Byပြည်သိမ်းOn Sun, 2016-01-03
သီလဝါအထူးစီးပွားရေးဇုန် ပထမအဆင့် ဖွင့်လှစ်စဉ် (ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
ဂျပန်နိုင်ငံနှင့် အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်နေသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ရင်းနှီးမြှုပ်နှံလိုသူများသဖြင့် အစု ရှယ်ယာများ ရောင်းချပြီး တစ်နှစ် နှင့် ကိုးလကြာမြင့်ချိန်တွင် အစု ရှယ်ယာတန်ဖိုး ခြောက်ဆကျော် မြင့်တက်လာကြောင်း သတင်း ရရှိသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အစုရှယ်ယာများကို အများပြည် သူသို့ တစ်စုလျှင် ကျပ်တစ် သောင်းဖြင့် ၂၀၁၄ မတ်လ ၃ ရက်မှ ဧပြီ ၉ ရက်အထိ ၃၇ ရက်ကြာ ရောင်းချခဲ့သည်။ ထို့နောက်တစ် နှစ်နှင့် ကိုးလကြာမြင့်ချိန်တွင် အစုရှယ်ယာတန်ဖိုးသည် တစ်စုလျှင် ကျပ် ၆၂,၀၀၀ ထိ မြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိ အစုရှယ်ယာများ ကို ပြင်ပတွင် ၀ယ်ယူခြင်းသည် စွန့်စားမှုတစ်ခုဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်များက ပြော သည်။ စတော့အိတ်ချိန်းတွင် တရားဝင် ရောင်းဝယ်ခွင့်ပြုပါက အီလက်ထရွန်နစ်စနစ်ကို ပြောင်းလဲရမည် ဖြစ်သည်။ လက်ရှိ အစုရှယ်ယာ လက်မှတ်များကို မူလအမည်ပေါက်သူများသာ စတော့အိတ်ချိန်းတွင် တရားဝင်မည်ဖြစ်သောကြောင့် လက်လွှဲဝယ်ယူ ထားသူများအနေဖြင့် အမည်ပြောင်းလဲမှုများ စနစ်တကျ ပြုလုပ်ထားသင့်ကြောင်း မြန်မာသီလ၀ါအထူးစီးပွားရေးဇုန် ဟိုးဒင်းအများပိုင်ကုမ္ပဏီလီမိတက်(MTSH)မှ ဒါရိုက်တာတစ်ဦးက ပြောသည်။
‘‘အခု ရှယ်ယာလွှဲပြောင်း ရောင်းချမှုတွေက တရားမ၀င် သေးဘူး။ စတော့အိတ်ချိန်းမှာ ရောင်းဝယ်မှ တရားဝင်လာမှာပါ’’ ဟု ၎င်းကပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အစုရှယ်ယာများကို စတော့အိတ် ချိန်းမဖွင့်မီက မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း (UMFCCI) တွင် အရောင်းအ၀ယ်ပြုလုပ်ခွင့် ပေးခဲ့သည်။ သို့သော် ရန်ကုန် စတော့အိတ်ချိန်း ဖွင့်လှစ်ပြီး နောက် UMFCCI တွင် ရှယ်ယာရောင်းဝယ်မှု ပိတ်သိမ်းခဲ့သည်။
ရန်ကုန် စတော့အိတ်ချိန်း ကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်း နှင့် ကုန်သည်လမ်းပေါ်ရှိ ယခင် မြ၀တီဘဏ်ရုံးအဟောင်း၌ ဖွင့်လှစ်ခဲ့သည်။ လက်ရှိတွင် စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီ ခြောက်ခုရှိသည်။ မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေး ရှင်း (MAPCO)၊ FMI အများပိုင်ကုမ္ပဏီ၊ GREAT HOR KHAN အများပိုင်ကုမ္ပဏီ၊ ပထမ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံ သားများဘဏ် အများပိုင်ကုမ္ပဏီနှင့် သီလ၀ါအများပိုင်ကုမ္ပဏီတို့ ဖြစ်ကြသည်။
စတော့အိတ်ချိန်းတွင် အစု ရှယ်ယာများ ရောင်းဝယ်မှုကို ၂၀၁၆ နှစ်ဆန်းပိုင်း၌ ပြုလုပ်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင် မောင်သိမ်းက ပြောကြားထား သည်။
စတော့အိတ်ချိန်းတည် ထောင်ပြီးနောက် တရားမ၀င်ရှယ် ယာရောင်းဝယ်မှုများ ပြင်ပတွင် လုပ်ကိုင်ပါက ထောင်ဒဏ်ငါးနှစ် ချမှတ် အရေးယူနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောသည်။
‘‘အရောင်းအ၀ယ်လုပ်တာ နဲ့ ထောင်ငါးနှစ်ချတယ်ဆိုတော့များတယ်လို့ ပြောတယ်။ ဒါပေမဲ့ အများပြည်သူတွေရဲ့ ငွေကြေး လုံခြုံရေးကြောင့် ဒီလိုဥပဒေမှာ ထည့်သွင်းရေးဆွဲထားတာ’’ ဟု ၎င်းကပြောသည်။ ငွေချေးသက် သေခံလက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ဥပဒေတွင် စ တော့အိတ်ချိန်း၌ မှတ်ပုံမတင် ထားဘဲ ပြင်ပတွင် ငွေချေးသက် သေခံလက်မှတ်ကို အရောင်းအ ၀ယ် ပြုလုပ်ပါက ထောင်ဒဏ်ငါး နှစ်ဖြစ်စေ၊ ငွေဒဏ် ကျပ်သိန်း ၅၀ ဖြစ်စေ၊ ဒဏ်နှစ်ခုစလုံးဖြစ်စေ ပြစ်ဒဏ်ပေးနိုင်ကြောင်း ထည့် သွင်းရေးဆွဲထားသည်။
ရင်းနှီးမြှုပ်နှံမှုများစွာ ၀င် ရောက်လာရန် အလုပ်အကိုင် အ ခွင့်အလမ်းကောင်းများ ဖန်တီး ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံ ၍ သီလ၀ါအထူးစီးပွားရေးဇုန်ကို စက်တင်ဘာ ၂၃ ရက်တွင် ဖွင့် လှစ်ခဲ့သည်။
သီလ၀ါအထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများက ရှယ်ယာ ၄၉ ရာခိုင် နှုန်းနှင့် မြန်မာနိုင်ငံမှ အများပိုင် ကုမ္ပဏီကိုးခု စုပေါင်းထားသည့် မြန်မာသီလ၀ါ အထူးစီးပွားရေး ဇုန် ဟိုးဒင်းအများပိုင်ကုမ္ပဏီလီ မိတက် (MTSH)တို့က ရှယ်ယာ ၅၁ ရာခိုင်နှုန်းပါဝင်သည်။
http://www.7daydaily.com/
Post a Comment