နေပြည်တော် ဒီဇင်ဘာ ၂၇
လင်းခေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ဒီဇင်ဘာ ၂၄ ရက်က လင်းခေးမြို့ မြို့မအနောက်ရပ်ကွက်ရှိ တင်အေး(ခ)လုံးဝိ၏ တောင်ယာတဲကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ဝဝ ပြား၊ တူမီးသေနတ် နှစ်လက် နှင့် တူမီးသေနတ် ပစ်ခတ်ရာတွင် အသုံးပြုသည့်ခဲသီး ၁ဝ လုံးတို့ကို သိမ်းဆည်းရမိသဖြင့် တင်အေး(ခ)လုံးဝိ (၆၂) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)
Post a Comment