0



မေသော် on 2015-09-28 1

ဘယ်အချစ်ရေးမှာမဆို တစ်ဦးနဲ့တစ်ဦး ပိုမိုနီးစပ်ခြင်းကနေ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒီလို နီးစပ်မှုမျိုးရစေဖို့ ဆိုတာကလည်း တစ်ယောက်အကြောင်း တစ်ယောက်တော်တော်လေး သိလာမှပါ။ ဒါပေမယ့် ဒီလိုနီးစပ်ချစ်ခင်မှုတွေ မရခင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ လွဲသွားရင်တော့ အခြေအနေက စိုးရိမ်စရာ ဖြစ်သွားနိုင်တာပေါ့။ နားလည်မှုလွဲစေတဲ့အထဲမှာ တစ်ခါတစ်လေ ကိုယ်အမှုမဲ့အမှတ်မဲ့ ပြောလိုက်တဲ့ စကားတွေကြောင့်လည်း ပါနေတတ်ပါတယ်။ အထူးသဖြင့် သင့်အချစ်ရေးကို ဖျက်ဆီးပစ်နိုင်တဲ့ စကား (၅) ခွန်းရှိပါတယ်။ အဲ့ဒါတွေကတော့


၁။ဘာ့ကြောင့်လဲ။

ဘာလို့လဲ၊ ဘာ့ကြောင့်လဲဆိုတာကတော့ ပြောရတာ လွယ်ပါတယ်။ စကားလေးက တစ်ခွန်းလောက်ပါပဲ။ ဒါပေမယ့် ဘာ့ကြောင့်လဲဆိုတာ တစ်ခါတစ်လေ လူတစ်ဖက်သားကို အခက်အခဲ အဖြစ်စေဆုံး မေးခွန်းဖြစ်နေတတ်ပါ တယ်။ တစ်ဖက်လူကို အမြင်မကြည်တဲ့အခါ ဘာ့ကြောင့်... လဲ ၊ ဘာလို့ ....လဲ စတဲ့မေးခွန်းတွေ ဆက်တိုက်မေးပြီး အခက်အခဲဖဖြစ်သွားအောင် မလုပ်သင့်ပါဘူး။ အဲ့ဒီလို သူ့ကိုပြောမယ့်အစား သင်ဟာ ဘာနဲ့ ဘယ်လိုဆိုတာကို ပြောင်းပြီး ပြောကြည့်လို့ရပါတယ်။ ဥပမာ ဘာ့ကြောင့် ဒါကို ထပ်ခါတလဲလဲ လုပ်နေရတာလဲုလို့ ပြောမယ့်အစား ဘယ်လိုမျိုးဆိုရင် ဒါကို မလုပ်ပဲ နေနိုင်မလဲ ။ ဘာနည်းလမ်းလေးသုံးပြီး ဒါကို အဆင်ပြေအောင် လုပ်မလဲ စသဖြင့်ပြောင်းပြောကြည့်ပါ။

၂။ဒါလုပ်သင့်နေပြီ။

ဒီစကားဟာ တစ်ဖက်လူအတွက်တော့ အမိန့်စကားဆန်နေပါလိမ့်မယ်။ ခပ်တည်တည်တင်းတင်း မပြောဘူးဆိုရင်တောင် တစ်ဖက်လူက ခံစားရနေနိုင်ပါသေးတယ်။ ဒီတော့ ဒီလိုပြောမယ့်အစား ပြောင်းလဲပြောကြည့်ပါ။

ဥပမာ..နင် ဒါကိစ္စလုပ်ပြီဆိုရင် ပိုအာရုံစိုက်သင့်တယ် ဆိုပြီး ပြောမယ့်အစား ငါတို့နှစ်ယောက်အတွက် ဒီကိစ္စလေးကတော့အရေးကြီးလို့ ဆုံးဖြတ်ချက်ချတော့မယ်ဆို အတူတူ စဉ်းစားရင်ကောင်းမလား ဆိုတာမျိုး သူ့တစ်ဦးတည်းကို အပြစ်မတင်ပဲ နှစ်ယောက်တွဲ စဉ်းစားလုပ်ဆောင်တဲ့ပုံမျိုးလေး ပြောကြည့်ပါ။

၃။ တကယ်လို့သာ ......ဆိုရင် ငါတောင်းပန်ပါတယ်။

လူတစ်ယောက်ကို တောင်းပန်တယ်ဆိုရင် အဆုံးထိ တောင်းပန်သင့်လှပါတယ်။ ကိုယ်မှားမှန်းသိရင် ဘာ့ကြောင့်မှားတယ်ဆိုတာ အရင်ရှင်းပြပြီး တောင်းပန်လိုက်တာ အကောင်းဆုံးပါ။  ဒီတော့ ဒီကိစ္စကို ငါမှားတယ်လို့ မင်းထင်နေရင် ငါတောင်းပန်တယ် ဆိုတာမျိုးထက်တော့ ဒီကိစ္စအတွက် တောင်းပန်ပါတယ် ဆိုတာမျိုးက ပိုကောင်းပါတယ်။

၎။နင် ..လုပ်လိုက်ပါလား ။

နှစ်ဦးသား ဆက်သွယ်ဆက်ဆံရေးမှာ ဘာလုပ်လိုက်ပါလား၊ မပြောပဲနေလိုက်ပါလား၊ သွားလိုက်ပါလား ဆိုတာမျိုးက တစ်ဖက်လူ ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားစေတဲ့ စကားတွေပါ။ အကြံဥာဏ်ပေးတာမျိုးဆိုရင် လည်း တစ်ဖက်လူအတွက် စေတနာထားပါတယ် ဆိုတာလေး ပါအောင် ထည့်ပြီးပြောဆိုသင့်ပါတယ်။

၅။မရဘူး အခုချက်ချင်းပဲ။

တစ်ခါတစ်လေ ကိုယ့်ချစ်သူကို နွဲ့ဆိုးဆိုးချင်လို့ ချွဲချင်လို့ ခုချင်းချင်း ဘာပို့ပေး၊ ညာပို့ပေး၊ ဘာလုပ်ပေး ဆိုတာမျိုးကတော့ ကောင်းပါတယ်၊ ဒါပေမယ့် တစ်ခါတစ်လေ မဟုတ်တော့ပဲ သင်ဟာ တစ်ခုခုဆို ခုချက်ချင်းမှ ဆိုတာမျိုးက တစ်ဖက်လူကို တောင်းဆိုရာ မရောက်တော့ပဲ အနိုင်ကျင့်ရာ ရောက်ပါတယ်။ ဒါ့ကြောင့် ခုလို 'မရဘူး ခုချက်ချင်း'ပဲ ဆိုတာမျိုးထက် ဒါလေးအတွက် မိနစ် ၂၀ပဲ အချိန်ရတာမို့ မြန်မြန်လေးတော့ လုပ်ပေးစေချင်တယ် စသဖြင့် သေချာပြောပြတောင်းဆိုတာမျိုးသာ ဖြစ်သင့်ပါတယ်။

Ref:yourtango
http://www.trend.com.mm/

Post a Comment

 
Top