0


Dawei Watch ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော သရော်စာဆောင်းပါး (daweiwatch.com)
တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့သော သရော်စာဆောင်း ပါး တစ်ပုဒ်နှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့က မီဒီယာဥပဒေနှင့်အညီ အရေးယူပေးရန် ထားဝယ်မြို့ နယ်တရားရုံးသို့ ဦးတိုက်လျှောက် ထားမှုအပေါ် မြို့မရဲစခန်းသို့ စုံစမ်းစစ်ဆေးခိုင်းထားပြီး ပြန် လည်တင်ပြချက်အပေါ် မူတည် ၍ အရေးယူသင့်၊ မသင့် ဆုံးဖြတ် မည်ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်ကပြောသည်။
 ‘‘ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် ဦးတိုက် လျှောက်ထားခြင်းဆိုရင် ပြည့်စုံ တယ်။ လက်ရှိအမှုမှာတော့ သတင်းမီဒီယာဥပဒေတို့ ဘာညာ ဆိုတာ သူတို့ရဲ့ ဖော်ပြချက်သာ ဖြစ်တယ်။ တရားရုံးက ဘယ်ဥပ ဒေပုဒ်မနဲ့ အရေးယူမယ်ဆိုတာ တော့ တစ်စုံတစ်ရာ ဘာမှမလုပ် သေးပါဘူး။ ရဲစခန်းကို စုံစမ်းခိုင်း ထားပါတယ်’’ဟု ဦးကျော်မြင့်က ပြောသည်။

လက်ရှိတွင် သတင်းမီဒီယာ ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးတိုက် လျှောက်ထားမှုအပေါ် ထားဝယ်မြို့နယ်တရားရုံးက နိုဝင်ဘာ ၂၄ ရက်တွင် ထားဝယ် မြို့မရဲစခန်းသို့ ရာဇဝတ်ကျင့်သုံး ဥပဒေပုဒ်မ ၂၀၂ အရ စုံစမ်းစစ် ဆေးရန် အမိန့်ချခဲ့ပြီး လာမည့် ဒီဇင်ဘာ ၇ ရက်တွင် စစ်ဆေး တွေ့ရှိချက်များကို တရားရုံးသို့ ပြန်လည်တင်ပြရန် ချိန်းဆိုထား ကြောင်း ၎င်းကပြောသည်။
ထို့ကြောင့် ရဲတပ်ဖွဲ့၏ စုံ စမ်းစစ်ဆေး တင်ပြချက်များအပေါ် မူတည်၍ တရားရုံးက မည် သည့်ဥပဒေပုဒ်မဖြင့် အရေးယူ မည်၊ မယူမည်ကို လွတ်လပ်စွာ ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦး ကျော်မြင့်ကပြောသည်။
 နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီဂျာနယ်တွင် ဖော်ပြခဲ့ သည့် မူးဆေးအိုး ကလောင်အ မည်ဖြင့် ရေးသားထားသော ‘မဲ ဆွယ်အပြုံး’သရော်စာဆောင်းပါး ပါ အကြောင်းအရာများသည် ၎င်းနှင့်တကွ မိသားစုဝင်များကို ပါ စော်ကားသဖြင့် တိုင်းဥပဒေ ချုပ်နှင့်တိုင်ပင်၍ ယင်းသို့ တရား စွဲဆိုခဲ့ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကပြောကြားသည်။
 ထားဝယ်မြို့မရဲစခန်းသို့ ဂျာနယ်ပါ သရော်စာဆောင်းပါး ရေးသားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တရားရုံးက အမိန့်ချမှတ်ထားမှုအပေါ် ယခု အချိန်တွင် စုံစမ်းစစ်ဆေးဆဲ ဖြစ်သောကြောင့် ဖြေကြား၍မရသေးကြောင်း စခန်းမှူးဒုရဲမှူးအောင် နိုင်မိုးကပြောသည်။
အဆိုပါ သရော်စာဆောင်း ပါး ရေးသားဖော်ပြခဲ့မှုအပေါ် လက်ရှိတွင် ထားဝယ်မြို့နယ် တရားရုံးက တရားဝင်အကြောင်း ကြားစာ ပေးပို့ခြင်းမရှိသေးသော် လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့သို့ စုံစမ်းခိုင်းထားသည်ကို သိရပြီး နိုဝင်ဘာ ၂၈ ရက် ညနေအထိ ဂျာနယ်တိုက်သို့ လာ ရောက်စုံစမ်းခြင်း မရှိသေး ကြောင်း တနင်္သာရီဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးဟန်ထက်(ခ) ဦးမျိုးအောင်ကပြောသည်။

http://www.7daydaily.com/story/114368

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top