0


ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဖေဖော် ၀ါရီတွင် စတင်ဖွယ်ရှိ သည့် လွှတ် တော်အသစ်သို့ တက်ရောက်မည့် တပ်မတော်သားကိုယ်စား လှယ် အမည်စာရင်းပေးပို့ရန် အ ကြောင်းကြားထားကြောင်း သ တင်းရရှိ သည်။
‘‘တရားဝင်အကြောင်းကြား ထားပြီးပြီ။ ပို့လာတဲ့ စာရင်းကို ကြည့်ပြီး နောက်ကြောင်းလိုက် မယ်။ ရှင်းတယ်ဆိုရင် အသိအ မှတ်ပြုလွှာ ထုတ်ပေးမယ်’’ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်ကပြောသည်။
ဒုတိယအကြိမ်မြောက်လွှတ် တော်အစည်းအဝေးများ (လွှတ် တော်သစ်)ကို ဖေဖော်ဝါရီလဆန်း တွင် စတင်နိုင်ရန် စီစဉ်လျက်ရှိပြီး တပ်မတော်သား ကိုယ်စားလှယ်များနှင့် ရွေးကောက်ခံ ကိုယ်စား လှယ်များကို ကိုယ်စားလှယ် အသိ အမှတ်ပြုလွှာများ ယခုလအတွင်း ထုတ်ပေးမည်ဖြစ်ကြောင်း ကော်မ ရှင်မှ သိရသည်။
‘‘လက်ရှိလူစာရင်းကို အ ပြောင်းအလဲ သိပ်မလုပ်လောက် ဘူးလို့ထင်တယ်။ ကျွန်တော်တို့ သိသလောက်တော့ သာမန်အား ဖြင့် တပ်မတော်သားကိုယ် စား လှယ်အပြောင်းအလဲလုပ်ရင် ရာ ထူးတိုးတာတို့၊ ပြောင်းရွှေ့တာတို့ လောက်ပဲရှိတာများပါတယ်’’ဟု ၎င်းကပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ ပြည်သူ့လွှတ်တော်၊ အ မျိုးသားလွှတ် တော်နှင့် တိုင်းဒေ သကြီး၊ ပြည်နယ်လွှတ်တော်အသီးသီး၌ တပ်မတော်သား ကိုယ် စားလှယ် ၂၅ ရာခိုင်နှုန်းအလိုအ လျောက်ရရှိမည်ဖြစ်ပြီး တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ရမည်ဖြစ် သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့သည် သမ္မတလောင်း တစ်ဦးတင်မြှောက်ခွင့်ရရှိမည် ဖြစ်သည်။ ပထမအကြိမ် မြောက် ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်က တင်မြှောက်ခဲ့ သည့် သမ္မတလောင်းမှာ သီဟ သူရဦးတင်အောင်မြင့်ဦးဖြစ်ပြီး ဒုသမ္မတ (၁)အဖြစ် ပြည်ထောင် စုလွှတ်တော်က ရွေးချယ်ခဲ့သည်။ ၂၀၁၂ တွင် ကျန်းမာရေးအရ သီ ဟသူရဦးတင်အောင်မြင့်ဦး အ နားယူပြီးနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ် ကြီး ဉာဏ်ထွန်းအား တပ်မတော် သား ကိုယ်စားလှယ်များက ဒု သမ္မတအဖြစ် တင်မြှောက်ခဲ့ သည်။
လွှတ်တော်အသစ်သို့ တက်ရောက်မည့် ရွေးကောက်ပွဲအနိုင်ရပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းကို လွှတ်တော် ရုံးက တောင်းခံခဲ့သည်။
7Day News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top