0

By အောင်သစ်လွင်
နိုဝင်ဘာအတွင်းက အချိန်အခါမဟုတ် ရွာသွန်းခဲ့သော မိုး(ဓာတ်ပုံ − စိုင်းဇော်)
ကပ္ပလီပင်လယ်တွင် မုန်တိုင်းတစ်လုံး ထပ်မံဖြစ်ပွားနိုင် ပြီး တနင်္သာရီတိုင်းဒေသကြီး၌အချိန်အခါမဟုတ် မိုးဆက်လက် ရွာနိုင်ကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က သတိ ပေးသည်။
နိုဝင်ဘာ ၂၉ ရက်က ဖြစ်ပေါ် ခဲ့သော မုန်တိုင်းငယ်သည် မြန်မာ နိုင်ငံကမ်းရိုးတန်းနှင့် ဝေးကွာ သော အာရေဗျပင်လယ်ထဲသို့ ဘင်္ဂလားပင်လယ်အော်တောင် ပိုင်းမှ တစ်ဆင့် ဝင်ရောက်သွားပြီး နိုဝင်ဘာ ၃၀ ရက်တွင် နောက် ထပ်လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
ဒေါက်တာထွန်းလွင်က ‘‘လေဖိအားနည်းရပ်ဝန်းက မုန် တိုင်းငယ်ဖြစ်လာနိုင်တယ်။ အ ထူးသဖြင့်တော့ တနင်္သာရီတိုင်း ဒေသကြီးမှာ မိုးရွာဖို့ရှိနေတယ်’’ ဟု ပြောသည်။
လတ်တလောဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ယနေ့(ဒီဇင်ဘာ ၁ ရက်)တွင် မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီးတနင်္သာရီတိုင်းဒေသကြီး ပါဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ အချိန်အခါမဟုတ် မိုးရွာနိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်း အချိန်အခါမဟုတ် မိုးကြောင့် တောင်သူအချို့ အခက်တွေ့ခဲ့ရ သလို ဒီဇင်ဘာလဆန်းတွင်လည်း အချိန်အခါမဟုတ် မိုးဆက်လက်ရွာနိုင်ကြောင်း ဒေါက်တာထွန်းလွင်နှင့် မိုးဇလဌာနက သတိပေးထားသည်။
http://www.7daydaily.com/story/114461

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top