ရန်ကုန်၊ ဒီဇင်ဘာ ၂၇
၂၇.၁၂.၂၀၁၅ ရက်နေ့ ၁၃၄၅ အချိန်ခန့်တွင် စမ်းချောင်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် စမ်းချောင်း မြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊
ဦးဝိစာရလမ်းဘေး၊ အထက(၄)စာသင်ကျောင်းဝင်းအနောက်ဘက်၊
ခြံစည်းရိုးဝင်းအတွင်းရှိ အမှိုက်ပုံအနီးတွင် အမျိုးသားတစ်ဦးသေဆုံး
နေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါနေရာတွင် အမျိုးသားတစ်ဦးမှာ ခန္ဓာကိုယ်ပုပ်ပွလျက်၊ ယာဘက်
လက်ဖ၀ါးပေါက်ပြဲ၊ ၀ဲ၊ ယာ တံတောင်ပေါက်ပြဲ၊ ၀ဲ၊ ယာလက်ချောင်းများ
ပွန်းခြစ်၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို
စစ်ဆေးတွေ့ရှိရပါသည်။
၎င်းအမျိုးသားသေဆုံးမှုနှင့်ပတ်သက်၍ စမ်းချောင်းမြို့မရဲစခန်း(ပ)၄၁၁/
၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်း
ဖော်ထုတ်လျက်ရှိပါသည်။
အမှုမှသေဆုံးသူအမျိုးသားမှာ အသက်(၃၅)နှစ်ခန့်ရှိပြီး အရပ်(၅)ပေ၊
(၄)လက်မခန့်ရှိကာ ပုံတွင် ဖော်ပြထားသည့်အတိုင်း ရှပ်အင်္ကျီလက်တို
အဖြူစင်း၊ ပုဆိုးခရမ်းရောင်အကွက်နှင့် ၀ဲဘက် လက်သူကြွယ်တွင်
အစိမ်းရောင်ကျောက်ပါ ငွေလက်စွပ်(၁)ကွင်းအား ၀တ်ဆင်ထား
ကြောင်းနှင့် ၎င်း၏၀ဲဘက်လက်ခုံတွင် ကြယ်ပုံဆေးမင်ထိုးထားကြောင်း
တွေ့ရှိရပါသည်။ (၎င်း၏မျက်နှာ အနေအထားမှာ ပျက်ယွင်းနေသည့်
အတွက် ဖော်ပြနိုင်ခြင်းမရှိပါ။)
အမှုအား ရဲတပ်ဖွဲ့မှစုံစမ်းဖော်ထုတ်လျက်ရှိပြီး သေဆုံးသူအမျိုးသားနှင့်
ပတ်သက်၍ မည်သူမည်ဝါ ဖြစ်ကြောင်းသိရှိနိုင်ရေးအတွက် စုံစမ်းလျက်
ရှိရာတွင် မိဘပြည်သူများမှလည်း သေဆုံးသူအားသိရှိပြီး တစ်စုံတစ်ရာ
သတင်းရရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးခြင်း
ဖြင့် ပူးပေါင်းကူညီနိုင်ပါရန် အသိပေးဖော်ပြအပ်ပါသည်-
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၂၃၀၀၇၄၇
အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၃၇၆၁၆၆
စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး - ၀၁ ၅၃၅၉၀၅
စမ်းချောင်းမြို့မရဲစခန်း - ၀၁ ၅၃၅၁၈၄
Yangon Police
Post a Comment