0



By ဒီဗွီဘီ 26 September 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးခရီးစဉ်အဖြစ် စက်တင်ဘာ ၂၆ ရက် မနက် ၁၁:၃၀ အချိန် စစ်ကိုင်းတိုင်း ထမံသီစံပြကျေးရွာကို ရောက်ရှိခဲ့ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ရှင်းပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုရွေးကောက်ပွဲဝင် ကော်မတီဟာ သုံးဆယ်ရာခိုင်နှုန်းပဲ တာဝန်ယူတယ် ဆိုတာဟာ၊ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲကို တာဝန်မယူဘူးဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။ မဲပေးပိုင်ခွငိ့ရှိတဲ့ လူ ၁၀၀ မှာ ၃၀ လောက်ပဲ မှန်မှန်ကန်ကန် မဲပေးနိုင်တယ်ဆိုတာကို တာဝန်ယူတာဆိုရင် ဒီလိုရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်က ပြည်သူလူထုရဲ့ဆနကို မှန်မှန်ကန်ကန် ထုတ်ဖော်တယ်လို့ မပြောနိုင်ဘူး။ သုံးဆယ်ရာခိုင်နှုန်းသော ပြည်သူရဲ့ ဆနကိုသာ ထုတ်ဖော်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်။ ဒါဟာ တကယ့် စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတွေရဲ့ လုပ်ရပ်နဲ့တော့ ကွာခြားပါတယ်” လို့ ဝေဖန်ထောက်ပြ ပြောဆိုထားပါတယ်။
ဆက်လက်ပြီးတော့ နေ့လည် ၁ နာရီခန့်အချိန်မှာ ထမံသီ စံပြကျေးရွာကေ ဟုမ္မလင်းမြို့ကို ဆက်လက်ထွက်ခွာလာပြီး ညနေပိုင်းအချိန် ရောက်ရှိပါသည်။
စက်တင်ဘာ ၂၇ရက်နေ့ နံနက် ၁၀ နာရီလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဟုမ္မလင်းမြို့မှာရှိတဲ့ ပြည်သူလူထုနဲ့ တွေဆုံမယ်လို့ သိရှိရပါတယ်။
သတင်းဓာတ်ပုံ -ကောင်းထက်ကျော်
http://burmese.dvb.no/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top