နိုဝင်ဘာ ၃၀ ရက်က ကိုလံဘိုမြို့တွင် မုန်တိုင်းကြောင့် သစ်ပင်များလဲကျနေစဉ် (Photo: AFP)
အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတစ်ဝန်း ၀င်ရောက်ခဲ့သည့် အင်အားပြင်းဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းသည် အရှိန်ပြင်းလာနိုင်သည်ဟု နိုဝင်ဘာ ၃၀ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့စဉ် သစ်ပင်များ အမြစ်မှကျွတ်ထွက်ခဲ့ပြီး သန်းနှင့်ချီသောလူများအတွက် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယတွင် လူကိုးဦးသေဆုံးခဲ့ပြီး အိမ်နီးချင်းသီရိလင်္ကာတွင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုသည် တစ်နာရီလျှင် ၁၃၀ ကီလိုမီတာ (မိုင် ၈၀) နှုန်းဖြင့် တိုက်ခတ်သည့် လေတိုက်နှုန်းကြောင့် သစ်ပင်များလဲပြိုမှု၌ သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မုန်တိုင်းထန်နေသည့် ပင်လယ်ပြင်တွင် ပျောက်ဆုံးနေသော ငါးဖမ်းသင်္ဘောများကို ပိုက်စိပ်တိုက်ရှာဖွေရန်အတွက် စစ်သင်္ဘောများကို အရှေ့တောင်ပိုင်းကမ်းရိုးတန်းတွင် တပ်ဖြန့်ထားခဲ့သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး နာမာလာစီထရာမန်းက ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသော ရေယာဉ်များတွင် အမှုထမ်း ၁၀၀ ခန့်ပါဝင်ကြောင်း၊ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဆိုင်ကလုန်း Ockhi ကြောင့် လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းသောကြောင့် လူဦးရေခုနစ်သန်းခန့်ရှိသည့် အိန္ဒိယကမ်းရိုးတန်းမြို့ ချင်နိုင်းရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။ ၁၉၉၉ ခုနှစ်တွင် အရှေ့ဘက်ပြည်နယ် Oriss သို့ဝင်ရောက်သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၈,၀၀၀ ကျော် သေဆုံးခဲ့သည်။
writer: Ref: AFP
http://news-eleven.com/international/23546
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.