0

ACM Re-Post 26-5-2014
အဂ္ဂမင်း ၊ Flower News Journal အတွဲ(၁၀) အမှတ် (၂၀)

ရန်ကုန်၊ မေ ၂၄- ဖွဲ့စည်းပုံပြင်ဆင်ရေးသည် မိမိတို့ပြုလုပ်၍မရသဖြင့် ပါတီများမှ ပြုလုပ် နေသည်ကို ထောက်ခံအားပေးကြောင်း NCCT အဖွဲ့မှ အဖွဲ့ခေါင်းဆောင်များက တိုင်းရင်းသားပါတီများ စုပေါင်းဖွဲ့စည်းထား သည့် UNA မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

NCCT အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်ဟံသာမှ နိုင်ငံရေးပါတီများနှင့်တွေ့ ဆုံခြင်းသည် လွှတ်တော်အတွင်း အခြေခံ ဥပဒေပြင်ဆင်ရေးအား မိမိတို့လုပ်ဆောင် ၍မရသဖြင့် လက်တွေ့လုပ်ဆောင်နေသည့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ နှစ် ဖက်အခြေအနေများကို အမြင်ချင်း ဖလှယ် ခြင်းဖြစ်သည်ဟု ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ် စဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ NCCT နှင့် တိုင်းရင်းသားပါတီများ စုပေါင်း ဖွဲ့စည်းထားသည့် UNA မှ အဖွဲ့ဝင်များသည် မေ ၂၄ ရက်ညနေပိုင်းက မရမ်းကုန်းမြို့ နယ်ရှိ SNLD ပါတီရုံးချုပ်၌တွေ့ဆုံခဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လုပ်ဆောင်နေမှုများနှင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

''၂ဝဝ၈ ဖွဲ့စည်းပုံက ဒီမိုကရေစီ အရလည်း အားနည်းတယ် ပြည်ထောင်စု စနစ်လည်း မပီပြင်ဘူးပေါ့ဗျာ။ သဘောက တော့ စစ်အာဏာရှင်စနစ်ကို တစ်ဖက်က နေရာပေးထားတဲ့ အနေအထားမျိုးပေါ့ဗျာ။ လူထုကလက်မခံတဲ့ဟာကို မပြင်နိုင်ရင် ဘယ် တော့မှ မအေးချမ်းနိုင်ဘူး၊ မပြေလည်နိုင် ဘူး၊ မတိုးတက်နိုင်ဘူးပေါ့ဗျာ''ဟု ယင်းက သုံးသပ်ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ UNA မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအေးသာအောင် (ရခိုင်အမျိုးသားပါတီ)၊ ဦးဇံသခုတ်(ဇိုမီးဒီ မိုကရေစီကွန်ဂရက်)၊ ဦးစောအယ်လေး (ကရင်ဒီမိုကရေစီပါတီ)၊ ဦးမင်းကျော်ဝင်း (မွန်ဒီမိုကရေစီပါတီ)နှင့် SNLD ပါတီမှ ဥက္ကဋ္ဌဦးခွန်ထွန်းဦးတို့ တက်ရောက်ခဲ့ကြ ပြီး NCCT အဖွဲ့မှ ဥက္ကဋ္ဌဦးနိုင်ဟံသာနှင့် အဖွဲ့ခေါင်းဆောင်များဖြစ်သည့် ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်၊ ဦးထွန်းဇော်တို့ တက်ရောက်ဆွေးနွေးခဲ့သည်။

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top