0









နေပြည်တော်၊ စက်တင်ဘာ ၂၈
မြန်မာ့တပ်မတော်(ကြည်း၊ ရေ၊လေ) အရာရှိ/ အခြားအဆင့်(အမျိုးသား/အမျိုးသမီး) များ၏ လက်ရှိအသုံးပြုလျက်ရှိသည့် စစ်ဝတ်စုံများအား နိုင်ငံတကာတပ်မတော်များ၏ ၀တ်စုံများနှင့် အညီဖြစ်စေရေး၊ တပ်မတော်သားများ၏ စိတ်ဓာတ်ပိုမိုမြင့်မားတက်ကြွ စေရေး နှင့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာ ၀တ်ဆင်နိုင်ရေး အသစ်ပြဌာန်းလိုက်သည်။
အသစ်ပြဌာန်းလိုက်သည့် ၀တ်စုံများအား ယှဉ်တွဲပါပုံများအတိုင်း သတ်မှတ်ထားကြောင်းနှင့် အဆိုပါစစ်ဝတ်စုံသစ်များအား အပတ်စဉ် တနလာင်္နေ့တိုင်းတွင် ၀တ်ဆင်ရမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံး ပြောင်းလဲဝတ်ဆင်ကြရမည်ဖြစ်ကြောင်း၊ ပြောင်းလဲရန်ကျန်ရှိသော စစ်ဝတ်စုံများကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် အချိန်မီဝတ်ဆင်နိုင်ရေးအတွက် တပ်များသို့ ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

မြ၀တီ 

Post a Comment

 
Top