ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင် အမှတ်(၆) ဗောတံတားရှေ့ Vintage Luxury Yach Hotel အရှေ့ကိုက် (၁၀၀) ခန့်အကွာ ရေစပ်တွင် ကျရေနှင့်အတူ အလောင်းတစ်လောင်း မျောပါလာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းမှတ်တမ်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယခုလ (၁၉) ရက်နေ့က ဟိုတယ် လုံခြုံရေးမှူးက အကြောင်းကြားသဖြင့် ဒုရဲမှူးဗလင်းက သက်သေများနှင့် သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ (အမည်မသိ ၊လိပ်စာစုံစမ်းဆဲ) အသက် (၄၀) ခန့် အမျိုးသားတစ်ဦး ဖြစ်ကြောင်း၊ အလောင်းမှာ ပုပ်ပွကာ ဗိုက်ပွင့် အူထွက်လျက်ရှိကြောင်း တွေ့ရ၍ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရာ PR-034 ဖြင့် လက်ခံထားပြီး ရေနစ်သေဆုံးခြင်းဟုတ်၊ မဟုတ်၊ ဗိုက်ပွင့်ဒဏ်ရာသည် သေဆုံးပြီးမှ ရခြင်းဟုတ်၊ မဟုတ် စစ်ဆေးပြန်ကြားပေးရန် မေးမြန်းခဲ့သည်။
အလောင်းတွေ့ရှိသော နေရာသည် စက်တပ်သမ္ဗန်များ ဖြတ်သွားရာ ဗိုလ်တထောင် သမ္ဗန်ဆိပ်အနီးဖြစ်၍ ရေထဲပုတ်ပွ မျောပါလာစဉ် စက်တပ်သမ္ဗန်နှင့် ထိခိုက်နိုင်ခြင်း၊ အပေါ်ယံ အရေပြားကွဲကြောင်း တွေ့ရသဖြင့် ယခင်ဗိုက်ခွဲ၍ ချုပ်ထားသော ဒဏ်ရာဟောင်းကြောင့် ဗိုက်ပွင့်ထွက်ခြင်း ဖြစ်နိုင်ကြောင်း စုံစမ်းသိရသည်။
ထို့ကြောင့် သေမှုသေခင်းအမှတ်စဉ် (၂၅/၂၀၁၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
http://messengernewsjournal.com/
Post a Comment