0



ပါတီထဲဝင်ရန် အစီအစဉ်မရှိကြောင်းနှင့် နိုင်ငံရေး ဆက်လုပ်မည်ဟု ပြော
ဦးမြအေး (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှနုတ်ထွက်ပြီဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးက 7Day Daily သတင်းစာအား ပြောကြားသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မည်သည့်အကြောင်းကြောင့် အ နားယူခဲ့သည်ကို ဦးမြအေးက ပြောကြားခြင်းမရှိပေ။
‘‘တာဝန်ကနေ လုံးဝအနား ယူလိုက်ပြီ။ ကျန်တဲ့ဟာတွေမရှိ ဘူး။ ကျန်တဲ့ဟာတွေကလည်း လောလောဆယ် ပြောဖို့ မတန် သေးဘူး။ ကျွန်တော်နုတ်ထွက် လိုက်တာပါပဲ။ ဒီနေ့ (နိုဝင်ဘာ ၂၉) ပဲ နုတ်ထွက်လိုက်တာပါ’’ ဟု ဦးမြအေးက ပြောသည်။
အဆိုပါအဖွဲ့အစည်းမှ နုတ် ထွက်ခြင်းသည် တစ်စုံတစ်ရာ ပြဿနာမရှိဘဲ ၎င်းအနေဖြင့် နိုင်ငံရေးဆက်လုပ်မည်ဖြစ်ကြောင်း ဦးမြအေးက ပြောသည်။
‘‘ကျွန်တော်နိုင်ငံရေးဆက် လုပ်မှာ။ နိုင်ငံရေးမှာပဲရှိမှာ။ သေ ချာတယ်။ အဲဒါကတော့ ၈၈ ငြိမ်း ချမ်းရေးနဲ့ လူ့အဖွဲ့အစည်းမှာ တာဝန်မယူတော့တာလေ။ နိုင်ငံ ရေးမှာ ကျွန်တော်ရှိပါတယ်။ ၈၈ မျိုးဆက်အနေနဲ့ ကျွန်တော်ရှိမှာ ပါ။ ပါတီထဲကိုလည်း ဝင်ဖို့မရှိပါဘူး။ ကျွန်တော် နိုင်ငံရေးထဲမှာ တော့ ဆက်ရှိနေဦးမှာပါ’’ဟု ဦးမြ အေးက ပြောသည်။
ဦးမြအေး အနားယူခြင်း ကိစ္စနှင့် ပတ်သက်ပြီး ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းခေါင်းဆောင် ဦးဂျင်မီကို ဆက်သွယ်မေးမြန်းရာ ကာယကံရှင်ကိုသာ မေးမြန်းရန် ပြန်လည် ပြောကြားသည်။
ဦးမြအေးသည် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလ တွင် ထွက်ပေါ်လာသော ထင်ရှား သည့် ကျောင်းသားခေါင်းဆောင် ဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ ကြောင့် အကျဉ်းထောင်ထဲ၌ ၁၂ နှစ်ကြာ နေထိုင်ခဲ့ရပြီး ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တွင် ခေါင်း ဆောင်တစ်ဦးအနေဖြင့် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေသူဖြစ် သည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းတွင် ခေါင်း ဆောင်များအဖြစ် ပါဝင်ခဲ့သူများ အနက် ဦးကိုကိုကြီး၊ ဦးမင်းဇေ ယျ၊ ဦးမာကီးနှင့် ဦးရဲနိုင်အောင် တို့သည် ပါတီတည်ထောင်နိုင် ရေး ဆောင်ရွက်နေသောကြောင့် ၈၈ ငြိမ်း/ပွင့်အဖွဲ့မှ ထွက်ခွာခဲ့ သည်။
လက်ရှိတွင် ၈၈ ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တွင် ဦးမြအေးထွက်ခွာပြီးနောက် အထင်ကရ ခေါင်းဆောင်များ အနေဖြင့် ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့ နှစ်ဦးသာ ကျန်ရှိတော့မည်ဖြစ်သည်။
ထို့အပြင် ဦးကိုကိုကြီး ဦးဆောင်လှုပ်ရှားနေသော နိုင်ငံ ရေးပါတီတစ်ရပ်ဖြစ်မြောက်ရေး ကော်မတီ၌ ဦးမြအေး ဆက်လက် ပါဝင်ခြင်းရှိ၊ မရှိ မသေချာသေး ပေ။ ‘‘ကိုမြအေးက ပါတီဖြစ် မြောက်ရေးကော်မတီမှာ အစ တုန်းကပါခဲ့တယ်။ နောက်ပိုင်း မပါတော့တာ။ သို့သော်ငြား လည်း လူချင်းအဆက်အသွယ် တွေရှိတဲ့အတွက် လုံးဝမပါတော့ ဘူးလည်း မဟုတ်ဘူး။ ပါမယ် လည်း မဟုတ်ဘူးပေါ့။ သူ့ဆုံး ဖြတ်ချက်အပေါ် မူတည်တာပေါ့။ ဆိုလိုချင်တာက ဘာပြဿနာမှ မရှိဘူး။ သူပါချင်ရင် အချိန်မရွေး ပါနိုင်တယ်။ အဲဒါကို ပြောတာပါ’’ ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီဦးဆောင် အဖွဲ့ဝင် ဦးရဲနိုင်အောင်က ပြော သည်။

http://www.7daydaily.com/story/114396

Post a Comment

 
Top