0


 နေပြည်တော် ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်များ တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးရာ၌ ပြဿနာ တစ်စုံတစ်ရာမရှိဘဲ သန့်သန့် ရှင်းရှင်း မဲဆွယ်နေကြကြောင်း ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှ သတင်းရရှိသည်။
စက်တင်ဘာ ၈ ရက်မှစတင် ကာ မဲဆွယ်စည်းရုံးခွင့်ကို တရား ဝင်ပြုထားပြီး ၂၃ ရက်အထိ မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ တိုင်ကြားခြင်း လုံးဝမရှိသေးဟု ပြည်ထောင်စုနယ်မြေ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအောင်စိုးဝင်းက အ တည်ပြုပြောကြားသည်။
‘‘အခုချိန်ထိတော့ တိုင်ကြား ထားတာလည်းမရှိသေးဘူး။ မဲ ဆွယ်တဲ့ကာလအတွင်းမှာတော့ ပစ္စည်းပေးတာတွေမရှိဘူး။ ထူး ခြားမှုလည်းမရှိဘူး’’ဟု ဦးအောင် စိုးဝင်းက ပြောသည်။
တရားဝင်မဲဆွယ်ခွင့်မရမီ ကာလများတွင် နေပြည်တော် ကောင်စီနယ်မြေရှိ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း အချို့သည် မိမိသက်ဆိုင်ရာ မဲဆန္ဒနယ်များတွင် အလှူများ ပြုလုပ်ခြင်း၊ ပစ္စည်းများပေးဝေ ခြင်းတို့ ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းများ ကြောင့် လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နှင့် လယ်ဆည်ညွှန်ချုပ် ဟောင်း ဦးကျော်ဝင်းတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားမှုများရှိခဲ့သော် လည်း အရေးယူခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်ခြင်းမရှိသေး ကြောင်း သိရသည်။
‘‘တရားဝင်မဲဆွယ်ခွင့်ရရှိတဲ့ အချိန်မှာတော့ ပစ္စည်းပေးတာမျိုး တွေ၊ လာဘ်ပေးတာမျိုး ကိုယ်စား လှယ်လောင်းတွေက ပေးတာတွေ တော့ မကြားမိဘူး။ အရင်က တော့ အလှူအတန်းတွေလုပ်ပြီး ပေးကြတယ်။ အခုတော့ ငြိမ်နေ တယ်’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ပြော သည်။
နေပြည်တော်ကောင်စီနယ် မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်း သားစည်းရုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၊ တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။
http://www.7daydaily.com/story/47074

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top