0
တစ်နှစ်ကျော်အတွင်း ကျပ်သိန်းပေါင်းသောင်းနှင့်ချီ၍ ရှာ ဖွေနိုင်သူ မြန်မာနိုင်ငံတွင်ပေါ်နေပါပြီ။
‘‘မနှစ်က ရှစ်လပိုင်းအထိ ငွေခြောက်သောင်း လောက်ကို နီးစပ်ရာလိုက်လံ အသည်းအသန်ချေး ခဲ့ရသူလေး။ တစ်နှစ်နဲ့သုံးလအကြာ အခုအချိန်မှာတော့ သိန်းပေါင်း ရှစ်သောင်းလောက် ပိုင်ဆိုင်ချမ်းသာသူကြီးဖြစ်ခဲ့လေပြီ’’
အထက်ပါစာသားကြောင့် အားမကျလိုက်ပါနှင့်။ နီးစပ်ရာ လူ တစ်ထောင်ကျော်ထံမှ ကျပ်သိန်းရှစ်သောင်းကျော်လိမ်လည်သွား သော လတ်တလောသတင်းကြီးနေသည့် ဂျူးဂျူး ခေါ် ဒေါ်သက်သက် မြိုင်ကိုရည်ညွှန်း၍ ပြောသောစကားကြောင့်ဖြစ်ပါသည်။ ၂၀၁၆ ဩဂုတ်လတွင် ငွေခြောက်သောင်းလောက်အရေးပေါ်လိုနေသဖြင့် မိတ်ဆွေတစ်ဦးထံ ကျပ်လေးသိန်းဖြင့်ဝယ်ထားသည်ဆိုသော ပလက်တီနမ်ကြိုး အပေါင်သဘောမျိုးထားပါမည် ခဏချေးငှားပါဟု ဂျူးဂျူးကမိတ်ဆွေတစ်ဦးထံ ဖေ့စ်ဘွတ်ခ်မက်ဆင်ဂျာမှတစ်ဆင့် ပြော၍ အကူအညီတောင်းသောစာကိုကူး၍ TZ အောင်အမည်ရှိ ဖေ့စ်ဘွတ်ခ် သုံးစွဲသူက အထက်ပါစာကို ရေးသားမျှဝေခဲ့ခြင်း ဖြစ်သည်။ နာမည် ကျော် ဂျူးဂျူးခေါ် ဒေါ်သက်သက်မြိုင်ဖေ့စ်ဘွတ်ခ်အကောင့်အမည် thet Myaing ၏ လှည့်စားမှုအတက်ပညာကို ကြုံဖူးသူတစ်ဦးကလည်း ငွေခြောက်သောင်းချေးဖူးကြောင်း ပို့စ် အောက်တွင်သူ၏အတွေ့အကြုံကို ထပ်မံမျှဝေပြန်သည်။ ငွေလိုနေ သဖြင့် တိုက်ခန်းစာချုပ်ပေးထားမည်။ ငွေနှစ်သိန်းခဏချေးပါဟု ၂၀၁၆ နှစ်လယ်ပိုင်းမှာပင် အကူအညီတောင်း ခဲ့ဖူးသေးကြောင်း ဖြစ်ပါသည်။
အထက်ပါကဲ့သို့ ပလက်တီနမ်ကြိုး၊ တိုက်ခန်းစာချုပ်တို့ရှိသည် ဆိုကာ ကျပ်ခြောက်သောင်း၊ ကျပ်နှစ်သိန်းစသဖြင့် ချေးခဲ့သော အသက် (၂၈)နှစ်အရွယ် ဒေါ်သက်သက်မြိုင်မှာ တစ်နှစ်ကျော်ကြာသောအခါ လူ ၁၆၀၀ ၀န်းကျင်ထံမှ ကျပ်သိန်းရှစ်သောင်းခန့်လိမ်လည်တိမ်းရှောင်နေပြီဖြစ်သည်။ ယခင်ကြုံတွေ့ခဲ့ဖူးသော လိမ်လည်နည်းများကဲ့သို့ပင် ၎င်း က Jude Jude Family၊ သင့်မြတ် အများနှင့်သက်ဆိုင်သောကုမ္ပဏီတို့ ကို ဗန်းပြ၍ အမြတ်များစွာပေးမည်ဆိုသောငါးစာဖြင့် အလိမ်ခံရသူများ ကို စည်းရုံးသိမ်းသွင်းလိမ်လည်ခဲ့ခြင်းဖြစ်သည်။
စိတ်မကောင်းစရာနှင့် အံ့ဩစရာကောင်းလှသည်မှာ ရှေ့တွင်အ မြတ်များစွာပေးမည်ဆိုပြီး ပုံစံတူလိမ်လည်မှုများစွာဖြစ်ဖူးသော်လည်း၊ ထိုကဲ့သို့ လိမ်လည်မှုသတင်းများကို မီဒီယာများတွင် ကျယ်ကျယ်ပြန့် ပြန့်ဖော်ပြခဲ့သော်လည်း အမှတ်မရှိသူများစွာရှိနေခြင်းဖြစ်ပါသည်။ ယခုနှစ်အတွင်းမှာပင် စီးပွားရေးမြို့တော်ရန်ကုန်မြို့တွင် အချီကြီးလိမ် လည်မှုနှစ်ခုကြုံခဲ့ပြီးဖြစ်သည်။ ပထမဖြစ်စဉ်မှာ Myanmar Junwell Global ကုမ္ပဏီကဈေးဝယ်ကတ်လုပ်သည်ဆိုကာ အစုရှယ်ယာများ ဖိတ်ခေါ်ပြီး မလေးရှားနိုင်ငံသားလေးဦးက အမေရိကန်ဒေါ်လာတစ်သန်း ခွဲလိမ်လည်သွားခဲ့ခြင်းဖြစ်သည်။ ထိုလိမ်လည်မှုမှာလည်း ယခုချိန်ထိ တိုင် မည်သည့်အရေးယူမှုမျှ မပြုလုပ်နိုင်သေးပေ။
ဂျူးဂျူး၊ ရွှေမိုးစက်(ထက်လွင်ဦး)နှင့်အပေါင်းအပါများလိမ်လည်မှုကြောင့် တစ်ဦးလျှင်အနည်းဆုံးကျပ် ၁၀ သိန်းမှ အများဆုံးကျပ်သိန်း ၂,၀၀၀ အထိ နိုင်ငံတစ်ဝန်းမှ ပြည်သူ ၁,၆၀၀ ခန့်ထံမှ ကျပ်သိန်းရှစ်သောင်းခန့် ပါသွားခဲ့သည်။ မုန့်ဖုတ်လုပ်ငန်း၊ အလှပြင်ဆိုင်၊ ကားရေ ဆေးဆီထိုးလုပ်ငန်း၊ ငွေကြေးလဲလှယ်ရေးလုပ်ငန်း၊ ကျောက်မျက် ရတနာအရောင်းဆိုင်၊ ဖက်ရှင်ဆိုင်၊ မင်္ဂလာဆောင်ဝန်ဆောင်မှုစသောလုပ်ငန်းပေါင်းများစွာလုပ်ကိုင်မည်ဆိုပြီး အမြတ်ငွေ ၂၀ ရာခိုင်နှုန်းမှ၃၀ ရာခိုင်နှုန်းပေးမည်ဆိုကာ လိမ်လည်သွားခဲ့ခြင်းဖြစ်သည်။ လိမ်လည်ခံရသူများက ၎င်းတို့၏ငွေများပြန်ရရန်နှင့် ကျူးလွန်သူများကိုအပြစ်ပေး အရေးယူနိုင်ရန်ကြိုးပမ်းနေသော်လည်း အဓိကလိမ်လည်သူဂျူးဂျူးမှာ လက်ရှိတွင် ခြေရာဖျောက်နေပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ငွေကြေး အစုရှယ်ယာများကို ယုံကြည်သဖြင့် ပေးအပ်ခဲ့သောဖြစ်စဉ်မျိုးမှာ ရဲအ ရေးမပိုင်ဘဲ တရားရုံးသို့ဦးတိုက် လျှောက်ရန်လိုသည်။ ထို့ကြောင့် ချက်ချင်းအရေးယူ၍မရသည်များလည်းရှိနေသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်တွင် အမြတ်ငွေများစွာပေးမည်ဆိုကာ လိမ်လည်ခဲ့သော အကျိုးဆောင်လုပ်ငန်းများယခုနှစ်ပိုင်းအတွင်းမကြာခဏ ဖြစ်ပေါ်နေသောဆင့်ပွားစနစ်ဖြင့် လိမ်လည်မှုကဲ့သို့ဖြစ် ရပ်များ ကို သင်ခန်းစာယူ၍ လောဘနောက်မလိုက်ဘဲအယုံမလွယ်ကြရန်အရေးကြီးလှသည်။ သို့မှသာ ဇာတ်လမ်းမျိုးစုံဖြင့် လိမ်လည် သူများ၏ သားကောင်မဖြစ်မည်ဖြစ်၏။
ပြည်သူများအကြိမ်ကြိမ်အလိမ်ခံရပြီး နစ်နာဆုံးရှုံးမှု များသ ထက် များလာပြီဖြစ်၍ အစိုးရ၊ လွှတ်တော်နှင့်ရဲတပ်ဖွဲ့တို့ကလည်း ပြည်သူ့မျက်နှာကိုရှေးရှုကာ အလားတူဖြစ်စဉ်မျိုးကိုကာကွယ်နိုင် ရန်၊ ထပ်မံပေါ်ပေါက်ပါက ထိထိရောက်ရောက်အရေးယူနိုင်ရန် အတွက် လိုအပ်သောဥပဒေများပြဋ္ဌာန်းရန်၊ စီမံချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေပြီဖြစ်ပါသည်။
http://www.7daydaily.com/story/114738

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top