ACM Re-Post 28-5-2014
လောကမှာအလှပဆုံးအဆောက်အအုံဟာ
စာသင်ကျောင်းတွေဖြစ်တယ်
လောကမှာအပြစ်အကင်းဆုံး
သက်ရှိတွေဟာ
ကျောင်းသားတွေဖြစ်တယ်
လောကမှာ
အချိုမြိန်ဆုံး အသံဟာ
ကျောင်းတက်ခေါင်းလောင်းသံ
ဖြစ်တယ်
ငြိမ်းချမ်းအောင်(၁၉၉၉)
ကျွန်တော်တို့ ရွာထိပ်ကျောင်းကလေးက နံရံမှာ ရေးထိုးထားသော ကဗျာတစ်ပိုင်းတစ်စပဲဖြစ်သည်။ သည်ကဗျာ က ၁၉၉၉ ခုနှစ်တွင် ပြုလုပ်ခဲ့သော Open School Campaign အတွက် ကဗျာဆရာ ငြိမ်းချမ်းအောင် ရေးသားခဲ့ သောကဗျာထဲမှ ကောက်နုတ်ချက်လည်း ဖြစ်သည်။ မကြာမီမှာပဲ လှပသောအဆောက်အအုံလေးထဲသို့ သစ်လွင်နုနယ်သော ကလေး ငယ်လေးတွေ ကျောင်းတက်ဖို့ ရောက်လာကြတော့မည်။ ကမ္ဘာ ပေါ်မှာ အသာယာဆုံး အသံကလေးများနှင့် ကဗျာတွေ စာတွေ သင် ယူကြတော့မည်။ သာယာလှပါဘိ။
ကျွန်တော်တို့ ကျောင်းကလေး က မကွေးတိုင်းထဲက မြိုင်မြို့ နယ် ဆိတ်ဆင်းအုပ်စု ကံလှရွာ ထိပ်မှာ တည်ရှိနေသည့် ကျောင်း ကလေးဖြစ်သည်။ ကျေးရွာ လေးက အိမ်ခြေ ၉ဝ ကျော်သာ သာ။ မူလတန်းကျောင်းသားဦး ရေက တစ်ရွာလုံးပေါင်းပါမှ ၄ဝ ကျော် ၅ဝ နီးပါး။ ရွာက လေးက ဆင်းရဲသည်။ ထန်းလက် မိုး၊ ထန်းလက် ကာတဲ အိမ် ကလေး တွေက များသည်။ တချို့ မျက် စိပွင့် နားပွင့်မိသားစုတွေထဲက လူငယ်တချို့မလေးရှားမှာ အလုပ် သွားလုပ်ကြတော့ သူတို့ရွာ လေးရဲ့ အခြေအနေကို ငဲ့စောင်း ကြည့်မိ ။
‘သြော် .. ငါတို့ရွာလေး က မူလတန်းကျောင်းလေးတစ် ကျောင်းတောင်မှ မရှိ။ မိဘ တွေက ဘုန်းကြီးကျောင်းမှာ အပ်၊ စာသင်၊ ဆွမ်းခံရင်းကြီး ပြင်းခဲ့ရ။ သူများတိုင်းပြည် ကို ရောက်တော့ သူများတွေ မလုပ် ချင်တဲ့ အလုပ်တွေ ဆင်းရဲပင် ပန်းကြီးစွာ အလုပ်လုပ်ကြရ။ မဖြစ်သေးပါဘူး။ ငါတို့မျိုးဆက် တွေ၊ နောင် လာနောက်သားတွေ အ တွက် ကျောင်းလေးတစ် ကျောင်းပွင့်အောင် လုပ်ကြမည် ဆိုသည့် ရည်ရွယ်ချက်တွေနှင့် ချွေးနဲစာထဲက ပိုက်ဆံလေးတွေ ကျောင်းဆောက်ဖို့လှူကြသည်။ သို့နှင့် ကိုယ်ထူ ကိုယ်ထကျောင်း လေးဖြစ်လာ။ ကလေးတွေ စာ သင်ပေးဖို့ ကျေးရွာခန့် ဆရာမ လေးနှစ်ယောက်ငှားပြီး စာသင် ပေးခဲ့ကြသည်။ ယခုတော့ မူလတန်းကျောင်း ခွဲ ကေ လးဖြစ်လာပြီဆိုသော်လည်း အစိုးရက တစ်စိတ်တစ်ပိုင်းကျခံမှုဖြင့်သာ ရေရှည်ရပ်တည်သွားနိုင်အောင် အသက်ဆက်နေကြရသည်။
ကျောင်းသားအရေအတွက် ၅ဝ မပြည့်သေးလို့ ကျောင်းမပွင့် တာဟုလည်း ပြောသံကြားရ သည်။ သြော် ကလေးတွေ စာ သင်ဖို့ ကျောင်းက ကျောင်းသား ၅ဝ ပြည့်မှတဲ့။ ရန်ကုန်မြို့ကို ရောက်နေတဲ့ ရွာသားကတော့ သူတို့မြို့မှာ ကျောင်းသားပေါင်း ၃ဝ ကျော်လောက်ပဲရှိတဲ့ မူလ တန်းကျောင်းတွေ အများကြီး ပါတဲ့။ကျွန်တော်တို့ရွာကလေး ခု အချိန်အထိ မူလတန်းကျောင်း ဘဝကို မရောက်သေး။ ဖား တစ်ပိုင်း ငါးတစ်ပိုင်း ဖားလောင်း ကျောင်းကလေး။
ဟိုတစ်နှစ်ကတော့ ‘ဒီ ကျောင်းကလေးကို ဆက်သွယ် ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းထွန်းလာပြီး ငွေ တစ်သိန်းလှူ သွားသည်ဟု တော့ ကြားလိုက်ရသည်။’တို့ရွာကျောင်း ကလေးကို ဝန်ကြီးတောင် လာ တယ်တော့်။ ဒီဝန်ကြီးက လင်း ကတောကဆိုလားပဲအေ့။ ငါ တို့ရွာလေးတော့ မူလ တန်း ကျောင်းပွင့်တော့မယ် ထင်တာပဲအေ’နှင့် ကလေးကို ခါးထစ် ခွင်ချီထားသည့် ဖွားမေတို့ တွတ် ထိုးသံလည်း ကြားရသည်။ ဟော .. ယခုတော့ ဆက်သွယ်ရေး က ထိုဝန်ကြီးခမျာလည်း ဝန်ကြီးဘဝက စုတေစိတ်ကျခဲ့ရ သည်။ ကျွန်တော်တို့ကျေးရွာက မူလတန်းကျောင်းဖွင့်ခွင့် အိပ်မက်ကလေးလည်း အိပ်မက်ထဲ မှာပဲပျက်ပြယ် သွား ခဲ့ရပြန်သည်။
မူလတန်းကျောင်းဖွင့်ခွင့် ကျဖို့ ကျေးရွာက လူကြီးတွေ အိမ်တိုက်ကြေးကောက်ပြီး ပိုက် ဆံစုကြသည်။ နေပြည်တော်ကို သွားပြီး ကျေးရွာမူလတန်း ကျောင်းကလေး ဖွင့်ခွင့် ကျဖို့ တိုင်းရုံးချုပ်ရှိရာ မကွေးမြို့နှင့် အထက်မြန်မာနိုင်ငံရုံးခွဲရှိရာ မန္တလေးမြို့ကို သွားပြီး စာတင် ကြရသည်။ သုံးနှစ်ရှိသည်အထိ ကျောင်းကမပွင့်သေး။ မနှစ် က နေပြည်ေ တ်ာကို သွားပြီး စာ တင်သည်။ ကျောင်းက ပွင့် မလာ။ ရွာလူကြီးတွေက တော့ တို့မသေခင် ဒီကျောင်းဖွင့်ပွဲ လေးတက်ချင်သကွယ်ဟု ဆို ကြသည်။
ကမ္ဘာမှာ
အနာဂတ်
ရင်းနှီးမြှုပ်နှံမှုအတွက်
စာသင်ခန်းတွေ
တိုးချဲ့နေကြပြီ၊
အနာဂတ် ရင်းနှီးမြှုပ်နှံမှုအတွက်
ပညာရေး စနစ်တွေ ပြင်ဆင်နေကြပြီ၊
အနာဂတ် ကမ္ဘာမြေအတွက်
ကျောင်းသားလေးတွေ စာသင်နေကြပြီ၊
အနာဂတ်အတွက် အကောင်းဆုံး
ရင်းနှီးမြှုပ်နှံမှုဟာပညာရေးစနစ်ဖြစ်တယ်။
ငြိမ်းချမ်းအောင်၏ ကဗျာ အပိုင်းအစက ခေါင်းထဲဝင်လာ ပြန်သည်။
‘သည်နှစ် ပညာရေးဘတ် ဂျက်နဲ့ ကျန်းမာရေးဘတ်ဂျက် တွေ တိုးထားပါတယ်။ ကျောင်း တွေလည်း တိုးပြီးပွင့်လာမှာပါ’ ဟု ပြောသံကြားရသည်။ ကျွန် တော် တို့ကျောင်း ကလေး မပွင့် သေးပါ။ ကျွန်တော်တို့ ကလေး တွေကို အခမဲ့မူလတန်းပညာ ရေးလုံလောက်အောင်သင်ကြားခွင့်ပေးပါ။
၂ဝ၁၁ ခုနှစ်က ကိန်းဂဏန်း စာရင်းတစ်ခုအရ ကမ္ဘာပေါ်မှာ ပညာသင်ကြားခွင့်မရသေးတဲ့ ကလေးတွေက ၆၇ သန်းကျော် ရှိသည်။မြန်မာမှာတော့ ကလေး ငယ် သုံး သန်းကျော်က မူလ တန်းပညာသင်ခွင့်တွေ ဆုံးရှုံး နေဆဲပါဟုလည်း ဆိုသည်။ ဒီ ကလေးတွေ ပညာသင်ကြား ခွင့် မရတာဟာ စီးပွားရေး၊ လူမှု ရေးနှင့် တခြားသော စိန်ခေါ် ချက်များဖြစ်သည့် ကျန်းမာရေး ပြဿနာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ပါလို့လည်း ကုလသမဂ္ဂလူမှုရေးနှင့်စီးပွား ရေးရာ မူဝါဒများညှိနှိုင်းပေးသည့် အဖွဲ့ အီကိုဆော့ ECOSOC ကဆိုသည်။မှန်ပါသည်။ မြန်မာ နိုင်ငံက မူလတန်းပညာပြည့် ပြည့်ဝဝသင်ကြားခွင့်မရကြ သေး သော ကလေးငယ်သုံးသန်းတွင် ကျွန်တော်တို့ ရွာ က ကလေးငယ် တွေလည်း ပါနေပါသေးသည်။ ကျွန်တော်တို့ ကျောင်းကလေး မပွင့်သေးပါ။
”ကျုပ်တို့ကလေးတွေ ရွာ မှာ ကျောင်းမပွင့်သေးတော့ သူ များရွာမှာ သွားပြီး သင်ကြရ တယ်။ မူလတန်းပြီးတော့လည်း ရွာနဲ့ တစ်တိုင်လောက်ဝေးတဲ့ (တစ်တိုင် ဆိုသ ည်မှာ မြန်မာ အတိုင်းအတာဖြစ်ပြီး နှစ်မိုင် ခန့်ရှိပါသည်။) ကျောက်ဆောက် ရွာကို စက်ဘီးကလေးတွေနဲ့ စာသင်သွားကြရတယ်။ ရွာနဲ့ ကျောက်ဆောက်ကြားမှာ ပိုက် သင်ချောင်းကြီးရှိတယ်။ ဟိုတစ် နှစ်က မိုးကြီးပြီး လူတွေရေစီး ထဲပါသွားတဲ့ချောင်းပေါ့။ ကျုပ် တို့ရွာကကလေးတချို့အဲဒီချောင်း ကြီးကျပြီးကတည်းက ကလေး တွေ ကျောင်း သွားခိုင်းရမှာ မိဘ တချို့ကြောက်နေကြတယ်။ ဒါနဲ့ ပဲကလေးတွေ ဆိတ်ကျောင်းနွား ကျောင်း ခိုင်းကြတာတို့။ မြေပဲ ကောက်သင်းကောက်တာတို့။ သူတို့အဖေနဲ့ ထန်းေ တာထဲမှာ မြူအိုးကောက်တို့ လုပ်ကုန်ကြတာလည်း မနည်းဘူး”
ကျေးရွာသူ မိခင်တစ်ဦး၏ အသံ။ ကျွန်တော်တို့အညာမှာ ကျောင်းမရှိသေးတဲ့ ဒီလိုရွာ ကလေးတွေ အများကြီးရှိနေပါ သေးသည်။ မူလတန်းကျောင်း ကလေးတွေက ငါး ရွာလောက်မှ တစ်ကျောင်းသာရှိသည်။ ကလေး တွေ စာသင်ခွင့်မရလျှင် ဒီ ကလေးတွေရဲ့ မျိုးဆက်တွေက ကော စာသင်ခွင့်ရကြပါတော့ မလား။ ကျေးရွာတွေက ဘာ ကြောင့်ပညာရေးနှင့် အလှမ်း ဝေးနေရပါသေးသလဲ။ မြို့နယ် ပညာရေးမှူးဆိုသူတွေက မိမိတို့ မြို့နယ်မှာ စာသင်ကျောင်းဖွင့် ချင်တဲ့၊ မူလတန်းကျောင်း မရှိတဲ့ ကျေး ရွာ စာရင်းတွေကိုတော မှန် မှန်ကန်ကန်တင်ပြခွင့်ရကြပါရဲ့ လားဆိုတာ ကျွန်တော်တွေး နေမိသည်။
ဖွင့်ရမယ်
ငါတို့ကျောင်းတွေ
ငါတို့ကိုယ်တိုင် ပြန်ဖွင့်ရမယ်
ဖွင့်ရမယ်
ငါတို့ပညာရေးစနစ်ကို ငါတို့ကိုယ်တိုင်ဖွင့်ရမယ်
ဖွင့်ရမယ်
ငါတို့ဦးနှောက်အလင်းကို
ငါတို့ကိုယ်တိုင် ဖွင့်ရမယ်
ဖွင့်ရမယ်
ငါတို့ နားမျက်စိတွေကို ငါတို့ကိုယ်တိုင် ဖွင့်ရမယ်။
ကျွန်တော်တို့ရွာလေး မူလတန်းကျောင်း မပွင့်သေးပါ။ သြော်ကျွန်တော်တို့ ရွာကလေးဆိုတာ မကွေးတိုင်း မြိုင်မြို့နယ်ထဲက ဆိတ်ဆင်းအုပ်စု ကံလှကျေးရွာ လေးပါ။ သြော် .. ဟုတ်ကဲ့ ကျွန်တော်တို့ ရွာကလေးက မူလတန်းကျောင်းမရှိပေမယ့် ဟိုးအရင်ကဖြင့် အဘိဓမ္မာ စာအောင်လက်မှတ်ရသည့် ရွာ သားတွေရှိခဲ့ဖူးသော ရွာလေးပါ။ အင်း ဝခေတ်က သာသနာပိုင် ဆရာတော် အရှင်ဥာဏဓဇ ပေါ်ထွန်းခဲ့တဲ့ ရွာကလေးပါ။
အခုချိန်ထိ ကျွန်တော်တို့ရွာက ဖားတစ်ပိုင်း ငါးတစ်ပိုင်း မူလတန်းကျောင်းဆိုသည့် ဖားလောင်းကျောင်း(မူလတန်း ကျောင်းခွဲ) ကလေးသာရှိသော ရွာကလေးပါ။
၂ဝ၁၄-၂ဝ၁၅ ပညာရေး နှစ်သစ်ရောက်ပါပြီ။ မူလတန်း ကျောင်းကလေးတွေ စတင်ဖွင့် လှစ်ပါတော့မည်။ ကျွန်တော်တို့ရွာကလေး မူလတန်းကျောင်းမပွင့်သေးပါ။
သိန်းအေး
ရည်ညွှန်း-
ပညာရေးဝက်ဘ်ဆိုက်များနှင့်
မောက္ခပညာရေးမဂ္ဂဇင်းတို့မှ အမှီးယူပါသည်။
Aye Chan Mon Credit To:http://www.popularmyanmar.com/
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment