0

Byဖြိုးဝေလင်း
ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် အကယ်ဒမီမေသန်းနု၏ နေအိမ်ခြံဝင်းတံခါးကို မာစီးဒီး ကားဖြင့်တိုက်ဖွင့်ကာ ခြံဝင်းအတွင်းရပ်ထားသည့်ကားကို ဖျက်ဆီးသည့် အမျိုးသားကို အာမခံ ဖြင့် ပြန်လွှတ်ပေးထားကြောင်း မြောက်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှ ရဲအရာရှိတစ်ဦးက ပြောသည်။
မြောက်ဒဂုံမြို့နယ် (၂၇)ရပ် ကွက်နေ သရုပ်ဆောင်မေသန်းနု၏ နေအိမ်ခြံဝင်းတွင် နိုဝင်ဘာ ၃၀ ရက် ည ၁၁ နာရီခွဲ က မင်းသမီးဧည့်ခန်းထဲ၌ရှိနေစဉ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
မင်းသမီး၏ မိတ်ဆွေဟုဆို သူ အသက် (၄၉)နှစ်အရွယ် အမျိုးသားသည် မင်းသမီးငှားရမ်းစီးနင်းသည့် Alphard ခဲရောင်ယာဉ် ကို အုတ်ခဲဖြင့်ထုခြင်း၊ ကားမှန် ကို ရိုက်ခွဲဖျက်ဆီးသဖြင့် ကျပ် သိန်း ၅၀ ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။
မင်းသမီး၏ မိတ်ဆွေဆိုသူ သည် မရမ်းကုန်းမြို့နယ် (၇)ရပ် ကွက်နေ ကုန်သည်တစ်ဦးဖြစ်ပြီး ဒီဇင်ဘာ ၁ ရက် ညနေက ဖမ်းမိခဲ့ကြောင်း မြောက်ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ဖျက်ဆီးခဲ့တဲ့လူကိုတော့ အာမခံနဲ့ လွှတ်ပေးထားတယ်။ သူ့ကို ဖွင့်ထားတဲ့ပုဒ်မက အာမခံ ပေးလို့ရတဲ့ပုဒ်မဆိုတော့ အာမခံ ပေးလိုက်တာ’’ဟု မြောက်ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဆိုပါ အမျိုးသားကို မြောက်ဒဂုံမြို့မရဲစခန်းက အိမ် ကျော်နင်းမှုပုဒ်မ ၄၅၁ နှင့် အကျိုး ပျက်စီးမှုပုဒ်မ ၄၂၇ တို့ဖြင့် အမှု ဖွင့်အရေးယူထားသည်။
ပုဒ်မ ၄၅၁ ကို ကျူးလွန် ကြောင်း ထင်ရှားပါက ထောင် ၂ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်း ထားသည်။
ပုဒ်မ ၄၂၇ ကို ကျူးလွန် ကြောင်း ထင်ရှားပါက ၂ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီး သရုပ်ဆောင်မေသန်းနု ထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်း သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။
http://www.7daydaily.com/story/114716

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top