0

ဇော်ဇော်ထွေး| သောကြာနေ့၊ ဧပြီလ ၁၈ရက်၊ ၂၀၁၄ခုနှစ်။

အိမ်မွေးတိရိစ္ဆာန်ဖြစ်သည့် ခွေးကို ဓါးဖြင့် ခုတ်ခဲ့သူကို တိရိစ္ဆာန် ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူပေးရန် မြောက်ဥက္ကလာမြို့နယ်၊ ဝေဘာဂီရဲစခန်းတွင် အမှုဖွင့် ထားသည်ဟု တိုင်းရဲတပ်ဖွဲ့က ဧပြီ ၁၈က် တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဝေဘာဂီမြို့သစ်၊ (ည)ရပ်ကွက်၊ သုနန္ဒာလမ်းမကြီးနေ အုတ်သဲကျောက် ရောင်းဝယ်ရေး လုပ်ကိုင်သည့် ဦးစိုးဝင်းက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။

တရားလိုသည် ဧပြီ ၁၅ ရက် ညနေ ၇ နာရီက ဈေးသွားဝယ်ပြီး ပြန်လာစဉ်တွင် မင်းတံချထားခဲ့သည့် နေအိမ်တံခါးမှာ ပွင့်နေပြီး အိမ်တွင်း ကြိုးချည်ထားခဲ့သည့် ကျပ် ၅သောင်းကျော်တန် တယ်လီရာအမျိုးအစား အဖြူ/အမဲကွက် အိမ်မွေးခွေး၏ ဘယ်လက်တွင် ပြတ်ရှဒဏ်ရာ တွေ့ရှိရသည်ဟု ရဲကို တိုင်တန်းထားသည်။

စုံစမ်းရာတွင်လည်း အိမ်ခေါင်းရင်းနေ သန့်ဇင်အောင်က ခွေးဟောင်နေသည့်အတွက် မကျေမနပ်ဖြစ်ကာ အိမ်ရှေ့တံခါးမကြီးအား ဖွင့်၍ ဝင်ရောက်ပြီး ဓါးဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲထံတွင် ထည့်သွင်းပြောထားသည်။

ထို့ကြောင့် ၎င်းကို အိမ်အတွင်းဝင်ရောက်၍ အိမ်မွေးတိရစ္ဆာန်အား ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူပေးရန် အမှုဖွင့် တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဝေဘာဂီနယ်မြေရဲစခန်းက (ပ)၁၂၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၄၈/၄၂၉ တို့ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးသွားမည်ဟု ဆိုသည်။

“ ငွေကျပ် ၁၀ထက်ဖြစ်စေ၊ ၅၀ ထက်ဖြစ်စေ တန်ဖိုးရှိတဲ့ အိမ်မွေးတိရစ္ဆာန်ကို သတ်တာ၊ ကိုယ်အင်္ဂါ ချွတ်ယွင်းအောင် လုပ်တာဆိုရင် ပုဒ်မ ၄၂၈ သို့မဟုတ် ၄၂၉ တို့နဲ့ အမှုဖွင့် တိုင်တန်းလို့ ရပါတယ်” ဟု ရှေ့နေ ဦးခင်ဇော် (မရမ်းကုန်း)က မဇ္ဈိမကို ရှင်းပြသည်။

ယင်းတိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှုသည် ရဲအရေးပိုင်သည့်အတွက် အမှုဖွင့် တိုင်ကြားနိုင်ပြီး အာမခံပေး၍ ရသော်လည်း ကျေအေးခွင့် မရှိကြောင်း ရှေ့နေ ဦးခင်ဇော်က ပြောသည်။

ပုဒ်မ ၄၂၉တွင် တန်ဖိုးငွေကျပ် (၅၀)ကျပ်ထက်ပိုသော အိမ်မွေးတိရစ္ဆာများအား အဆိပ်ခက်ခြင်း၊ သတ်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်းအောင် ပြုမှုခြင်းများ လုပ်ပါက ထောင်ဒဏ် (၅)နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

လွန်ခဲ့သည့် လအတွင်းကလည်း သတင်းစာစောင် တစ်ခုက ခွေးတစ်ကောင်၏ ဓါတ်ပုံအား ခွေးရူးပြန်ရောဂါ အကြောင်း ရေးသားထားသည့် ဆောင်းပါးတွင် ထည့်သွင်းအသုံးပြုခဲ့သည့်အတွက် ခွေးပိုင်ရှင်ဖြစ်သူက ခွေးမှာ အလေအလွင့်ခွေးတစ်ကောင်မဟုတ်ကြောင်း၊ ကာကွယ်ဆေးပုံမှန်ထိုးနှံပြီး တိရစ္ဆာန်မွေးမြူရေးနှင့် သားသတ်ဌာနတွင် တရားဝင်လိုင်စင်ပြုလုပ်ထားသည့် ခွေးဖြစ်ကြောင်းကို အထောက်အထားများနှင့်တကွ သတိပေးပြောဆိုမှု ရှိခဲ့ဖူးသည်။

Aye Chan Mon# Credit To : Mizzima - News in Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top