0

ရွှေရည်ဝင်းထက်၊ ခင်မမအောင်၊ ညီတူး ရေးသည်
မနက်ဖြန် ဇန်နဝါရီ ၄ ရက်သည် (၆၈)နှစ်မြောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည်။ တစ် နည်းအား အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့၏ လက်အောက်မှ လွတ်မြောက်ခြင်း (၆၈)နှစ်ပြည့်မြောက် အထိမ်းအမှတ် နေ့ ဖြစ်ပါသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နံနက် ၄နာရီ မိနစ်၂ဝတွင်ကြေညာခဲ့သော လွတ်လပ်ရေးနေ့ သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသော တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅မျိုးတို့ နှင့် သက်ဆိုင်ပါသည်။
ခေတ်အဆက်ဆက် ဖြစ်တည်ခဲ့ပါသော အ စိုးရမင်းများသည် ယင်းလွတ်လပ်ရေးနေ့အတွက် ဗိုလ် ရှုသဘင် အခမ်းအနားများအပါအဝင် ပျော်ပွဲရွှင်ပွဲအစုံ အလင်ကို ခွင့်ပြုပေးခဲ့ပါသည်။ မည်မျှခွင့်ပြုခဲ့သလဲဆို လျှင် လွတ်လပ်ရေးနေ့နှင့် လျှောတိုင်တက်ပွဲ၊ လွတ်လပ် ရေးနေ့နှင့် ခေါင်းအုံးရိုက်ပွဲ၊ လွတ်လပ်ရေးနေ့နှင့် မုန့်စား ပြိုင်ပွဲ၊ လွတ်လပ်ရေးနေ့နှင့်ဘောလုံးပွဲ စသဖြင့်သို့သာ လူငယ်လူရွယ်များအပါအဝင် ပြည်သူအများကတွဲဖက် ရှုမြင်နေကြပါပြီ။ သို့သော် လွတ်လပ်ရေး၏စစ်မှန်သော အနှစ်သာရ၊ လွတ်လပ်ရေးအတွက် ခံစားစံစားခွင့်တွေ ကို မြန်မာပြည်သူလူထုကြီးက တကယ်ရရှိခဲ့ပါသလားဆို လျှင်တော့ အများစုက တွေဝေငေးမောကာ ဝေခွဲရခက် နေကြဟန်တူပါသည်။
မိမိတို့ဖလားဝါးနယူးစ်မှ တွေ့ဆုံမေးမြန်းဖြစ် ခဲ့သော သတင်းအရင်းမြစ်များ၏ အဆိုအရတော့ တိုင်း တစ်ပါးသားလက်အောက်မှ လွတ်လပ်ရေးရခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီအောင် ကြာမြင်ခဲ့ပြီမှန်သော်လည်း မြန် မာပြည်သူလူထုကတော့ ထိုလွတ်လပ်ရေး၏ ခံစားစံစား ခွင့်တွေကို အပြည့်အဝမရရှိသေးကြောင်း သုံးသပ်ကြပါ သည်။
အသက် ၈ဝ ကျော်ပြီဖြစ်သည့် ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌဦးသုဝေက ''လွတ်လပ်ရေးရပြီး ငြိမ်းချမ်းရေးမရှိတော့ လွတ်လွတ်လပ်လပ်ထူထောင်မှု မရှိတော့ဘူး။ လွတ်လပ်ရေးကိုမခံစားနိုင်ကြဘူး။ လွတ် လပ်ရေးတော့ရပါရဲ့၊ လွတ်လပ်ရေးအရသာ လွတ်လပ် ရေးခံစားမှုတွေကို ခံစားလို့မရတော့ဘူး'' ဟု ဆိုပါသည်။
ဦးသုဝေသည် လွတ်လပ်ရေး မရရှိသေးခင် ၁၉၄၆ ခုနှစ် ပတ်ဝန်းကျင်လောက်တွင် အသက်(၁၅)နှစ်အရွယ်သာရှိသေးသော်လည်း လွတ်လပ်ရေးအတွက် ကိုယ် တိုင်တိုက်ပွဲဝင်ဖို့အတွက် ကျောင်းသားသပိတ် သို့ ဝင်ရောက်လှုပ်ရှားခဲ့သူဖြစ်ပါသည်။ သူ့ကျွန်ဘဝ၊ တိုင်းတစ်ပါးသား၏ စီမံအုပ်ချုပ်ခံဘဝမှ မလွတ်မြောက် သေးသည့်အတွက် နိုင်ငံရေးအရရော၊ စီးပွားရေးအရ ပါ ဘာအာဏာမှမရှိသဖြင့် ¤င်းနိုင်ငံရေးအာဏာနှင့် စီးပွားရေးအခွင့်အလမ်းများကို ပြန်လည်ရရှိရန် ရုန်း ကန်လှုပ်ရှားခဲ့သည်က လွတ်လပ်ရေး၏ ကြီးမားသော တန်ဖိုးဖြစ်သည်ဟု ဦးသုဝေကဆိုပါသည်။
''လွတ်လပ်ရေးရဲ့တန်ဖိုးက မလွတ်လပ်တော့ မှ ပိုသိတယ်။ လွတ်လပ်ရေးက လူ့ဂုဏ်သိက္ခာအရရော၊ တိုင်းပြည်ဂုဏ်သိက္ခာအရရော အဖိုးတန်ပါတယ်''
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိပြီး လွတ်လပ် ရေးသာရရှိလျှင် အားလုံးအဆင်ပြေမည်ဟုသူ့အနေဖြင့် ထင်မြင်ယူဆမိခဲ့သော်လည်း လက်တွေ့အခြေအနေတွင် တက်တက်စင်အောင် လွဲခဲ့သည်ဟု ¤င်းက ပြန်ပြောပြ သည်။ ''ကံဆိုးချင်တော့ လွတ်လပ်ရေးရတာနဲ့ တိုင်း ပြည်မှာ လက်နက်ကိုင်သူပုန်ထသူတွေ ရှိလာကြတယ်။ လူတွေကဘာဖြစ်သွားလဲဆိုတော့ ဂိုဏ်းဂဏဝါဒလူမျိုး စွဲတွေကြောင့် အာဏာကိုရယူပြီးတော့ ပဋိပက္ခတွေဖြစ် လာကြတယ်။ ကိုယ့်တိုင်းပြည်ကို ထူထောင်ရမယ့်အစား ကိုယ့်တိုင်းပြည်ကို ပြန်ပြီးတော့ ဆိုးအောင်လုပ်သလို ဖြစ်ခဲ့တာ။ အဲဒါကြီးက ဘယ်လောက်ကြာသွားလဲဆို တော့အခုချိန်ထိပဲ''ဟု ဦးသုဝေက သုံးသပ်ပါသည်။
မြန်မာပြည်သူတို့၏ လွတ်လပ်ရေးနေ့သည် တိုင်းတစ်ပါးသားလက်အောက်မှ လွတ်မြောက်ရေးအ တွက် ကိုယ့်တိုင်းပြည်၏အချုပ်အခြာအာဏာကိုဗိုလ် ချုပ်အောင်ဆန်းခေါင်းဆောင်သော နိုင်ငံခေါင်းဆောင် များကတိုက်ယူခဲ့ရသည့် လွတ်လပ်ရေး၏ အထိမ်းအမှတ် နေ့ဖြစ်သည်။ သို့သော် နိုင်ငံအချင်းချင်းကိုပဲ ကြည့်ကြည့်၊ လူတစ်ဦးတစ်ယောက်ချင်းစီကိုပဲ ကြည့်ကြည့် ကိုယ်ယုံ ကြည်ရာကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိရေးနှင့် သူတစ်ပါး ၏ လွတ်လပ်ခွင့်ကိုမထိခိုက်ဘဲ လွတ်လပ်စွာလုပ်ပိုင်ခွင့် ရှိခြင်းသည်ပင် လွတ်လပ်ရေး၊ လွတ်လပ်ခြင်း၏အနှစ် သာရဖြစ်သည်ဟု ကျောင်းသားလူငယ်ခေါင်းဆောင် ကိုဒီငြိမ်းလင်းက မှတ်ယူပါသည်။
သူ့အနေဖြင့် လွတ်လပ်ရေးရပြီးစခေတ်၊ ဗိုလ် ချုပ်နေဝင်း ဦးဆောင်သော တပ်မတော်သားများအုပ်ချုပ် သည့် ခေတ်အခြေအနေတို့ကို ဖြတ်သန်းကြုံတွေ့ခဲ့ရခြင်း မရှိသော်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏စစ်အာဏာရှင်ခေတ်၊ ဒီမိုကရေစီအမည်ခံသော လက်ရှိ သမ္မတ၏ အုပ်ချုပ်မှုလက်အောက်မှာ ကျင်လည်ဖြတ် သန်းခဲ့သည့်တစ်လျှောက်လုံးတွင်တော့ အဆိုပါ တိုင်း တစ်ပါးသားတို့၏ လက်အောက်မှ လွတ်မြောက်ခြင်းဟူ သော လွတ်လပ်ရေး၊ လွတ်လပ်ခြင်း၏ အသီးအပွင့်တွေ ကို တစ်စုံတစ်ရာခံစားရခြင်းမရှိသေးဟု အသက် ၂ဝ ကျော်သာရှိသေးသည့် ကိုဒီငြိမ်းလင်းက နားလည်ထား သည်။
''နှစ်ပေါင်း ၆ဝ ကျော်သွားပြီ။ အစိုးရအဆက် ဆက်သာ ပြောင်းသွားတယ်။ ပြည်သူတွေ တကယ်လွတ် လပ်သွားပြီးလားဆိုတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြော ရရင် ထင်သလောက်ဖြစ်မလာသေးဘူး။ လွတ်လပ်ရေး ရတဲ့ အသီးအပွင့်တွေကိုစီးပွားရေးအပိုင်းမှာရော၊ အ ခြားအပိုင်းတွေမှာရော အခုထိမခံစားရသေးဘူး။ နိုင်ငံ သာ လွတ်လပ်သွားတယ်။ ကိုယ့်အချုပ်အခြာအာဏာ သာ လူတွေရသွားတယ်။ လွပ်လပ်ရေးရဲ့ အသီးအပွင့် တွေကို လူတွေ မခံစားရသေးဘူး''ဟု ၄င်းက ရှုမြင်သည်။
ဒါ့အပြင် လူငယ်လူရွယ်တွေအပါအဝင် ပြည် သူလူထုတစ်ရပ်လုံးက လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေး၏တန်ဖိုးကို သိမြင်အလေးထားလာစေ ဖို့အတွက်လည်း အစိုးရတွေအနေဖြင့် မေ့လျော့နေဟန် တူပါသည်။ သူသတိထားမိသော လူငယ်အများစု၏အမြင်မှာတော့ လွတ်လပ်ရေးနေ့သည် လမ်းတွေ ပိတ် ပြီး ဘောလုံးတွေကန်ခြင်း၊ ပျော်ပွဲရွှင်ပွဲနှင့် သာမန်အစိုးရ ပိတ်ရက်တစ်ခုအဖြစ်သာ သဘောထားကြသည်ဟု ကို ဒီငြိမ်းလင်းက ဆိုပါသည်။
''လွတ်လပ်ရေးရအောင် ပေးဆပ်ခဲ့ရတဲ့ စွန့် လွှတ်ခဲ့ရတဲ့လူတွေရဲ့ အနစ်နာခံစိတ်ဓာတ်နဲ့ လွတ်လပ် ရေးရရှိအောင် ဘယ်လို ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ် ဆိုတာတွေကို ကျွန်တော်တို့လူငယ်တွေ မေ့နေကြပြီ''
ထို့ကြောင့် လွတ်လပ်ရေးရရှိအောင် လှုပ်ရှား ခဲ့သည့် သမိုင်းဖြစ်စဉ်တွေကို ပြည်သူလူထုအကြား ပိုမို ကျယ်ပြန့်စွာသိရှိနိုင်ရန် အစိုးရများအနေဖြင့် လုပ်ဆောင် ပေးသင့်ပြီး လွတ်လပ်ရေးရရှိခြင်း၊ လွတ်လပ်ရေးမရရှိ ခြင်းတို့၏ အခြေအနေများကို ပြည်သူလူထုအတွက် သဘောပေါက်နားလည်စေရန် ကြံဆောင်သင့်သည်ဟု ကိုဒီငြိမ်းလင်းက အကြံပြုပါသည်။
''လာမယ့် ၂ဝ၁၆ မှာရော နောင်နှစ်တွေမှာ ရော နိုင်ငံကို ပိုပြီးတိုးတက်ချင်တယ်။ ဒါကြောင့် လွတ် လပ်ရေးရအောင်ယူခဲ့တဲ့လူတွေရဲ့ နှလုံးသွင်းပြီး တကယ် လွတ်လပ်တဲ့ အနာဂတ်ပန်းတိုင်ကို ရအောင်ကြိုးစား သွားရမှာပါ။ လူငယ်တွေအနေနဲ့ ပေးဆပ်စွန့်လွှတ်ခဲ့သူ တွေရဲ့လုပ်ဆောင်မှုတွေကို အတုယူပြီး ဆက်ကြိုးစား သွားရမှာပါ''ဟု ¤င်းကပြောသည်။
တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည့် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကတော့ မြန်မာပြည်လွတ်လပ်ရေးကြေညာ ချိန်တွင် အသက်ခုနစ်နှစ်အရွယ်သာ ရှိသေးသည်ဟု ဆိုပါသည်။ လွတ်လပ်ရေးအတွက် တစ်တိုင်းပြည်လုံးကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကို ထိုအရွယ်ကတည်းက လေးစားကြည်ညိုခဲ့ရသည်ဟု လည်း ဦးဝင်းထိန်က ပြန်ပြောပြသည်။
''ဗိုလ်ချုပ်အောင်ဆန်းနဲ့အဖွဲ့ လုပ်ကြံခံရတဲ့ အချိန်တုန်းကလည်း ကလေးပီပီ ခံစားခဲ့ရတာပဲ။ အဲဒီ လိုအသက်တွေ ချွေးတွေရင်းပြီးမှ ရတဲ့လွတ်လပ်ရေးမို့ တန်ဖိုးတော့ထားတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအကွဲ အပြဲတွေနဲ့ မဆလအပြီး တပ်မတော်လက်ထက်ရောဆို ရင် နှစ်ပေါင်းလေးငါးခြောက်ဆယ်ကျော်ပြီ။ လွတ်လပ် ရေးအရသာကို ပြည်သူတွေ ကောင်းကောင်းမခံစားရသေး ဘူး''ဟု ဦးဝင်းထိန်က ထင်မြင်သည်။ နောင်လာနောက် သား လူငယ်လူရွယ်များအနေဖြင့်လည်း လတ်တလော အထိုက်အလျောက်လွတ်လပ်မှုတွေ၊ လူမှုရေးလွတ်လပ် မှုတွေနှင့် တခြားသော ယုံကြည်မှုဆိုင်ရာလွတ်လပ်မှု လေးတွေ ဘယ်လိုကြောင့် ရရှိခဲ့သည်ဆိုသည်ကို ပြန် လည်လေ့လာသုံးသပ်သင့်သည်ဟု ၄င်းကအကြံပြုသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ သည့် သူတို့ပါတီအနေဖြင့် အစိုးရအဖွဲ့ကိုရော၊ လွှတ် တော်ကိုပါ ဦးစီးတာဝန်ယူရပြီဆိုလျှင်တော့ အများမျှော် မှန်းထားသည့်အတိုင်း ဒီမိုကရေစီထွန်းကားရေးနှင့် တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးတို့ကို လုပ်နိုင်ဖို့ ရည် ရွယ်ထားသည်ဟု ဦးဝင်းထိန်က ဆိုပါသည်။
မည်သို့ဆိုစေလွတ်လပ်သည့် နိုင်ငံအများစု တွင်တော့ လူထုကိုအခြေခံပြီး တည်ဆောက်ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရှိတတ်သည်။ ကိုယ့်ကြမ္မာ ကို ကိုယ်တိုင်ဖန်းတီးခွင့်ဖြင့် အခြေတည်ထားသည့်အ တွက် လွတ်လပ်မှု၊ တာဝန်ယူမှုအပြည့်ရှိသည်ဟု ဒီမိုက ရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌက ပြောပါသည်။ စစ်တပ် အုပ်စိုးသည့် အာဏာရှင်ခေတ်စနစ်အောက်တွင်တော့ ပြည်သူလူထုသည် သူတို့ပေးသည့် လွတ်လပ်ခွင့်ကိုသာ ရရှိခံစားကြရသည်ဟု ¤င်းက ပြောပါသည်။
အာဏာရှင်စစ်အစိုးရ အုပ်ချုပ်မှုအောက် တွင် ကြီးပြင်းခဲ့ရသူအဖို့ လွတ်လပ်ရေးအရသာထက် အ ကြောက်တရား၏ ခါးသက်မှုကိုသာ ထိတွေ့သိရှိခဲ့ရသည် ဆိုသော ကိုဒီငြိမ်းလင်းကတော့ ထိုအကြောက်တရား မှ လွတ်မြောက်ရာ၊ လွတ်လပ်ခွင့်၊ လွတ်ရာလမ်းဟုမှန်းဆ မိသော ဒီမိုကရေစီကိုသာ လိုချင်သည်ဟု ဆိုပါသည်။
(Flower News Journal, 12-1)
Yangon Media Group

Post a Comment

 
Top