0

ထားထက်ထက် နှင့် တွေ့ဆုံခြင်း
‘လိင်အကြမ်းဖက်မှု ပပျောက် ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’ ပြည်သူ့ဆန္ဒပြုပွဲတွင် Speaker တစ်ဦးအဖြစ် မျှဝေဟောပြောခဲ့သည့် အလှမယ်၊ မော်ဒယ်၊ သရုပ်ဆောင် ထားထက်ထက်၏ ပြောစကားများ အပေါ်Facebook စာမျက်နှာ ပေါ်တွင် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ သည်။ ထိုသို့ လုပ်ဆောင်ခဲ့သူများ ကို တရားဥပဒေအတိုင်းဆက်လက် လုပ်ဆောင်သွားမည့် အစီအစဉ် များ၊ လတ်တလော လုပ်ဆောင် နေသည့် ပရဟိတအကြောင်း များနှင့်ပတ်သက်၍ ထားထက်ထက် ကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
►’လိင်အကြမ်းဖက်မှု ပပျောက်ရေး ကြီးလေးပြစ်ဒဏ် ချမှတ်ပေး’Speaker တစ်ဦးအနေနဲ့ပြောခဲ့ တယ်။ ထားထက်မပြောဘဲ တက် လာတဲ့စကားနဲ့ပတ်သက်ပြီးဝေဖန် မှုတွေ မြင့်တက်နေတဲ့အပေါ် ဘာပြောလိုပါသလဲ။ ”ယောက်ျားမှန်ရင် အဖေ တောင် မယုံနဲ့” ဆိုတဲ့စကားကို ဗီဒီယိုဖိုင် နားထောင်ကြည့်ရင် ပါ မပါ သိမှာပါ။ ထားထက်ပြောတဲ့ ဆိုလိုရင်း သဘောတရားကို ဗီဒီယို ဖိုင် အစအဆုံးနားထောင်ကြည့်ရင် သိမှာပါ။ တချို့ကဒါကို ကော်ပီ ကူးပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောတာ ရှိတယ်။ ထားထက် အတိအကျ ပြောခဲ့တဲ့ စကားအသံကို ဖိုင်တွေ လည်း နားထောင်နိုင်ပါတယ်။ ထားထက်ပြောခဲ့တာက ”ခုနောက် ပိုင်းမှာ တစ်ခါမှမကြားဖူးခဲ့တဲ့ ဖခင်အရင်းက သမီးကို မုဒိမ်းကျင့် တဲ့ကိစ္စတွေတွေ့လာရတယ်။ ဒီလို ကိစ္စမျိုးဆိုရင်တော့ သေဒဏ်ပေး ကို ပေးစေ ချင်ပါတယ်။ ဒီလိုလူမျိုး ရှိနေလို့လည်း ဆန်ကုန်မြေလေး ဖြစ်နေမှာပါ။ ဘာမှထူးလာမှာ မဟုတ်ဘူး”ဆိုတဲ့စကားကို ထည့် သွင်းပြောဆိုခဲ့ ရုံပါ။Facebook ပေါ်မှာတက်လာတဲ့စကားနဲ့ လုံးဝ မတူပါဘူး။
►အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ထားထက်က ချက်ချင်းပြန်ဖြေရှင်းခဲ့ တာတွေ့ရတယ်။ ဘာ့ကြောင့်ပါလဲ။
ကိုယ်က အားငယ်တဲ့သူတွေ ဘက်ကနေရပ်တည်ပြီးတော့ လုပ် ပေးတဲ့သူဖြစ်တယ်။ ဒီလိုတိုက်ခိုက် တာကို လိုက်ခံစားပြီးဆက်မလုပ်ေ တာ့ဘူးဆိုရင် အားငယ်တဲ့သူတွေ အတွက် ကူရာကယ်ရာမဲ့ဖြစ်သွား မယ်။ ဒါကို ပြန်မတုံ့ပြန်ဘဲထား လိုက်ရင်ထားထက်တို့လုပ်ထား တာတွေကို ထိခိုက်သွားမှာစိုးရိမ် တယ်။ ထားထက်အနေနဲ့ အခုဒီ ပွဲမှာ ပါဝင်ပြီးလုပ်တာ သဲတစ်ပွင့် ဖြစ်နေရင်တောင် အဲဒီသဲတစ်ပွင့် တွေ အားလုံးကို စုပေါင်းလိုက်ရင် အင်အားတစ်ခုတော့ ဖြစ်လာမယ် လို့ယုံကြည်တယ်။ အဲဒါကြောင့် ကိုယ်တွေလုပ်ဆောင်တာနဲ့ ပတ် သက်ပြီး အထင်အမြင်လွဲသွားမှာ စိုးရိမ်လို့ ထားထက်ချက်ချင်းပဲ ပြန်ဖြေရှင်းခဲ့တယ်။ သူတို့တွေဆီ ကိုလည်း မူရင်းဗီဒီယိုပါပို့ပေးတယ်။ ဘာ့ကြောင့်ဖြေရှင်းလဲဆိုတော့ ကိုယ်သွားနေတဲ့ခေါင်းစဉ်တစ်ခု က ပိုအမြင်စောင်းသွားပြီး တခြား လူတွေကိုပါ ထိခိုက်သွားမှာစိုးလို့ ပါ။ ဒီသက်ငယ်မုဒိမ်းနဲ့ ပတ်သက် ပြီး ထားထက်လုပ်တာ ပေါ်ပင် မဟုတ်ဘူး။
►ထားထက်ဘက်က ပြန်ရှင်းပြလိုက် တော့ အခုပြေလည်သွားပြီလားရှင့်။
ထားထက် ပြောထားတာကို နားလည်သွားတဲ့သူက ပြန်တောင်း ပန်တယ်၊ တချို့ကပို့စ်တွေပြန် ဖြုတ်ပေးတယ်။ ချက်ဘောက်စ်က နေပြ န်တောင်းပန်တယ်။ ပြန်ပြီး တော့ မတောင်းပန်သေးတဲ့သူလည်း ရှိတယ်။ ထားထက်တောင်းပန်ခံ ချင်လွန်းလို့မဟုတ်ဘူး။ ထားထက် နာမည်ကို ထိခိုက်စေတဲ့အပြင် ထားထက်မိဘတွေကိုပါ ထိခိုက် လာတယ်။ share တဲ့လူတွေက လည်းများတော့ အားလုံးတော့ လိုက်မကြည့်နိုင်ဘူး အဲဒီအထဲမှာ တချို့က ပရိုဖိုင်အမှန်ရှိမယ်၊ တချို့ က မမှန်တာရှိမယ်။
►ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဥပဒေ အတိုင်း ဆက်လိုက်သွားဖို့ရော ရှိပါသလား။
ဥပဒေ တတ်သိနားလည်တဲ့ လူကြီးတွေကဥပဒေဘောင်အတိုင်း သွားဖို့ အကြံပေးထားတာရှိတယ်။ ကိုယ်မပြောခဲ့တာကို နာမည်ထိ ခိုက်အောင်လုပ်တယ်ဆိုတော့ စံပြအနေနဲ့ တစ်ခုခုလုပ်ရင် ကောင်းမယ်။ ဒီလိုအကြံတော့ ရှိတယ်။ တချို့ကမသိလို့ရှဲတာ ရှိတယ်။ အခုက နာမည်ဖျက် ချင်တဲ့ပုံစံနဲ့ လုပ်တယ်ဆို တော့ စဉ်းစားထားတယ်။ အချိန် တစ်ခုပေးထား တယ်။ ထားထက်အကျယ် မဖြစ်ချင်ဘူး။ Screen Shot တွေရိုက်ထားတယ်။ ဒါပေမယ့် တစ်ယောက် ကတော့ ခုထိမတောင်း ပန်ဘူး။ အဲဒီအတွက် အချိန်တစ်ခုထိ တောင်းပန်တာ ကို စောင့် မယ်။ မလာရင်တော့ ဥပဒေအတွင်းကနေ လုပ်ဖို့အစီအစဉ်ရှိတယ်။
►ဒီပွဲကနေတစ်ဆင့် ဘယ်လို ရလဒ်ကောင်းတွေ ပြန်ကြားရ ပါသလဲ။
ဒီပွဲကနေပြန်လာတဲ့ တုံ့ပြန်မှု က အားကောင်းတယ်။ ပြန်ကြားရ တော့ကျေနပ်တယ်။ တကယ်လည်း ပပျောက်စေချင်တယ်။ ထားထက် တို့ ဆက်ပြီးတော့လုပ်မယ်။ ဒါကို စိတ်ဝင်တစားနဲ့ ပူးပေါင်းပါဝင်တဲ့ ပြည်သူလူထုတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်။ အခု အဲဒါနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတာဝန် ရှိတဲ့ နိုင်ငံတော်အကြီးအကဲတွေ ကလည်း စတင်ဆွေးနွေးပြီလို့ ယုံ ကြည်တယ်။ မကြာခင်အကောင် အထည်ပေါ်လာမယ်ယုံကြည်တယ်။
►ထားထက် ပရဟိတတွေဆက်တိုက် လုပ်နေတာတွေ့ရတယ်။ အနု ပညာဘက်မှာ ထိခိုက်မှာ မစိုးရိမ် ဘူးလား။
ထားထက်ကMiss မြန်မာ တစ်ယောက်လည်းဖြစ်တယ်။ မြန်မာ ပြည်သူတစ်ယောက်လည်းဖြစ် တယ်။ အခု ပရဟိတပဲ သီးသန့် လုပ်ဖြစ်တယ်။ တကယ်လည်း လုပ်ဖို့လိုအပ်တယ်။ အနုပညာ ဘက်တောင် အဲဒီလောက် အား မစိုက်ဖြစ်ဘူး။ ကိုယ်တိုင်က Miss တစ်ယောက်ဖြစ်ခဲ့တယ်။ ကိုယ့်ကို လိုအပ်နေတဲ့သူတွေကို ကူညီရတာ လည်း ပီတိဖြစ်တယ်။ နိုင်ငံအကျိုး အတွက် တစ်ပိုင်တစ်နိုင် ကိုယ်နိုင် သလောက်လုပ်ပေးချင်တယ်။အဲဒီ အတွက်ကြောင့်ထားထက်ပရဟိ တပွဲဆို အချိန်ပေးတယ်။ အနု ပညာဘက်ကို ပုံရိုက်တာေ လာက်ပဲ လုပ်ဖြစ်တယ်။ ဇာတ်ကားတွေ တောင် အချိန်ပေးမရိုက်ဖြစ်ဘူး။
►အခု လတ်တလောမှာရော ပရဟိ တနဲ့ပတ်သက်ပြီး ဘာတွေလုပ် ဆောင်ဖို့ရှိပါသလဲ။
အခု သက်ငယ်မုဒိမ်းမှာ ခံ စားခဲ့ရတဲ့ မိသားစုတွေဆီကို သွား နိုင်အောင် ကြိုးစားနေတယ်။ အခု လည်း ထားထက်သွားရောက် တွေ့ ဆုံတယ်။ တစ်ခဏအတွင်း မှာပဲ အဲဒီညီမလေးက ထားထက် ကိုခင်တွယ်လာတယ်။ ထားထက် နဲ့ခဏတာ တွေ့တဲ့အချိန်မှာပဲ သူပျော်ရွှင်တာမျိုးမဟုတ်ဘဲ သူ့ ဘဝတစ်လျှောက်လုံး ဒီအရာကို မေ့ပစ်နိုင်ပြီး ဘဝသစ်မှာ သူပျော် အောင် တတ်နိုင်တဲ့ဘက်ကနေ ထားထက် လုပ်ဆောင်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ စိတ်ပိုင်းဆိုင်ရာမှာ ပြန်ပြီးကုစား ပေးရမယ့်အပိုင်းတွေ အများကြီး ရှိတယ်။ ထားထက်တစ်ယောက် တည်း အားနဲ့တော့ မလုပ်နိုင်ဘူး။ ဒီအပိုင်းလည်း စုပေါင်းလုပ်ကိုင် ရမှာပဲ။ လူသိရှင်ကြား မဟုတ်ဘဲနဲ့ မသိ နားမလည်ခြင်းများစွာနဲ့ ဒီလို အမှုတွေကို မတရားခံခဲ့ရတဲ့ မိသား စုတွေလည်းရှိကောင်းရှိမယ်။ အဲဒီလို မဖြစ်အောင်ပညာတွေပေး သွားမယ်။ ခံစားခဲ့ရတဲ့ ကာယကံရှင်တွေဆီ ကိုသွားပြီး သူတို့စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေကို ပြန်လည် ကုစားပေးမယ့် အဖွဲ့လေးတစ်ခု ပေါ်ပေါက်လာစေချင်တယ်။

http://www.popularmyanmar.com/popularnews/archives/27086

Post a Comment

 
Top