘာ့အဆင့်ဝင်ဖြစ်တဲ့ ဆမ်ဆောင်းတို့၊ အက်စ်ကေ တို့လို ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာ ကုမ္ပဏီကြီးတွေနဲ့ စားသောက်ကုန်နဲ့ ဟိုတယ်လုပ်ငန်းပိုင်ရှင်ဖြစ်တဲ့ ‘လောတေး’ ကုမ္ပဏီတို့လို တကယ့်နာမည်ကြီးတွေ ပါဝင်ပြီး စုစုပေါင်း ဒေါ်လာသန်း ၇ဝ ဖိုးလောက်အထိ အလှူခံခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတပတ်ဂွမ်ဟေးပါ သူ့သူငယ်ချင်းနဲ့ ကြံရာပါဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေ ကျယ်ပြန့်လာပြီး လူထုအြုံ<ွက ဆန္ဒပြမှုတွေ တိုးပွား လာပါတယ်။ ပထမတော့ ချွိုင်ဆွန်ဆီးလ်ကို ဦးတည်ပစ်မှတ်ထားရာကနေ နိုင်ငံရေးပယောဂတွေ ဝင်လာတော့ သမ္မတပတ်ဂွမ်ဟေးက အဓိက ပစ်မှတ်အဖြစ် ပြောင်းလာ ခဲ့ပါတယ်။ ဒီပြဿနာပြေလည် သွားအောင် လူထုရဲ့ အမျက်ဒေါသတွေကို ဖြေသိမ့်ဖို့ သမ္မတ ပတ်ဂွမ်ဟေးဟာ သမ္မတအကြံပေးတွေနဲ့ တရားရေးမှာ တာဝန်ရှိသူတွေကိုပါ တာဝန်က ရပ်စဲတာမျိုးတွေ လုပ်ခဲ့ ပေမယ့် ပြဿနာမီးပွားက တောမီးလောင်သလို အရှိန်ပြင်းပြင်းနဲ့ ကြီးထွား တောက်လောင်လာခဲ့ပါ တယ်။ ၁၉၈၇ ခုနှစ် ဒီမိုကရေစီ အရေးအခင်း နောက်ပိုင်း လူအင် အားအများဆုံး ဆန္ဒြပမှုအဖြစ်နဲ့ ဆိုးလ်မြို့တော်မှာ လူပေါင်းသန်းနဲ့ ချီပြီး ဆန္ဒပြတာမျိုးတွေ ဖြစ်လာခဲ့ ပါတယ်။ နောက်ဆုံးရက်သတ္တ ငါး ပတ်လောက် ကြာလာတဲ့အခါမှာ တော့ မူလတုန်းက တင်းခံနေခဲ့တဲ့ သမ္မတ ပတ်ဂွမ်ဟေးဟာ ”လွှတ်တော်က သူ့ရဲ့သက်တမ်းကို ဆုံးဖြတ်တဲ့အတိုင်းနာခံပါမယ်။ သမ္မတရာထူးက အခုထွက်ဆိုရင်လည်း ထွက်ပေးပါမယ်” ဆိုပြီး ပြောလာရတဲ့ အဆင့်ကို ရောက်သွားခဲ့ရ ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုမျိုး အခြေအ နေတွေက မြန်မြန်ဆန်ဆန်ကြီး ဖြစ်ပျက်ပြောင်းလဲသွားရသလဲဆိုပြီးစဉ်းစားကြည့်တဲ့အခါ အဓိကအချက်နှစ်ချက်ကို တွေးမိပါတယ်။
ပထမတစ်ချက်ကတော့ ဒီက နေ့ကမ္ဘာမှာ ခေတ်စားလာနေတဲ့ လက်ရှိ အုပ်စိုးသူအသိုက်အဝန်းကို မကျေမနပ် ဆန့်ကျင်လာကြတဲ့(Anti-establishment) စိတ်ဓာတ်ပါ။ လူတွေဟာ အစဉ်အလာအရ နိုင်ငံရေး၊ စီးပွားရေးကို ပူးပေါင်းအုပ်စီးထားတဲ့ ရေပေါ်ဆီ လူတန်းစားတွေရဲ့ ကိုယ်ကျိုးရှာမှုတွေကို အော့နှလုံးနာ လာကြချိန်မှာ ဒီလို ပုံစံမျိုးတွေ ဖြစ်လာကြတာကို ဖိလစ်ပိုင်ရွေးကောက်ပွဲနဲ့ အမေရိကန် ရွေးကောက်ပွဲတွေမှာ တွေ့ရပါတယ်။ တောင်ကိုရီးယားမှာလည်း သမ္မတပတ်ချုံဟီးလက်ထက် က သူကိုယ်တိုင်လည်း အဂတိကင်း ရှင်းတယ်။ ဒေဝူးတို့၊ ဆမ်ဆောင်းတို့လို ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေကို အဓိကအထူးပြုလုပ်ငန်း ကြီးတွေ (Chaebol) အဖြစ် အတင်းအကျပ် ဖိအားပေးတွန်းတင်ခဲ့ပေမယ့် အဲဒီတုန်းက လုပ်ငန်းရှင်ကြီးတွေက ပတ်ချုံဟီးကို ကြောက်တာ ရော၊ သူတို့ကိုယ်တိုင် မျိုးချစ်စိတ်နဲ့ အနစ်နာခံ၊ အပင်ပန်းခံပြီးကြိုးစား ခဲ့ကြတာကြောင့်ရော အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ အဲဒီခေတ် တုန်းကတော့ နိုင်ငံရေးနဲ့ စီးပွား ရေးလုပ်ငန်းတွေ ဆက်စပ်တယ်ဆို ပေမယ့် ဘယ်သူမှ သိပ်ပြီးမစား သာခဲ့ပါဘူး။ လုပ်ငန်းရှင်ကြီးတွေဆိုရင် ပတ်ချုံဟီးက မကြာခဏ ထောင်ထဲထည့်ထားတာမျိုးလည်း ခံရပါသေးတယ်။
ဒီဘက်ခေတ် မျိုးဆက်တွေ မှာတော့ ဒီ (Chaebol) လုပ်ငန်းကြီးတွေဟာလည်း ကမ္ဘာ့အဆင့်အထိ ထိုးဖောက်ပြီး ကျိကျိတက် ချမ်းသာလာတယ်။ နိုင်ငံရေးမှာ လည်း ပါတီစုံ ဒီမိုကရေစီ တွေရဲ့ ထုံးစံအတိုင်း ငွေကြေးနိုင်ငံရေး ဖြစ်လာပါတယ်။ ဘယ်လောက်ပဲ အဂတိကင်းရှင်းတယ် ဆိုဆို နိုင်ငံ ရေးပါတီတစ်ခုပဲဖြစ်ဖြစ်၊ နိုင်ငံရေး သမား တစ်ဦးပဲဖြစ်ဖြစ် ရွေး ကောက်ပွဲမှာ နိုင်ချင်ရင် မဲဆွယ် အသုံးစရိတ်တော့ ရှာကြရတာပါပဲ။ စီးပွားရေးသမား ဆိုတာက လည်း နိုင်ငံရေးသမား အာဏာပိုင် တွေကို အိတ်ထဲ ထည့်ထားဖို့ လို တာမို့ ရွေးကောက်ပွဲ ရန်ပုံငွေ အတွက်ဆို ရက်ရက်ရောရော ပေးကမ်းလှူဒါန်းကြတာပါပဲ။ ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အနေနဲ့လည်း ဒီနည်းလမ်းနဲ့ ပဲ နိုင်ငံရေးမှာ ငွေနဲ့ပေါက်ပြီး ကြိုးကိုင်လာခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အာဏာရအစိုးရနဲ့ အတိုင်အဖောက်ညီညီ လုပ်ငန်းကြီးတွေ ရပြီးတော့ ကြီးပွားသည် ထက်ကြီးပွားနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုးတွေ ဟာ သာမန်လူထုအတွက်တော့ မျက်စိဆံပင်မွေး စူးစရာဖြစ်လာ ခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်အကုန် လောက်ကပဲ ကိုရီးယား လေကြောင်းကုမ္ပဏီ ဥက္ကဋ္ဌရဲ့သမီးဟာ လေယာဉ်ပေါ်မှာ သူအဆာပြေ စားဖို့ မက္ကာဒေးမီးယား အစေ့လှော်ကို ပန်းကန်ပြားနဲ့ ချမပေးဘဲ ဒီအတိုင်း အိတ်နဲ့ချပေးရပါမလားဆိုပြီး လေယာဉ်မယ်ကို ချက်ချင်း အလုပ်ထုတ်၊ လေယာဉ်အမှုထမ်း တာဝန်ခံကိုလည်း ဒူးထောက် တောင်းပန်ခိုင်း စတဲ့ မောက်မာတဲ့ အပြုအမူတွေ လုပ်ခဲ့လို့ လူတွေက မကျေမနပ်ဖြစ်ပြီး မျက်ရည် လည်ရွဲနဲ့ တောင်းပန်တာတောင်မရဘဲ နောက်ဆုံးမှာအမှုဖြစ် ထောင်ကျသွားရတဲ့ အဖြစ်အထိ ရောက်သွားခဲ့ဖူးပါတယ်။ ဒီလို လူ့မလိုင်အလွှာတွေကို နည်းနည်း လေးမှ သည်းမခံနိုင်လောက်အောင် မုန်းတဲ့အမုန်းတရားကပဲ ပတ်ဂွမ်ဟေးကို ဒုက္ခပေးသွားခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ ‘ချစ်လုံးလုံး၊ မုန်းလျားလျား’ ဆိုတာလို စိတ်ဓာတ်ပြင်းထန်လွန်းတဲ့ ကိုရီးယားလူမျိုးတွေရဲ့ စိတ်နေစိတ်ထား စရိုက်ကြောင့်ပဲ ဖြစ်မယ်ထင်ပါ တယ်။ ဒီလို စရိုက်မျိုး ဖြစ်လာရ တာကလည်း ရာသီဥတုက ပြင်း ထန်၊ သယံဇာတက ရှားပါးပြီး သမိုင်းတစ်လျှောက် တရုတ်နဲ့ ဂျ ပန်တို့ရဲ့ ရန်ပြုမှုကို အစဉ်သတိ ထားနေရတဲ့ ဘဝပေးအခြေအနေတွေက တွန်းပို့ခဲ့ပုံ ရပါတယ်။ မုန်းပြီဆိုရင်တော့ တောင်နဲ့မြောက်ကို ရီးယားလို သွေးတူ၊ သားတူ ဆွေ မျိုးချင်းတောင်မှ အသေအကျေ စစ်တိုက်ခဲ့ကြသူတွေပါ။ အခုအ ချိန်အထိ တစ်ဖက်နဲ့တစ်ဖက် ဘယ်လောက်တင်းမာသလဲ ဆို တာသိချင်ရင် နှစ်နိုင်ငံနယ်စပ် စစ် မဲ့ဇုန်က ပန်မွန်ဂျုံရွာ ဆုံမှတ်နေရာ ကို သွားလည်ကြည့်ရင် သိပါလိမ့် မယ်။ တောင်ကိုရီးယားအချင်းချင်း လည်းဒီလိုပဲ။ သူ့အုပ်စု၊ ကိုယ့်အုပ် စုတွေအကြား တင်းမာမှုတွေက ပြင်းထန်တတ်ကြပါတယ်။ တောင် ကိုရီးယား သမ္မတတွေရဲ့ ဘဝနိဂုံး ကိုကြည့်ရင်လည်း ထောင်ကျသူ ကျ၊ သေဒဏ်ကျသူကျ၊ အနားယူ ပြီးမှ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားသူသွားနဲ့ သိပ်အစဉ်အလာ မကောင်းတာ တွေ့ရပါတယ်။
ဘာပဲဖြစ်ဖြစ်၊ ကိုရီးယားသမ္မ တပတ်ဂွမ်ဟေးရဲ့ နိုင်ငံရေးအရင်း အနှီး ရုတ်တရက် လျော့ပါးကွယ် ပျောက်သွားရမှာနဲ့ ဘဝအတက် အကျကတော့ သံဝေဂယူစရာပါပဲ။ အနန္တသူရိယအမတ်ကြီးရဲ့ ‘ရွှေ အိမ်နန်းနှင့် ကြငှာန်းလည်းခံ၊ မတ် ပေါင်းရံ၍၊ ပျော်စံရိပ်ငြိမ်၊ စည်း စိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်’ ဆိုတဲ့ မျက်ဖြေလင်္ကာကိုသွားပြီး သတိရမိကြောင်းပါခင်ဗျား။
ကိုကိုလှိုင်
http://www.popularmyanmar.com/popularnews/archives/26989
Post a Comment