0

စည်သူကျော် ၊ ရန်ကုန်၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် မဲစာ ရင်းများ မှားယွင်းမှုကြောင့် NLD ပါတီ ၏ ရွေးကောက်ပွဲအောင်နိုင်ရေးရလဒ် ကို ထိခိုက်စေသည်ဟု NLD ပါတီ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးညာဏ်ဝင်းက ပြောသည်။
''မဲစာရင်း မှားတာတွေကို ကျွန် တော်တို့ဝိုင်းကူတဲ့အနေနဲ့ တင်ပြတယ်။ ဒါကိုမပြင်ဘူး ပြန်ထုတ်တယ်။ တမင်တ ကာ ရည်ရွယ်ပြီး လုပ်နေတယ်တောင် ထင် ရတယ်''ဟု ဦးညဏ်ဝင်းက ဆိုသည်။
NLD ပါတီ၏ သုတေသနလုပ်ငန်း များအရ လူ ၁ဝဝတွင် ရာခိုင်နှုန်း ၇ဝ သည် NLD ပါတီကို မဲထည့်မည်ဟု ဆိုထားပြီး မဲစာရင်းတွင် မဲပေးမည့်သူ များအမည် မပါဝင်ခြင်းသည်လည်း NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင် ရေး ထိခိုက်သည့်အချက် ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။
လတ်တလော မဲစာရင်းများ မှား ယွင်းနေမှုကြောင့် ၂ဝ၁၅ ရွေးကောက် ပွဲအား တရားမျှတသည့် ရွေးကောက် ပွဲ မဖြစ်နိုင်ဘူးဟု ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
''မဲပေးခွင့်မရဘူး ပယ်မဲဖြစ်မယ် ဆိုရင် ကျွန်တော်တို့ပဲ အထိနာမှာ''ဟု ဦးဝင်းထိန်ကပြောသည်။
NLD ပါတီသည် ၂ဝ၁၅ ရွေး ကောက်ပွဲတွင် တိုင်းဒေသကြီးအားလုံး၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် အနိုင်ရရှိရန် အခြေ အနေ ကောင်းနိုင်ပြီး ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တွင် အကြိတ်အနယ်ယှဉ် ပြိုင်ရမည်ဖြစ်ကြောင်း ၄င်းက ဆက် ပြောသည်။
NLD ပါတီသည် လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်း ၁၁၃ဝ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။
NLD ပါတီသည် ၂ဝ၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

Yangon Media Group

Post a Comment

 
Top