0

ပြည်တွင်းရှိ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုများ အနက် တစ်ခု အပါအဝင်ဖြစ်သော ကမ္ဘောဇကုမ္ပဏီများ အုပ်စုသည် Mircosoft ထံမှ နည်းပညာဆော့ဖ်ဝဲများကို တရားဝင် ဝယ်ယူ အသုံးပြုတော့မည်ဟု ကြေညာခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ကမ္ဘောဇကုမ္ပဏီများအုပ်စုအနက် တစ်ခု အပါအဝင်ဖြစ်သော ကမ္ဘောဇဘဏ်လုပ်ငန်းရှိ ကွန်ပျူတာများကို Microsoft ဆော့ဖ်ဝဲများ တရားဝင် ထည့်သွင်း အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါပြောင်းလဲမှုကို ပြုလုပ်ရန် အချိန် တစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။
ဒုတိယအဆင့်၌ ကမ္ဘောဇကုမ္ပဏီများ လုပ်ငန်းစု အတွင်း ပါဝင်သည့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ အိမ် ခြံမြေလုပ်ငန်း၊ ကုန်သွယ်ရေးလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့၌ Microsoft ဆော့ဖ်ဝဲများကို တရားဝင် ဝယ်ယူအသုံးပြုသွားမည်ဟု သိရသည်။
“Cash Base နဲ့ သုံးနေကြတာဆိုရင် ကျွန်တော်တို့နိုင်ငံပဲ ရှိပါတယ်။ Cash Less အနေနဲ့သုံးချင်ရင် ကျွန်တော်တို့ အိုင်တီကို အသုံးချမှကို ရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ Microsoft နဲ့ ပူးပေါင်းပါတယ်။ ကမ္ဘာ့အဆင့်မီဖြစ်ချင်ရင် ကမ္ဘာ့အဆင့်မီတဲ့ ကုမ္ပဏီနဲ့ ပေါင်းမှဖြစ်မယ်လို့လည်း ခံယူပါတယ်”ဟု ကမ္ဘောဇကုမ္ပဏီမှ ဦးညိုမြင့်က ပြောသည်။
ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲ ၃၀၀ ကျော်၊ အေတီအမ်စက် အလုံး ၃၅၀ ကျော်နှင့် နိုင်ငံခြားငွေလွှဲ ကောင်တာ ၈၀ ကျော်တို့ဖြင့် လည်ပတ်နေသည့် ဘဏ်လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်၌ ကွန်ပျူတာ အလုံးပေါင်း ၇ ထောင်ကျော်ရှိသည်ဟု သိရသည်။
“Microsoft အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့တာပါ။ မြန်မာနိုင်ငံမှာ Microsoft အနေနဲ့ အကြီးမားဆုံး သဘောတူညီမှုလုပ်ခဲ့တာဆိုရင် ကမ္ဘောဇစီပွားရေးလုပ်ငန်းစုပါပဲ” ဟု Microsoft မှ အထွေထွေမန်နေဂျာ (အာရှပစိဖိတ်) ဖြစ်သူ Michelle Simmons က ပြောသည်။
ကမ္ဘောဇဘဏ်၌ အသုံးပြုမည့် Microsoft နည်းပညာများမှာ SQL Server 2012 ၊ Server 2012 နှင့် System Center 2012 တို့ ဖြစ်ကြပြီး Windows 10 Devices ၊ Skype for Business ၊ SharePoint တို့ဖြင့် ဝန်ဆောင်မှုပေးအပ်မည်ဟု သိရသည်။

Internet Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top