Byငြိမ်းချမ်း
နိုင်ငံတော်သမ္မတ ဦးထင်ကျော် သည် ဂျပန်နိုင်ငံတိုကျိုမြို့တွင် ပြုလုပ်မည့် နိုင်ငံတကာ ကျန်းမာရေးဖိုရမ်(UHC)သို့ တက်ရောက်ရန် ဒီဇင်ဘာလဒုတိယပတ်၌ ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
နိုင်ငံတကာကျန်းမာရေးဖိုရမ်ကို ဒီဇင် ဘာ ၁၂ မှ ၁၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် နိုင်ငံတကာ အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက် ရန် ဖိတ်ကြားထားကြောင်း UHC က သတင်းထုတ်ပြန်ထားသည်။
‘‘ဂျပန်ကတော့ UHC ဖိုရမ်တက်ဖို့ဖိတ် ထားတာရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ တက်ရမှာပေါ့။ တက်ဖြစ်ရင် ဂျပန်ကိုသွားမယ်။ စီစဉ်ထားတာရှိပါတယ်’’ ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သမ္မတ၏ ခရီးစဉ်နှင့်ပတ်သက်၍ ပြောကြားသည်။
7Day Daily သတင်းစာ၏ စုံစမ်းမှုအရ သမ္မတဦးထင်ကျော် သည် ဂျပန်နိုင်ငံသို့ဒီဇင်ဘာ ၁၂ ရက်မှ ၁၉ ရက်အထိ တစ်ပတ် ကြာသွားရောက်မည်ဖြစ်သည်။ ထို့ကြောင့် အထက်ပါအစည်းအဝေးအပြင် ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် အခြားအစီအစဉ်များ လည်းပါဝင်နိုင်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးထင်ကျော်သည် ထိုင်းဘုရင်ဘူမိဘော၏ တော်ဝင် ဈာပနအခမ်းအနားတက်ရောက် ရန် အောက်တိုဘာ ၂၅ ရက်က ထိုင်းနိုင်ငံသို့သွားရောက်ခဲ့သည်။
ဦးထင်ကျော်သည် သမ္မတ အဖြစ်တာဝန်ယူပြီးနောက် ပထမ ဆုံးပြည်ပခရီးစဉ်အဖြစ် ၂၀၁၆ မေလ ၆ ရက်က လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ နေ့ချင်းပြန်ခရီး သွားရောက်ခဲ့သည်။ ၂၀၁၆ ဇူလိုင် ၁၃ ရက်က လည်း မွန်ဂိုလီးယားနိုင်ငံအူလန် ဘာတာမြို့၌ ကျင်းပသည့်(၁၁) ကြိမ်မြောက်အာရှ၊ ဥရောပထိပ် သီးအစည်းအဝေး (ASEM) တက်ရောက်ခဲ့သည်။
ထို့အပြင် ယင်းနှစ်ဩဂုတ် ၂၇ ရက်က အိန္ဒိယအစိုးရ၏ ဖိတ် ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ပြီး အောက်တိုဘာ ၂၅ ရက်ကလည်း(၈)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်-မဲခေါင် ညီလာခံသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၂၀၁၇ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၃ ရက် က ကမ္ဘောဒီးယားနိုင်ငံသို့ နှစ်နိုင်ငံချစ်ကြည်ရေးခရီး သွားရောက် ခဲ့သည်။ ထို့အပြင် ဧပြီ ၆ ရက်က လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ စီကျင်းပင်၏ ဖိတ် ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
သမ္မတဦးထင်ကျော်၏ ယခု သွားရောက်မည့် ဂျပန်နိုင်ငံခရီး စဉ်သည် ပြည်ပနိုင်ငံသို့ရှစ်နိုင်ငံ မြောက်သွားရောက်သည့် ခရီးစဉ် ဖြစ်သည်။
http://www.7daydaily.com/story/114469
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.