သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၏ အစည်းအဝေးကို စက်တင်ဘာ ၉ ရက် (ယနေ့) နံနက် ၉ နာရီတွင် နေပြည်တော်ရှိ MICC-2 တွင် ပြုလုပ်လျက်ရှိပါသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကိုယ်စားပြု ခေါင်းဆောင် ကိုးဦး တက်ရောက်ခဲ့ပြီး ၄င်းတို့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ KIO ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ SSPP နာယက ဒုတိယဗိုလ်ချုပ်ကြီး ဆေထင်၊ NMSP ဥက္ကဋ္ဌ နိုင်မွန်ထော၊ KNPP ဥက္ကဋ္ဌ ခွန်းအေးဘယ်တွိဒ်၊ SD အဖွဲ့ခေါင်းဆောင်များ ဖြစ်သည့် နော်စီဖိုးရာစိန် (KNU)၊ ဒေါက်တာလဂျာ (KIO)၊ ပူးဇင်ကျုံး (CNF) တို့နှင့် NCCT ကိုယ်စားပြုအဖြစ် ပဒိုစောကွယ်ထူးဝင်း (KNU) တို့ ပါဝင်ကြပါသည်။
ထို့အတူ အစိုးရဘက်မှ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဦးအုန်းမြင့်၊ ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးအောင်သိမ်း၊ ဦးထွန်းထွန်းဦး၊ ဦးခင်ဇော်ဦး၊ ဦးခင်ရီ၊ ဦးသန်းဌေးနှင့် MPC အဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။
Post a Comment