0


အမွန်း| ACM Re-Post 26-5-2014

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲများကြောင့် မူဆယ်မြို့သို့ရောက်ရှိနေသည့် စစ်ရှောင်ကလေးငယ်များ ကျောင်းတက်ရန်အခက်အခဲရှိနေသည်ဟု မူဆယ် ကေဘီစီနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ တာဝန်ခံက ပြောသည်။

“စစ်ရှောင် ဒုက္ခသည်ကလေးတွေကို မူဆယ်မှာဘဲ ကျောင်းတက်မယ်လို့ သက်ဆိုင်ရာတွေနဲ့ညှိနှိုင်းထား တယ်” ဟုပြောသည်။

သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူးအချို့ကမူ မိမိတို့နေရပ်ရှိ စာသင်ကျောင်းများတွင်သာ စာသင်ရန်အတွက် ဖိအား ပေးမှုများလည်းရှိနေကြောင်း ဒုက္ခသည် စခန်းတွင် နေထိုင်သည့် အမည်မဖော်လိုသူ ကျောင်းသား မိဘတစ်ဦးက ပြောသည်။

မူဆယ်မြို့ ကေဘီစီ နှစ်ခြင်းခရစ်ယာန်ကျောင်းတွင် ကျောင်းတက်ရမည့် စစ်ပြေးဒုက္ခသည်ကလေးငယ် စုစုပေါင်း ၁၃၅ဦး ရှိနေပြီး မူဆယ်မြို့၊ ဟိုမွန် ရပ်ကွက်ရှိ ဒေါ်ရွတ်ကျောင်းတွင် ကျောင်းသား၊ သူဦးရေ နည်း ပါးသည့်အတွက် အဆိုပါကျောင်းတွင် စစ်ပြေးကလေးငယ်များကို အပ်နှံရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် အဆိုပါကျောင်းသည် ဒုက္ခသည်စခန်းနှင့် ဝေးကွာသည့်အတွက် အခက်အခဲရှိနေကြောင်းနှင့် မိမိ တို့စခန်းတွင် ကျောင်းဆောက်လုပ်မည် ဆိုသော်လည်းငွေကြေးနှင့် နေရာအခက် အခဲရှိနေကြောင်း ခရစ်ယာန်ကျောင်းမှ တာဝန်ခံက ပြောသည်။

Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top