စိုင်းလမင်း
နေပြည်တော်၊ ဒီဇင်ဘာ
နေပြည်တော်၊ ဒီဇင်ဘာ
နိုင်ငံကူးလက်မှတ် ပျောက်ဆုံး မှုကြောင့် အမည်ပျက် (Black List) စာရင်းသွင်းခံရသူ ရက်သတ္တ တစ်ပတ်လျှင် ရာချီရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။
Passport ပျောက်ဆုံးသူများ တွင် မြန်မာနိုင်ငံသားများ၊ နိုင်ငံ ခြားသားများပါဝင်ပြီး ယင်းပျောက် ဆုံးစာအုပ်များကို မသမာသူတစ်စုံ တစ်ဦးက အသုံးပြုသွားမည်ကို စိုး ရိမ်သောကြောင့် ပျောက်ဆုံးPassport နံပါတ်များကိုBlack List စာရင်းသို့ သွင်းလိုက်ရခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံသားများက အသစ် ပြန်လည်လျှောက်ထားနိုင် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောသည်။
”Black List စာရင်းသွင်းတာ များတာကတော့ အဓိကကတော့ Passport ပျောက်သွားတဲ့သူတွေ၊ နည်းအမျိုးမျိုးနဲ့ အခိုးခံရတာတွေ အကြမ်းဖက်သမားတွေ လက်ထဲ ရောက်သွားမှာစိုးလို့ Black List စာရင်းသွင်းထားရတာပါ” ဟု ၄င်းကပြောသည်။
Passport ပျောက်ဆုံးမှုကြောင့် မဟုတ်ဘဲ အခြားပြစ်မှုများကြောင့် အမည်ပျက်စာရင်းသွင်းထားသူ များကို လက်ရှိတွင် တဖြည်းဖြည်း ခြင်းဖြေလျှော့မှုများ လုပ်ဆောင်ပေး လျက် ရှိနေကြောင်း သိရသည်။
”ဥပမာ ကျန်းမာရေးဝန်ကြီး ဌာနက ဆရာဝန်တွေ နိုင်ငံခြားမှာ ဘွဲ့လွန်သွားတတ်တယ်၊ သက်ဆိုင် ရာဌာနနဲ့ ကင်းကွာပြီးတော့။ ဒါ ပေမယ့် ပြန်မလာတော့ဘူး။ အဲဒီ မှာပဲ နေတယ်။ ဒါမျိုးတွေကို သွင်း တာရှိပါတယ်။ ဒါပေမယ့် သူတို့ မြန်မာနိုင်ငံကို ပြန်လာချင်တယ်၊ ပြီးတော့ သူတို့ရဲ့ သက်ဆိုင်ရာဝန် ကြီးဌာနကလည်း တောင်းဆိုပေး ရင် ကျွန်တော်တို့ကBlack List စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါ တယ်” ဟု ၄င်းကပြောသည်။
ယင်းအပြင် အခွန်ကိစ္စနှင့် ပတ်သက်၍ စည်းကမ်းဖောက်ဖျက် မှုကြောင့် အမည်ပျက်စာရင်း သွင်းထားသူများ အခွန်ကိစ္စပြေ လည်ေ အာင် ဖြေရှင်းပြီးသွားပါက အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေး နေကြောင်း ၄င်းကပြောသည်။
http://www.popularmyanmar.com/popularnews/archives/27002
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.