0


ပြည်သူ့ ထောက်ခံမှုနှင့် အတူ အစိုးရဖွဲ့နိုင်ပါက ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တာဝန်ယူဆောင်ရွက်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)အနေဖြင့် အဆင့်သင့်ရှိနေကြောင်း ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်မိန့်ကြားခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲချည်းသက်သက် မဟုတ်၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပြိုင်တူဖော်ဆောင်မည်ဟု ကတိက၀တ်ပြုခဲ့သည်။ ဒုတိယပင်လုံညီလာခံနှင့်အတူ၊ ပြည်တွင်းငြိမ်းချမ်းရေး ခရီးရှည်ကို လျှောက်လှမ်းမည်ဟု စိတ်ပိုင်း ဖြတ်ထားသည့် လူထုခေါင်းဆောင်၏ အသွင်သဏ္ဍာန်များကလည်း မိန့်ခွန်းထဲတွင် ထင်ရှားနေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် ပါတီ၏ မူဝါဒ၊ သ ဘောထား၊ လုပ်ငန်းစဉ်များကို စက် တင်ဘာ ၂၁  ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ၌ ဟောပြောတင်ပြခဲ့ သည်။
 အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (ဒီချုပ်)သည် အစိုးရဖွဲ့နိုင် ရေးရည်ရွယ်လျက် ၂၀၁၅ ရွေး ကောက်ပွဲတွင် အာဏာရပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ပြည်ခိုင်ဖြိုး)နှင့် စီးချင်းထိုး ယှဉ်ပြိုင်မည်ဖြစ်သည်။ လာမည့် ရွေးကောက်ပွဲတွင် ဒီချုပ်နှင့် ပြည် ခိုင်ဖြိုးနှစ်ပါတီအနက်၊ တစ်ပါတီ ကို အစိုးရဖွဲ့နိုင်ရေးအတွက် ဆန္ဒ မဲပေးကြရမည်ဖြစ်သည်။ ပြည်သူ လူထုအနေဖြင့် ရွေးကောက်ပွဲ တွင် မဲပေးရန် ပျက်ကွက်လျှင် ဒီချုပ်ပါတီသည် မဲလျော့နိုင်ခြေရှိ သကဲ့သို့ မဲပြားနိုင်သည်ကိုလည်း မျက်ခြည်မပြတ်သင့်ပေ။ မဲလျော့၊ မဲပြားလင့်ကစား ဒီမိုကရေစီမိတ် ဖက်တိုင်းရင်းသားပါတီ (သို့မ ဟုတ်) တစ်သီးပုဂ္ဂလကိုယ်စား လှယ်အနေဖြင့် ရွေးကောက်ပွဲနိုင် သွားလျှင် အသက်ရှူချောင်နိုင် သော်လည်း အာဏာရပြည်ခိုင် ဖြိုးပါတီက ပြန်အနိုင်ရသွားလျှင် မူ အစိုးရသစ်ဖွဲ့ရေးမျှော်လင့် ချက်သည် ပျက်ပြယ်နိုင်ပြီး အ ပြောင်းအလဲသည်လည်း အလှမ်း ဝေးသွားနိုင်ဖွယ်ရှိသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ ဒေ (၂၀၀၈ ခုနှစ်)အကျပ်အတည်း နှင့် ပြည်တွင်းငြိမ်းချမ်းရေး အကျပ်အတည်းတို့ကို ထိရောက် တွင်ကျယ်စွာ ဖြေရှင်းနိုင်ခြင်းမရှိ သရွေ့ မြန်မာ့ဒီမိုကရေစီအ ပြောင်းအလဲသည် ကျွဲပါးစောင်း တီးပင်ဖြစ်သည်။ ပြည်တွင်းငြိမ်း ချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့သည် နိုင်ငံရေး အရ ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီနေ သည်။ ဒီချုပ်သည် ပြည်တွင်းစစ် ရပ်စဲရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲ များကျင်းပပြီး ညှိနှိုင်းအဖြေရှာ ရေးနှင့် ပင်လုံအခြေခံမူဖြစ်သော တိုင်းရင်းသား တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စသည်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေက အာမခံရေးဟူသည့် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်သွားရန် ၂၀၁၀ ပြည့် နှစ်ကတည်းက ချမှတ်ထား ကြောင်း ဒေါ်အောင်ဆန်းစုကြည် က မဲဆွယ်မိန့်ခွန်းတွင် ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အောင်မြင်စွာ သဘောတူလက် မှတ်ရေးထိုးပြီးသောအခါ ဒီမိုက ရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းဖို့ နိုင်ငံရေးဆွေးနွေးပွဲ များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စတို့ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ထာဝရငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်နိုင်မည်ဟု ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင်ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူ ဆောင်ရွက်ရမည်မှာ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှ ထွက် ပေါ်လာမည့် အစိုးရပင်ဖြစ်သည် ဟု အတိအလင်းပြောကြားခဲ့ သည်။ လပိုင်းသာသက်တမ်းကျန် သည့် လက်ရှိအစိုးရထက်၊ ၂၀၁၆မတ်လကုန်ပိုင်းတွင် ဖွဲ့စည်းမည့် အစိုးရသစ်အနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကမကထပြု ကျင်းပခြင်းက ကြောင်းကျိုးလျော် ကန်မည်ဖြစ်သည်။ ပြည်သူလူထု က လိုလားထောက်ခံမည်ဆို လျှင် ဒီချုပ်ပါတီအနေဖြင့် နိုင်ငံ ရေးဆွေးနွေးပွဲများကို တာဝန်ယူ ဆောင်ရွက်ရန် အဆင်သင့်ရှိပါ ကြောင်းလည်း အသိပေးပြော ကြားခဲ့သည်။
 လာမည့် ရွေးကောက်ပွဲမ တိုင်မီ (သို့မဟုတ်) အစိုးရသစ် မဖွဲ့စည်းမီကာလတွင် ဒီချုပ်ပါတီ အနေဖြင့် ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိက၀တ်များအပေါ် အခြေပြု သည့် ပြည်တွင်းငြိမ်းချမ်းရေး စီမံ ချက်နှင့် ငြိမ်းချမ်းရေးလမ်းပြမြေ ပုံသစ်ကို တိုင်းရင်းသားပြည်သူလူ ထုတစ်ရပ်လုံး သိရှိနိုင်အောင် ထုတ်ပြန်နိုင်မည်ဆိုလျှင် သာလွန် ကောင်းမွန်မည်ဖြစ်သည်။ အထူး သဖြင့် ဒီချုပ်၏ ငြိမ်းချမ်းရေးစီမံ ချက်နှင့် အမြင်သဘောထားများ ကို တိုင်းရင်းသားခေါင်းဆောင် များနှင့် တိုင်းရင်းသားလူမျိုးစုများ က သဘောတူလက်ခံလာရေး ဦး စားပေးလုံးပန်းရမည်ဖြစ်သည်။
ဒီချုပ်ပါတီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ဒုတိယပင်လုံညီ လာခံကျင်းပရေးကို ဦးတည် လျက်ရှိကြောင်း၊ ဒုတိယပင်လုံ ညီလာခံသည် ပင်လုံစိတ်ဓာတ်၏ အနှစ်သာရဖြစ်သော ဗမာအပါအ၀င်တိုင်းရင်းသားများအားလုံး ပူး ပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ဘုံ မျှော်မှန်းချက်များကို အောင်မြင် အေးချမ်းစွာ အကောင်အထည် ဖော်နိုင်မည်ဆိုသည့် ယုံကြည် ချက်အပေါ် အခြေခံသော ငြိမ်း ချမ်းရေး ပြည်ထောင်စုဆွေးနွေး ပွဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က တိုင်းပြည်သို့ အတိအ လင်းပြောကြားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးဆီ ဦးတည်သည့် ခြေလှမ်းတိုင်းသည် ပင်လုံစိတ် ဓာတ်၊ ပင်လုံကတိက၀တ်များ၊ ပင်လုံစာချုပ်တို့နှင့် တထပ်တည်း ကျနေမှသာ အားကောင်းမောင်းသန်မည်ဖြစ်သည့် အလျောက် ပင်လုံနှင့် တစ်ထပ်တည်း လက်တွေ့ကျကျပုံဖော် မည်ဖြစ်ကြောင်းအပြောမဟုတ် အလုပ်နှင့် သက် သေပြနိုင်ရန် အရေးကြီးသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ သည် နိုင်ငံ၏ အနာဂတ်တစ်ခုလုံး အတွက် ရည်ရွယ်သော သဘော တူညီမှုများကို အသေအချာတိုင် ပင်ဆွေးနွေးအဖြေရှာရသည့်ပွဲ များဖြစ်သည့်အလျောက် အချိန် ကြာနိုင်သော်လည်း အကန့်အ သတ်မရှိ အချိန်ဆွဲနိုင်သော အနေအထားမဖြစ်ရန် အရေးကြီး ကြောင်း လူထုခေါင်းဆောင်က ထောက်ပြခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အချိန်ဇယား နှင့် ပွင်းလင်းမြင်သာမှုရှိရှိ ကျင်းပ နိုင်မည်ဆိုလျှင် ထိရောက်အလုပ် ဖြစ်နိုင်မည်ဖြစ်သည်။ ၁၄ နှစ်ကြာ အချိန်ဆွဲကျင်းပခဲ့သည့် အမျိုး သား ညီလာခံကဲ့သို့ မဖြစ်ရေး အ ထူးအလေးထားရမည်ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသော သဘောတူညီချက်များကို အမြန်ဆုံးအကောင် အထည်ဖော်ရေးသည် အရေးကြီး သည့်အလျောက် ဆွေးနွေးပွဲများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို တစ်ပြိုင်နက်လုပ်ကိုင် ဆောင်ရွက်သင့်ကြောင်း လူထု ခေါင်းဆောင်က အလေးပေး ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ၂၀၁၅ ရွေးကောက်ပွဲကြေ ညာစာတမ်းတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအေးချမ်းစွာ လက်တွဲနေထိုင်ရေးကို အာမခံ ချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေ ခံ ဥပဒေတစ်ရပ် ပေါ်ထွန်းရေး ကို ကဏ္ဍလေးရပ်အနက် တစ် ရပ်အဖြစ် ထုတ်ပြန်ထားပြီးဖြစ် သည်။ တိုင်းရင်းသားပြည်သူတစ် ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲ နေထိုင်ရေးကို အာမခံချက်ပေး နိုင်မည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ပင်ဖြစ်သည်။ သို့ဖြစ်၍ ပြည်တွင်း ငြိမ်းချမ်းရေးကို အာမခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စုကို အာမခံနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်သာ မြန်မာ့ နိုင်ငံရေးရှေ့ခရီးကို ငြိမ်းချမ်းစည် ပင်စေမည်ဖြစ်သည်ဟု သုံးသပ် နိုင်သည်။ ဒီချုပ်ပါတီအနေဖြင့် အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေရ ရှိရေးအတွက် မည်သို့မည်ပုံပြင် ဆင် ဆောင်ရွက်ထားသည်ကို လည်းကောင်း၊ တိုင်းရင်းသားလူ မျိုးစု များနှင့် မည်သို့မည်ပုံထိတွေ့ ဆွေးနွေးအဖြေရှာမည်ကို လည်း ကောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးနိုင်ရေးမဖြစ် မနေပြင်ဆင် ရှေးရှုရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမည်မှာ နိုဝင်ဘာအထွေထွေရွေးကောက် ပွဲမှ ထွက်ပေါ်လာမည့် အစိုးရဖြစ် သည့် နည်းတူ၊ ငြိမ်းချမ်းရေးဆွေး နွေးပွဲများနှင့် ဒုတိယပင်လုံညီလာ ခံတို့တွင် ကိုယ်စားလှယ်များ ရွေး ချယ်ရာ၌ နိုဝင်ဘာအထွေထွေ ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံရမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးပါတီများ၏ ကိုယ်စား လှယ်များကို ရွေးချယ်ရာတွင် နို ၀င်ဘာရွေးကောက်ပွဲတွင် ရရှိ သော ဆန္ဒမဲရာခိုင်နှုန်းအပေါ် အခြေခံလျက် အချိုးကျကိုယ်စား ပြုပါဝင်နိုင်ရေး ပြင်ဆင်ဆောင် ရွက်သင့်သည်။ ရွေးကောက်ပွဲ တွင် တူတူတန်တန်မဲရာခိုင်နှုန်းမ ရရှိသော နိုင်ငံရေးပါတီများကို  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကိုယ် စားလှယ်အဖြစ် တက်ရောက်ခွင့် မပြုသင့်ပေ။ အလွန်ဆုံးလေ့လာ သူအဖြစ်သာ တက်ရောက်ခွင့်ပြု သင့်သည်။ပြည်သူလူထုကို တူ တူတန်တန် ကိုယ်စားမပြုနိုင် သော နိုင်ငံရေးပါတီများကို ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် တူတူ တန်တန် ကိုယ်စားပြုခွင့်ပြုပေး မည်ဆိုလျှင် ဆွေးနွေးပွဲကို နှောင့် နှေးကြန့်ကြစေမည့်အပြင် ဖျက် မြင်းကဲ့သို့ ပါဝင်လာနိုင်ခြေရှိ သည်ကိုလည်း သတိချပ်သင့် သည်။
 အချုပ်ဆိုရသော် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည် ပြည်တွင်းသာမက နိုင်ငံတကာအသိုင်းအ၀ိုင်းတွင်ပါ သြဇာကြီးမားပြီး တိုင်းရင်းသား လူမျိုးစုများအကြားတွင် ယုံကြည် မှုမြင့်မြင့်မားမားရရှိထားသည့် နိုင်ငံရေးခေါင်းဆောင်ဖြစ်သည့် အားလျော်စွာ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ဦးစီးဦး ဆောင်ပါဝင်လာမည်ဆိုလျှင် တိုင်းပြည်နှင့် ပြည်သူလူထုအ တွက် အကျိုးများမည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်သည်။ ထို့ ကြောင့် လူထုခေါင်းဆောင်၏ မဲ ဆွယ်မိန့်ခွန်းအလွန်ငြိမ်းချမ်းရေး ခရီးရှည်တွင် တိုင်းရင်းသားပြည် သူလူထုတစ်ရပ်လုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်ချင်း ချိတ်၊ ကျောချင်းကပ်လျက်၊ ရပ် တည်သင့်ပါကြောင်းနှင့် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် လည်း တိုင်းရင်းသားခေါင်း ဆောင်များ၊ တိုင်းရင်းသားလူမျိုး စုများနှင့် ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး ရှေးရှုသင့်ပါ ကြောင်း တိုက်တွန်းဆော်သြ လိုက်ရပါသည်။
http://www.7daydaily.com/story/47012

Post a Comment

 
Top