0


ကြက်သွန်နီဈေးမြင့်တက်နေ၍ ပြည်ပမှ တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။ (ဓာတ်ပုံ − ကျော်ဇင်သန်း)
 ပြည်တွင်းကြက်သွန်နီ ဈေးမြင့်တက်မှုကြောင့် ပြည်ပမှ ကြက်သွန်နီတင်သွင်းခွင့် တ ရားဝင် ခွင့်ပြုခဲ့ကြာင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန လက်ထောက်အတွင်း ၀န်ဦးခင်မောင်လွင်က ပြော ကြားသည်။
ပြည်ပမှ ကြက်သွန်နီများ ကို တရားမ၀င်တင်သွင်းမှုရှိသ ဖြင့် ကြက်သွန်နီဈေးတည်ငြိမ် ရန်နှင့် တိုင်းပြည်အခွန်ရရှိရန် ယင်းသို့ ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
မြန်မာပြည်တွင်းသို့ တရုတ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ ကြက် သွန်နီ အများဆုံး တင်သွင်းနေ ကြောင်း ၎င်းကပြောသည်။
‘‘ဘယ်အချိန်ထိ ခွင့်ပြုတယ် ဆိုတာတော့ ကန့်သတ်မထားပါ ဘူး။ ပြည်ပကကြက်သွန်နီတွေ တင်သွင်းတာကလည်း ပြည်တွင်း ကြက်သွန်နီဈေးတည်ငြိမ်လာရင် ကြက်သွန်နီအသစ်တွေပေါ်လာ ရင် သူ့အလိုလိုရပ်သွားမှာပါ’’ ဟု ဦးခင်မောင်လွင်က ဆိုသည်။
ကြက်သွန်နီတရားဝင် တင် သွင်းခွင့်ကို နိုဝင်ဘာ ၂၇ ရက်က ခွင့်ပြုခဲ့ပြီး တင်သွင်းခွင့်လျှောက် ထားသူဦးရေကို မသိရသေး ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် စားဖိုဆောင် သီးနှံစိုက်ပျိုးထုတ်လုပ်ရောင်းချ သူများအသင်းဥက္ကဋ္ဌ ဦးခင်ဟန် က ‘‘စီးပွားကူးသန်းက တရားဝင် တင်သွင်းခွင့်ပြုလိုက်တာဖြစ်နိုင်ပါတယ်။ ဒီလိုတင်သွင်းခွင့်ပြု လိုက်ခြင်းအားဖြင့် ကြက်သွန်နီ ဈေးတည်ငြိမ်လာတာ၊ ဈေးကျ သွားတာဖြစ်နိုင်ပါတယ်’’ ဟု ဆို သည်။
ပြည်ပမှ တစ်ပိဿာ ကျပ် ၁,၇၀၀ ဖြင့် တင်သွင်းသည့်ကြက် သွန်နီအရွယ်အစားနှင့် တူညီ သည့် ပြည်တွင်း ကြက်သွန်နီ သည် တစ်ပိဿာကျပ် ၃,၀၀၀ ပေါက်ဈေးရှိနေကြောင်း၊ သို့ သော် မြန်မာကြက်သွန်သည် အ ရည်အသွေးပိုကောင်းကြောင်း ၎င်းကပြောသည်။
ကြက်သွန်နီဈေးသည် စက် တင်ဘာက စတင်တက်ခဲ့ပြီးလက် လီဈေးမှာ ကြက်သွန်နီအရွယ်အ စားပေါ်မူတည်၍ တစ်ပိဿာ ကျပ် ၂,၅၀၀ မှ ကျပ်၃,၈၀၀ အထိ ပေါက်ဈေးရှိနေသည်။

http://www.7daydaily.com/story/114393

Post a Comment

 
Top