0

မြန်မာနိုင်ငံရဲ့ မင်းသမီးတွေ ရေကူးဝတ်စုံများနဲ့ ရိုက်ကူးတဲ့ ကုမ္ပဏီ တစ်ခုရဲ့ ပြက္ခဒိန်များက အွန်လိုင်းမှာ ပျံ့နှံ့ပြီး လူပြောများခဲ့ပါ တယ်။ ဒီပြက္ခ ဒိန်တွေထဲမှာ အေးမြတ်သူလည်း ပါဝင်ရိုက်ကူးခဲ့ပါတယ်။ ရေကူးဝတ်စုံနဲ့ ရိုက်ကူးတဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန် မှုတွေအပေါ် သူ့ရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး အေးမြတ်သူက “ပရိသတ်နှစ်မျိုးနှစ်စားရှိပါတယ်။ မကြိုက်တဲ့ သူတွေရှိတယ်။ ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ မကြိုက်တာပေါ့။ မရိုက်သင့်ဘူး။ ကိုယ်က ဒီလိုမျိုး မဟုတ်ဘူး။ ကောင်းကောင်းမွန်မွန်နေရမယ်။ ဣနြေ္ဒ ရရနေရ မယ်။ ချစ်တဲ့စိတ်နဲ့ အချစ်ကြီးပြီး မလုပ်စေချင်တဲ့လူတွေလည်း ရှိတယ်။ အဲဒီလိုပဲ ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုအလိုလိုက်တယ်။ လှတယ်။ ချစ်ဖို့ကောင်းတယ်ဆိုပြီး အလိုလိုက်တာပေါ့။ အတ္တကြီးတဲ့ လူလည်းရှိတယ်။ အလိုလိုက်တဲ့ လူလည်းရှိတယ်။ အဲဒီနှစ်ခု မှာ လူတွေကွဲသွား ကြတာပါ။ ဒီပုံတွေကို မကြိုက်တဲ့ စိတ်ဆိုးတဲ့
ပရိသတ်တွေအတွက် အေး မြတ်သူတောင်းပန်ပါတယ်။ ပရိသတ် မကြိုက်တာ ကို လုပ်မိတာကိုး။ ဒါပေမဲ့ အေးမြတ်သူ ဒီလိုပုံစံ မျိုးမရိုက်တာတော်တော်ကြာပါပြီ။ ဒီနှစ်မှာ ကျန်းမာရေးလိုက်စားတယ်။ ဒါကြောင့် ခန္ဓာကိုယ်
ကောက်ကြောင်း ပေါ်လာတယ်။ ကျန်းမာရေးပြုလုပ် ခြင်းရဲ့
အကျိုးဆက်ကို သိစေချင်တယ်။
ဒါကြောင့် ဒီလို ပုံကို ရိုက်ဖြစ်တာပါ။ အဲဒီအတွက် တောင်းပန် ပါတယ်။
နောက်ကို မလုပ်ဘူးလို့ မပြော ဘူး ဆင်ခြင်ပါ့မယ်။ အေးမြတ်သူရဲ့
စိတ်ဆန္ဒနှစ်ခုနဲ့ လုပ်လိုက်တဲ့အရာကို ချစ်တဲ့စိတ်နဲ့ အလိုလိုက်ပြီး တအားမိုက် တယ်။ ကြိုက်တယ်ဆိုပြီး ဖေ့စ်ဘုတ်မှာShare တဲ့ ပရိသတ်တွေကို လည်း
ကျေးဇူးလည်းတင်ပါတယ်။ တအား လည်း ချစ်ပါတယ်” လို့ပြောပါတယ်။
အေးမြတ်သူက လတ်တလော မှာ ဒါရိုက်တာ ခင်စောမျိုးရိုက် ကူးတဲ့
ပရော်ဖက်ဆာဆိတ်ဖွားနဲ့ မြိုင်ရာ ဇာတာတေ ရုပ်ရှင်ဇာတ် ကား မှာ
ကျော်သူ၊ လူမင်း၊ ဗေလုဝတို့နဲ့ သရုပ် ဆောင်မှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်ကား မှာ လုပ်နေကျသရုပ်ဆောင်မှုမဟုတ်ဘဲ
ကြမ်းတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ရ မှာဖြစ်တာကြောင့်
ရင်တွေခုန်နေတယ်လို့ ဆိုတဲ့ အေးမြတ်သူက “ပရိသတ်မုန်းမယ့်
ကာရိုက်တာမျိုး၊ စိတ်ထဲမှာ ဒွိဟတော့ဖြစ် တယ်။ ဒါပေမဲ့ လက်ခံပြီးရင်
အကောင်း ဆုံးဖြစ်အောင်လုပ်ပါမယ်” လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ – မင်းမင်းထွန်း

Popular Journal

Post a Comment

 
Top