ရန်ကုန်စတော့အိတ် ချိန်း ဖွင့်လှစ်သည့် တစ်နှစ်တာ အတွင်း ပထမဦးဆုံး ရှယ်ယာ ရောင်းချသည့် FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ၄၈ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။
FMI ကုမ္ပဏီ ရှယ်ယာစတင် ရောင်းချချိန်တွင် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၃၁,၀၀၀ ဖြင့်ရောင်းချပြီး ဒီဇင်ဘာ ၉ ရက်တွင် ရှယ်ယာတန်ဖိုးကျပ် ၁၆,၀၀၀ သို့ ကျဆင်းလာကြောင်း ရန်ကုန် စတော့အိတ်ချိန်းမှ သတင်းရရှိ သည်။တစ်နှစ်အတွင်း FMI ကုမ္ပဏီ၏ ရှယ်ယာတန်ဖိုး ကျဆင်းရုံသာမက ရှယ်ယာအရောင်းအဝယ်ပါ ကျဆင်းခြင်းဖြစ်သည်။
အဆိုပါ FMI ကုမ္ပဏီသည် ရှယ်ယာ စတင်ရောင်းချခဲ့သည့် မတ်လ ၂၅ ရက်တွင် အစုရှယ် ယာပေါင်း ၁၁,၀၀၀ ကျော် ရောင်းချနိုင်ခဲ့သော်လည်း ဒီဇင်ဘာ ၈ ရက်၌ အစုရှယ်ယာ ၁,၈၀၀ ခန့် သာ အရာင်းအဝယ်ဖြစ်ခဲ့သည်။
သီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) သည်ရန်ကုန် စတော့အိတ်ချိန်းက တစ် နှစ်အတွင်း ရှယ်ယာ ၈ ရာခိုင်နှုန်း တန်ဖိုးကျဆင်းခဲ့ပြီး မြန်မာနိုင်ငံသားများဘဏ် (MCB)က ရှယ်ယာ တန်ဖိုး ၂၀ ရာခိုင်နှုန်း ကျော် မြင့်တက်ခဲ့သည်ဟု ဆို သည်။‘‘အဓိကက စတော့ကို ငွေ ကြေးဈေးကွက်လို မြင်လာဖို့လို တယ်။ ရှယ်ယာ အရောင်းအဝယ်ကျတာ ကုမ္ပဏီတွေ ဘက်ကရော၊ ကော်မရှင်ကရော အား နည်းချက်တွေ ပြန်လေ့လာဖို့လို မယ်လို့ထင်ပါတယ်။ နောက်ပြီး အများပိုင်ကုမ္ပဏီတွေ များများရှိ ဖို့လိုပါတယ်’’ ဟု Thura Swiss အမှုဆောင် အရာရှိချုပ် ဒေါက် တာ အောင်သူရက ပြောသည်။
စတော့ရှယ်ယာ ဈေးကွက် ကို ရှယ်ယာတွင် အရှုံးများခဲ့ပြီး အများစုသည် ငွေကြေးအလွယ် တကူရသည့် ရွှေနှင့် ဒေါ်လာသာ အဓိက အရောင်းအဝယ်ပြုလုပ် နေကြသဖြင့် စတော့ရှယ်ယာကို နောက်ပိုင်း၌ စိတ်ဝင်စားမှု နည်းပါးခဲ့သည်ဟု ရန်ကုန် စတော့အိတ်ချိန်း လေ့လာသူတစ်ဦးက ပြောကြားသည်။
FMI ကုမ္ပဏီသည် မတ်လ တွင် ကျပ်ငွေ ၂၅ ဘီလီယံခန့် ရှယ်ယာအရောင်းအဝယ် ဖြစ်ခဲ့ သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ တွင် ကျပ်သန်း ၆၀၀ သာအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရန်ကုန် စတော့ အိတ်ချိန်းက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ဖွင့် လှစ်ပြီး အများပိုင် ကုမ္ပဏီများ ရှယ်ယာ ရောင်းချမှုကို ၂၀၁၆ မတ်လ၌ စတင်ရောင်းချခဲ့သည်။ လက်ရှိတွင် အများပိုင် ကုမ္ပဏီ သုံးခုဖြင့် စတော့ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်နေသည်။
ဒီဇင်ဘာ ၉ ရက် စတော့ရှယ်ယာဈေးမှာ FMI ကုမ္ပဏီက ၁၆,၀၀၀ ကျပ်၊ သီလ၀ါအထူး စီးပွားရေးဇုန်အများပိုင်ကုမ္ပဏီ က ၄,၅၀၀ ကျပ်၊ မြန်မာနိုင်ငံသား များဘဏ်က ၉,၄၀၀ ကျပ်ဖြင့် ရောင်းချနေသည်။
http://www.7daydaily.com/story/83120
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.