0

နာမည်ကျော် ဟောလိဝုဒ်စုံတွဲတစ်တွဲဖြစ်တဲ့ ပေါ့ပ်အဆိုတော် သယ်ဝိခ် ကန်ဒ်နဲ့ မော်လ်ဒယ်တစ်ဦးဖြစ်သူ ဘယ်လာဟတ်ဒစ်တို့ဟာ လအတော်ကြာ ချစ်သူတွေဖြစ်ခဲ့ကြပြီး လတ်တလောမှာတော့ တစ်ဦးအပေါ်တစ်ဦးအပြန်အလှန် စွပ်စွဲချက်တွေနဲ့လမ်းခွဲခဲ့ကြပြီဖြစ်ကြောင်း ဟောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ယခုနှစ် မေလကစတင်ပြီး ချစ်သူတွေအဖြစ် တရားဝင် လက်တွဲခဲ့ကြတာပါ။ ဒါပေမယ့် ချစ်သူတွေဖြစ်ပြီး မကြာခင်မှာပင် များပြား လွန်းလှတဲ့ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့် တစ်ယောက်ကို တစ်ယောက်အချိန်မပေးနိုင်ဖြစ်ခဲ့ကြရပါတယ်။ အဲဒီကနေတစ်ဆင့် အခုလို ဝမ်းနည်းစွာလမ်းခွဲခဲ့ရတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ရတာပါ။
အသက် (၂၅)နှစ်အရွယ် သယ်ဝိခ်ကန်ဒ်နဲ့(၁၉)နှစ်အရွယ် ဘယ်လာတို့ ဟာ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို ယခုနှစ်ခရစ္စမတ်မတိုင်မီက အဆုံး သတ်ခဲ့ကြတာဖြစ်ပါတယ်။ လတ်တလောမှာ ဘယ်လာဟာခရစ္စမတ်ကို မိသားစု နဲ့အတူ ဖြတ်သန်းလျက်ရှိပြီး သယ်ဝိခ်ကန်ဒ်ကတော့ သူ့ရဲ့ တေးဂီတဖျော်ဖြေပွဲ အတွက် မိုင်ယာမီကို ရောက်ရှိနေကာ အဲဒီနေရာမှာပဲ စင်မြင့်နောက်ကွယ်က မိန်းကလေးပရိသတ်တွေနဲ့ သူ့ရဲ့ ခရစ္စမတ်နေ့ကို ကုန်ဆုံးစေခဲ့ပါတယ်။ ဒါ့အပြင် ခရစ္စမတ်အကြိုနေ့က သူ့ရဲ့သီချင်းသစ်နှစ်ပုဒ်ဖြစ်တဲ့ ''Low Life''နဲ့ ''Pass Dat'' တို့ကိုလည်း ခရစ္စမတ်လက်ဆောင်အဖြစ် စတင်ထုတ် လွှင့်ခဲ့ကာ လတ်တလောမှာတော့ တေးဂီတအပေါ်သာ အာရုံစိုက်နေပါတယ်။
သယ်ဝိခ်ကန်ဒ်ဟာ ယခုနှစ်ဂရမ်မီဆုပေးပွဲကြီးရဲ့ ဆုလျာထားစာရင်းမှာ ဆုအရေအတွက်အများဆုံးနဲ့ အမည်စာရင်းတင်သွင်းခြင်းခံထားရတဲ့ အဆို တော်တစ်ဦးလည်း ဖြစ်ပါတယ်။
အေးပြည့် -စုစည်းသည်

The Mirror Daily

Post a Comment

 
Top