0

ACM Re-Post 24-4-2014

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည် ခြောက်သန်းထိ ၀င်ရောက်နိုင်ရန် (၁၈) လ အတွင်း အပြီးသတ် အဆင့်မြှင့်တင် သွားမည် ဖြစ်သည်။ လက်ရှိ ရန်ကုန် လေဆိပ်သည် ခရီးသည် သုံးသန်း ၀န်းကျင်သာ အများဆုံး လက်ခံနိုင် သဖြင့် ခရီးသည် ပိုမို ၀င်ရောက် လာစေရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ် အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ လေဆိပ် တည်ဆောက်ရေးပိုင်းကိုတော့ ကုမ္ပဏီက ဆောင်ရွက်သွားမှာပါ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း က ပြောသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ရန် အေးရှားဝေါလ် ကုမ္ပဏီ၏ လက်အောက်ခံ Pionner Aerodr- ome Services ကုမ္ပဏီ ကို ရွေးချယ်ထားကြောင်း လေကြောင်း ပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်ရာတွင် လက်ရှိ အသုံးပြုနေသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်အား ဖြိုဖျက်၍ ပြန်လည် အသစ် တည်ဆောက်သွားမည် ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက် ထွက်ခွာဆောင်ကိုမူ ဖြိုဖျက်ခြင်း မပြုဘဲ ထပ်မံ တိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

အခုလည်း ရန်ကုန်လေဆိပ်က ခရီးသည် ၀င်ထွက်တာ အများဆုံး လုပ်နေတဲ့ လေဆိပ်တစ်ခုဖြစ်တဲ့ အတွက် နိုင်ငံတကာ အဆင့်မီ ဖြစ်ဖို့တော့ လိုအပ်တယ်”” ဟု MAI လေကြောင်းလိုင်းမှ မန်နေဂျာ ဒေါ်အေးမရသာ ကပြောသည်။

ထို့ပြင် ခရီးသည် (၁၀) သန်းခန့် အထိ ၀င်ရောက်နိုင်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ကုမ္ပဏီ တစ်ခုကို လည်း မကြာမီ ရွေးချယ်မည် ဖြစ်ပြီး၊ ယင်းလေဆိပ်အား ၂၀၁၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အရှေ့တောင် အာရှ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုအပ်ချက် ရှိနေပြီး၊ အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးပါက နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

ACM Credit To:Messenger News Journal
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top