By.အောင်ဇော်ထွန်း
အခမ်းအနားတစ်ခုတွင် တွေ့ရသည့် ဦးအောင်ကြည် (ဓာတ်ပုံ − နစ်ကီ)
လက်ရှိအဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေတွင် ထိ ရောက်သည့်စုံစမ်းမှုလုပ်ဆောင် ရန် အခွင့်အရေးမရှိ၍ ဥပဒေ ကြောင်းအရ ပြင်ဆင်နိုင်ရန် ကြိုး စားမည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က 7Day Daily အား ပြောသည်။
လက်ရှိအဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေတွင် ထိ ရောက်သည့်စုံစမ်းမှုလုပ်ဆောင် ရန် အခွင့်အရေးမရှိ၍ ဥပဒေ ကြောင်းအရ ပြင်ဆင်နိုင်ရန် ကြိုး စားမည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က 7Day Daily အား ပြောသည်။
မကြာသေးမီက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရ သည့် ဦးအောင်ကြည်က အနာ ဂတ်တွင် ကော်မရှင်၏ လုပ်ငန်း များထိရောက်အောင် ဆောင်ရွက်နိုင်ရေးကြိုးပမ်းမည့် အခြေအနေ နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြော ကြားခြင်း ဖြစ်သည်။
‘‘ကျွန်တော်တို့ ပြည့်ပြည့်၀၀ စုံစမ်းဖော်ထုတ်ဖို့ဆိုတဲ့ ကန့်သတ်ချက်လည်းရှိသလို တစ်ဖက်က လည်း အထူးသဖြင့် အဂတိလိုက် စားမှုနဲ့ပတ်သက်ပြီးတော့ အရေး ကြီးတဲ့ ကိစ္စတွေက နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးတာတွေ ကာကွယ်ဖို့ ဘာဖို့ဆိုတဲ့ ကိစ္စတွေ မှာ ထိရောက်တဲ့ စုံစမ်းမှုလုပ်ဖို့ အခွင့်အရေးမရှိဘူးဖြစ်နေပါ တယ်’’ဟု ဦးအောင်ကြည်က လက်ရှိကော်မရှင်ဥပဒေကို ပြင် ဆင်လိုသည့် အကြောင်းရင်းကို ရှင်းပြသည်။
အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေအခန်း (၅) တွင် ကော် မရှင်အနေဖြင့် နိုင်ငံတော်သမ္မတ က စုံစမ်းစစ်ဆေးတင်ပြရန် တာ ၀န်ပေးအပ်ခြင်း၊ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူတစ်ဦးကို အရေးယူ ပေးရန် လွှတ်တော်ကိုယ်စားလှယ် များက ဥပဒေနှင့်အညီ အဆိုတင် သွင်းခြင်းနှင့် စပ်လျဉ်း၍ သက် ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌက စုံစမ်း စစ်ဆေးတင်ပြရန် တာဝန်ပေး အပ်ခြင်းတို့ရှိပါက စုံစမ်းစစ်ဆေး ခြင်းပြုလုပ်နိုင်ကြောင်း ပါရှိသည်။ထို့ပြင် လာဘ်ပေးလာဘ်ယူ မှုကျူးလွန်သူအပေါ် ဥပဒေအရ အရေးယူပေးရန် နစ်နာသူက ကော်မရှင်သို့ တိုင်ကြားခြင်း၊ ကော်မရှင်ဥပဒေအရ ဖွဲ့စည်း သော လုပ်ငန်းကော်မတီ၊ လုပ် ငန်းအဖွဲ့၊ ပမာဏစိစစ်ရေးအဖွဲ့ နှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ခုသို့ တိုင်ကြားခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း တစ်ခုခုသို့ တိုင်ကြားခြင်းနှင့် စပ် လျဉ်း၍ အဆိုပါတိုင်ကြားချက်ကို ကော်မရှင်သို့ လွှဲပြောင်းပေးပို့ခြင်း တို့ကို စုံစမ်းစစ်ဆေးနိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။
ဥပဒေပြင်ဆင်နိုင်ရေးလုပ် ဆောင်နေစဉ် အသိပညာပေးခြင်း နှင့် ကာကွယ်တားဆီးရေးလုပ် ငန်းများလုပ်ဆောင်ခြင်းကို တတ် နိုင်သလောက် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ဦးအောင်ကြည်က ပြောသည်။
‘‘တကယ့်တကယ်တော့ တချို့ကတော့ ပညာပေးရေးလုပ် ငန်းတွေဟာ မလိုအပ်တော့ဘူး။ ဒီလောက်လည်းနှစ်တွေကကြာ နေပြီလို့ ပြောကြပေမယ့် ကျွန် တော်ကတော့ ဒီလုပ်ငန်းအပေါ် မှာ အများကြီးအားထားပါတယ်။ ဘာကြောင့်အားထားရလဲဆိုရင် တချို့သော ကိစ္စတွေမှာ အဂတိ လိုက်စားမှုနဲ့ ပတ်သက်ပြီးတော့ သိသင့်သိထိုက်တဲ့ကိစ္စတွေမသိ ကြသေးလို့ တချို့လည်း ကျူးလွန် ကြတာဖြစ်တာပေါ့။ တချို့လည်း တခြားသော အကြောင်းအချက် တွေအရ ကျူးလွန်တာတွေလည်း ရှိမှာပေါ့’’ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုလျော့ပါးအောင် နိုင်ငံ တကာ၌ လုပ်ဆောင်နေသည့် နည်းပညာကို အသုံးပြုပြီး လုပ် ဆောင်လိုကြောင်းလည်း ၎င်းက ပြောသည်။
http://www.7daydaily.com/story/114446
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.