0

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၊ မြန်မာစံတော်ချိန်ည (၇)နာရီ (၃၂)မိနစ် (၁၃)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက်
(၅၅)မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် (၁၅)မိုင်ခန့် အကွာ)ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)
တာစကေး(၃ဒသမ၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်
တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ကသတင်းထုတ်ပြန်ပါတယ်။အဲဒီမြေငလျင်လှုပ်ရှားသွားမှုကို သပိတ်ကျင်းမြို့ကနေ သတိပြုမိတယ်လို့ သိရပါတယ်။ ထပ်မံပြီးလည်း
မြန်မာစံတော်ချိန်ည (၈)နာရီ၊ (၁၅)မိနစ်၊ (၂၄)စက္ကန့်အချိန်မှာ သပိတ်
ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် (၁၁)မိုင်ခန့် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး(၃ ဒသမ ၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင် တစ်ခု ထပ်မံလှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကို Central News Bureau က ပေးပို့
တာဖြစ်ပါတယ်။



Central News Bureau

Post a Comment

 
Top