1


အိန္ဒိယနိုင်ငံကဲ့သို့ ဝင်ငွေနည်းသော၊ ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများတွင် ဆေးဘက်ဆိုင်ရာထုတ်ကုန် ၁၀ ခု၌ တစ်ခုသည် စံမမီ(သို့မဟုတ်) အတုဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ လေ့လာမှုအစီရင်ခံချက်တစ်ခုအရ သိရသည်။
ယင်းဆေးဝါးများသည် ရောဂါများကို မကာကွယ်မကုသနိုင်ရုံ သာမက ရောဂါပြင်းထန်စေခြင်း (သို့မဟုတ်) အသက်သေဆုံးခြင်း ပင် ဖြစ်နိုင်ကြောင်း WHO အစီရင်ခံစာအရ သိရသည်။
စံမမီဆေးဝါးနှင့် ဆေးအတုများသည် အထူးသဖြင့် အထိခိုက်လွယ်ဆုံး လူ့အသိုင်းအဝိုင်းများကို ထိခိုက်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်အဒ်ဟန်နွမ်ဂီဘရီယီဆပ်က ပြောသည်။
၂၀၁၃ ကစ၍ စံမမီသော (သို့မဟုတ်) ဆေးဘက်ဆိုင်ရာပစ္စည်းအတုများနှင့်ပတ်သက်၍ သတင်း ၁,၅၀၀ ရရှိခဲ့ကြောင်း WHO က ပြောသည်။
ယင်းဆေးဝါးများတွင် ငှက်ဖျားကာကွယ်ဆေးနှင့် ပဋိဇီဝဆေးအများဆုံးပါဝင်ကြောင်း သိရသည်။ စံမမီဆေးဝါးများအနက် ၄၂ ရာခိုင်နှုန်းသည် အာဖရိကဒေသ WHO မှလည်းကောင်း၊ ၂၁ ရာခိုင်နှုန်းသည် အမေရိကဒေသ WHO မှလည်းကောင်း၊ နောက်ထပ် ၂၁ ရာခိုင်နှုန်းသည် ဥရောပဒေသမှလည်းကောင်း တွေ့ရှိကြောင်း WHO က ပြောသည်။
သို့သော် မှတ်တမ်းမကောက်ယူနိုင်ခဲ့သော အလားတူ ဖြစ်ရပ်များရှိကြောင်း WHO က ပြောသည်။
ယင်းစံမမီသော (သို့မဟုတ်) ဆေးဝါးအတုများကြောင့် လူများတွင် ဆေးမတိုးသော ဆင့်ကဲရောဂါ ပိုးမွှားများနှင့် မျိုးပြောင်းသွားသော ဖြစ်ရပ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ဆေးဝါးများ၏ အာနိသင်ကို ခုခံတွန်းလှန်နိုင်သော ရောဂါပိုး များကြောင့် ရောဂါကုသပျောက်ကင်းရန် မဖြစ်နိုင်တော့သည်အထိ ဖြစ်လာနိုင်သည်။ ယခုပြဿနာသည် ဒေသတစ်ခုတည်းနှင့်မဆိုင်ဘဲ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော ပြဿနာဖြစ်ကြောင်း WHO ကပြောကြားသည်။
—Ref: TOI

Post a Comment

  1. Free Pokies | Casino Guides
    A 호반 그래프 free slot machine, where you can play real money pokies, slots or other games 프로미넌스 포커 for free. 해외 토토 If you are interested in 온라인슬롯사이트 learning the rules of 골인 벳 먹튀 pokies, you should check out

    ReplyDelete

 
Top