0

နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ပြီးတော့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီလို ယှဉ်ပြိုင်ရခြင်းဟာ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာဟာ ပြည်သူ့ရဲ့ ဆုံးဖြတ်ချက်၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ကြိုးစားခဲ့တာ ဆိုလို့ရှိရင် အနှစ် (၃၀) နီးပါး ရှိပါပြီ။ အခုအထိ ပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ်ဆိုတာကို အဓိက ယုံကြည်ပါတယ်။
အခုအချိန်မှာ အရေးကြီးတာကတော့ ကျွန်မတို့ ပြည်သူလူထု အားလုံးဟာ ရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ။ မဲပေးတဲ့အခါကျလို့ ရှိရင်လည်း ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စဉ်းစားပြီး မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့ အခါမှာ ပြောင်းလဲဖို့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top