0


မြန်မာသို့ အစ္စရေးက လက်နက်ရောင်းချနေဆဲဖြစ်ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်၏ပြောကြားမှု ပြန်ရုပ်သိမ်းဟုဆို
မြန်မာနိုင်ငံသို့ စစ်လက်နက်များရောင်းချမှုအားလုံးကိုလွန်ခဲ့သောလများစွာကတည်း ကပင် ရပ်နားခဲ့ကြောင်း အစ္စရေးနိုင်ငံခြား ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာသည်။
အစ္စရေးသည် ယခင်က မြန်မာနိုင်ငံသို့ လက်နက်များရောင်းချခဲ့ သည်ဟု ဝန်ခံသော်လည်း လက်နက်များရောင်းချမှု ရပ်တန့်ထားသည်မှာ လများစွာကြာပြီဟု အစ္စရေးက ပြောသည်။
ယင်းကြေညာချက်တွင် လက်နက်များရောင်းချမှုဟုသာ ဖော်ပြ ထားပြီး စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာ(သို့မဟုတ်) စစ်ဘက် လေ့ကျင့်သင်ကြားရေး ဝန်ဆောင်မှုများကဲ့သို့ အခြားသောလုံခြုံရေးနှင့် ဆက်စပ်သည့် ထုတ်ကုန်များကို ခွဲခြားဖော်ပြခြင်းမရှိပေ။
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမောင်မောင်လင်းက Army Radio အသံလွှင့်ဌာနနှင့် ကြာသပတေးနေ့နံနက်က ပြုလုပ် ခဲ့သော တွေ့ဆုံမေးမြန်းမှုတစ်ခု အတွင်း အစ္စရေးက မြန်မာနိုင်ငံသို့လက်နက်များ ရောင်းချနေဆဲဖြစ် သည်ဆိုသော အဓိပ္ပာယ် သက် ရောက်စေသည့် မှတ်ချက်ပေးခဲ့ သည်။ ၎င်း၏ပြောဆိုမှုနှင့်ပတ် သက်၍ အစ္စရေး အစိုးရက ဦး မောင်မောင်လင်းကို ဆင့်ခေါ် ဆွေးနွေးခဲ့ပြီးနောက် ၎င်းက ပြန် လည်တောင်းပန်ခဲ့ကြောင်း သိရ သည်။
ဦးမောင်မောင်လင်းက ၎င်း ပြောဆိုခဲ့သည်များကို ပြန်ရုပ် သိမ်းခဲ့ကြောင်း အာရှပစိဖိတ် ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ချုပ် ဂီလတ်ကိုဟန်က ပြောသည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ် ခဲ့သော ဘင်္ဂါလီပြဿနာနှင့်ပတ် သက်၍ အစ္စရေးက မြန်မာနိုင်ငံသို့ လက်နက်များရောင်းချမှုရပ်တန့် ရေး လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့သည်။
နိုဝင်ဘာ ၂၇ ရက်ညက အစ္စရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ တစ်ဖွဲ့နှင့် လက်ဝဲနှင့်လက်ယာ ယိမ်းပါတီ နှစ်ခုစလုံးက လွှတ် တော်အမတ်အချို့တို့က မြန်မာ နိုင်ငံသို့ လက်နက်များရောင်းချမှု ကို ရပ်တန့်ရေး အစ္စရေးအမျိုး သားလွှတ်တော်အပြင်ဘက်တွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ပြီးခဲ့သည့်လကလည်း အ မေရိကန်နိုင်ငံရှိ ဘာသာရေး ခေါင်းဆောင်ရာပေါင်းများစွာက မြန်မာနိုင်ငံသို့ လက်နက်ရောင်းချ မှုရပ်တန့်ရေး အစ္စရေးထံ တောင်းဆိုသည့် စာတစ်စောင်ကို လက် မှတ်ရေးထိုးပေးပို့ခဲ့သည်။
ထို့အပြင် အစ္စရေးဘာသာ ရေးခေါင်းဆောင်များ၊ လူ့အဖွဲ့အ စည်းခေါင်းဆောင်များကလည်း အလားတူ တောင်းဆိုမှုများပြု လုပ်ခဲ့ကြသည်။
လက်နက်ရောင်းချမှုများကို အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန က တိုက်ရိုက်ကြီးကြပ်ရန် တာဝန် ရှိသော်လည်း နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း အစ္စရေးလက်နက် များကို ဝယ်ယူနိုင်သော နိုင်ငံများ နှင့်ပတ်သက်၍ ဆုံးဖြတ်ရာတွင် အလေးပေးလေ့ရှိသည်။
အစ္စရေး၏ ကာကွယ်ရေး ပစ္စည်းများ ပြည်ပသို့ တင်ပို့မှုကို များစွာ လျှို့ဝှက်ထားပြီး အစ္စ ရေး လုပ်ငန်းများက လက်နက် ရောင်းချသော နိုင်ငံများစာရင်း ကို လျှို့ဝှက်ထားသည်။
၂၀၁၅ အစ္စရေးခရီးစဉ်အပြီး တွင် မြန်မာ့တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က Super Dvora III ကင်းလှည့်ရေယာဉ်ဝယ်ယူမှုကို ကြေညာခဲ့သည်။ ယင်းရေယာဉ် ကို အစိုးရပိုင် အစ္စရေးအာကာသ စက်မှုလုပ်ငန်းက ထုတ်လုပ်ထား ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်က အစ္စရေး ကာကွယ်ရေးပစ္စည်း လုပ်ငန်း TAR Ideal Concepts က သေနတ်ဆက်စပ်ပစ္စည်းများ မြန်မာနိုင်ငံ သို့ ရောင်းချကြောင်း ကြေညာခဲ့ သည်။ စက်တင်ဘာ လဆန်းက အစ္စရေးကာကွယ်ရေးဝန်ကြီး လီ ဘာမန်းက မြန်မာနိုင်ငံသို့ စစ် လက်နက်တင်ပို့မှု လိုင်စင်များ ရပ်ဆိုင်းခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့သည်။
—Ref: The Times of Isarel
http://www.7daydaily.com/story/114534

Post a Comment

 
Top