0



ကျောက်မီးသွေးတွင်း အတွင်း ပိတ်မိနေသူ နှစ်ဦးအား သေဆုံးလျက် ထပ်မံတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
 
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဘုရားကျေးရွာ အုပ်စု မန်းရွှေစက်တော်အနီး ဟန်ထက်ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီလီမိတက်မှ တူးဖော်လျက်ရှိသည့် ကျောက် မီးသွေးတွင်း၌ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက လေပိုက် ပေါက်ကွဲမှု ဖြစ်ပွားရာမှ တွင်းအတွင်း၌ ပိတ်မိနေသူ လူရှစ်ဦးမှ ကျန်နှစ်ဦးကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅ဝ တွင် တရုတ်နိုင်ငံသား ချန်ချောင်းရွှေအား လည်းကောင်း၊ ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ကိုဖိုးချမ်း (၃၃ နှစ်) အိုမြေတွင်း ကျေးရွာ ငဖဲမြို့နယ်နေသူအား လည်းကောင်း သေဆုံးလျက် ထုတ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
 
နိုဝင်ဘာလ ၂၈ ရက်နေ့ ၁၀၀၀ အချိန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့တို့မှ ကယ်ဆယ်ရေး လုပ်ငန်း များ ကြပ်မတ်ဆောင်ရွက် လျက်ရှိရာ ၁၄၄၀ အချိန် ဝင်းဌေး(၃၉)နှစ် အိုးမြေတွင်း ကျေးရွာ နေသူပါ(၂)ဦး၏ အလောင်းများအား လည်းကောင်း၊ ၁၇၃၀ အချိန်တွင် ကျော်မြင့် (၄၀)နှစ် မိုးကုတ်မြို့နေသူ၏ အလောင်းအား လည်းကောင်း၊ ၁၈၄၅ အချိန် ကျော်စိုး (၃၉)နှစ် ရှမ်း/တရုတ်-ဗုဒ္ဓ (ဘ)ဦးဟွန်ငင်ယုံ မြစ်ကြီးနားမြို့ နေသူ၏ အလောင်းအား လည်းကောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက်နေ့တွင် ယင်းသို့ ထပ်မံ တွေ့ရှိခဲ့ခြင်းလည်း ဖြစ်သည်။
 
အဆိုပါ ဟန်ထက်ကျောက်မီးသွေး တူးဖော်ရေး ကုမ္ပဏီလီမိတက်မှ တူးဖော်လျက်ရှိသည့် ကျောက်မီးသွေး လုပ်ကွက်အား ပိတ်ထားကြောင်း သိရသည်။
 
The Ladies News
http://www.theladiesnewsjournal.com/news/thu-2017-11-30-1029/8380

Post a Comment

 
Top