0

ACM Re-Post 26-5-2014

ရန်ကုန်၊ မေ ၂၄- ပြည်သူများတောင်းဆိုမှုနှင့် ဆန္ဒထုတ်ဖော်မှုများကို လွတ်လပ်စွာ ပြုလုပ်နိုင်မည့် လူထုဟစ်တိုင်ကွင်းကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အနောက်မြင်း ပြိုင်ကွင်းနေရာတွင် တည်ဆောက်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။

''တာမွေအနောက်မြင်းပြိုင်ကွင်းနေရာမှာ ဆောက်နေတာ တစ်ပတ် လောက်ရှိပြီ။ ရှေ့တစ်ပတ်လောက်ဆို အပြီးသတ်နိုင်မှာပါ။ လူဦးရေ ၅ဝဝ နဲ့ ၁ဝဝဝ ကြား အသုံးပြုလို့ရပါတယ်။ ဆောက်ပြီးသွားရင် အသေးစိတ်သတင်းထုတ်ပြန်သွား မှာပါ''ဟု ယင်းကပြောသည်။

ရန်ကုန်မြို့တွင် ပြည်သူများ ဆန္ဒထုတ်ဖော်သည့် နေရာများသည် လူ စည်ကားသည့်နေရာများ၊ အချက်အချာကျသည့်နေရာများတွင် ပြုလုပ်နေသော ကြောင့် အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံနေချိန်တွင် တိုင်းပြည်ဂုဏ်သိက္ခာထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ဆန္ဒထုတ်ဖော်မှုများကြောင့် အများပြည်သူ အနှောင့်အယှက်မဖြစ်စေ ရန်နှင့် ဆန္ဒပြသူများအနေဖြင့် စည်းကမ်းတကျဖြစ်စေရန် လူထုဟစ်တိုင်နေရာ သတ်မှတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း မြို့တော်ခန်းမ၌ မိကျောင်းကန်ဆန္ဒပြသူများ နှင့် ညှိနှိုင်းပွဲတွင် ယင်းကပြောကြားခဲ့သည်။

အလားတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်းနှင့် သိပံ္ပလမ်း ထောင့်ရှိ မနော်ဟရီပန်းခြံတွင် လူဦးရေ ၁ဝဝဝ ဝင်ဆံ့သည့် လူထုဟစ်တိုင်ကွင်းကို ယခုလကုန် အပြီးသတ်တည်ဆောက်ရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

''ပြည်သူတွေ လွတ်လပ်စွာဆန္ဒထုတ်ဖော်နိုင်တဲ့နေရာ သတ်မှတ်ပေး တာကောင်းပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့လူတိုင်းကို ဒီနေရာမှာပဲ လုပ်ခိုင်းလို့ရမှာ မဟုတ်ဘူး။ ဥပမာ-ကုမ္ပဏီကိုမကျေနပ်လို့ ကုမ္ပဏီရှေ့ပြတာ လမ်းလျှောက်ဆန္ဒပြ တာမျိုးတွေပေါ့''ဟု အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင် ရည်က သုံးသပ်သည်။

Aye Chan Mon Credit To:Yangon Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top