0



လှိုင်သာယာမြို့နယ် ၊ သမကုန်းအဝိုင်းအနီး ၊ ၈၆ဂိတ်ဟောင်း ၊ ဆရာစံလမ်းပေါ်မှာ ကယ်ရီဆိုင်ကယ်စီးလာတဲ့ အဖွားတစ်ဦး (ခန့်မှန်းအသက်-၇၀ နှစ်ဝန်းကျင်) ပြုတ်ကျဒဏ်ရာရပြီး သတိမေ့နေကြောင်း ဆက်သွယ်အကြောင်းကြားလာတာကြောင့် ကျွန်တော်တို့ သွားရောက်ခဲ့ကြပါတယ် ။ ဆိုင်ကယ်ကယ်ရီသမားကတော့ လူပြုတ်ကျသွားတာကို အလေးမထားဘဲ မောင်းပြေးသွားတယ်လို့သိရပါတယ် ။ ကျွန်တော်တို့ရောက်တော့ အဲဒီအဖွားကသွေးထွက်လွန်နေပြီး သတိလဲမေ့နေပါတယ် ၊ ဒဏ်ရာကလဲအတော်ပြင်းပါတယ် ၊ ကျွန်တော်တို့အသင်းဝင်တွေလဲ အစွမ်းကုန်ပြုစုဆောင်ရွက်ပေးကြသလို ဆေးရုံကိုအမြန်ဆုံးရောက်ရှိအောင် ကြိုးစားမောင်းနှင်ခဲ့ပါတယ် ။ အမည်မသိ ၊ နေရပ်မသိပေမယ့် အဲဒီအဖွားကို ရန်ကုန်ဆေးရုံကြီးကို အချိန်မှီ ပို့ဆောင်အသက်ကယ်တင် ကူညီပေးခဲ့နိုင်ပါတယ် ။ ကားပေါ်မှာလဲ သွေးတွေအများကြီးကျန်ခဲ့တာကြောင့် အသင်းဝင်တွေ သန့်ရှင်းရေး ဆက်လုပ်ခဲ့ကြပါတယ် ။
ERSSDO-ရေး.ကယ်.ထောက်.ကူ
(အရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်း)
၂၄နာရီ / အခမဲ့ကူညီသည်
၀၉ ၃၂၂၃၇၈၇၈
၀၉ ၂၆၀၀၁၃၂၇၃
၀၉ ၂၆၀၀၁၃၂၇၈
Credit- Zwe Yan Naing ERSSDO ရေး ကယ် ထောက် ကူ


Lwin Oo

Post a Comment

 
Top