0


ဝင်းကိုကိုလတ်| ACM Re-Post 28-5-2014

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို မျက်စိဒေါက်ထောက်ကြည့်နေရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား ယနေ့ တိုက်တွန်းလိုက်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးပေါင်းကောက်ယူသည့် လက်မှတ်ထိုးပွဲကို နေပြည်တော်၊ သီရိ ငါးမြို့နယ် တွင်ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခြင်း ဖြစ်သည်။

၎င်းက “လွှတ်တော်က ဖွဲ့စည်းပုံကော်မတီက ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ် သလားမဟပ်သလားဆိုတာ ပြည်သူက မျက်စိဒေါက်ထောက်ကြည့်နေပါ။ ကိုယ့် ဆန္ဒကို လက်မှတ်ထိုးဖော်ထုတ်ပါ။ ပြည်သူ့ ဆန္ဒကို မသိလို့ပါဆိုပြီး ပြောင်ကြီးလိမ်မယ့်သူတွေ ရှိနေပါတယ်” ဟု ဆိုသည်။

ထို့ပြင် လွှတ်တော်ကော်မတီက အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုသည်သာ ပြောဆိုပြီး ပြင်ဆင်မည့်နည်း လမ်းများ မရှိသေးဟုလည်း ၎င်းက ပြောသည်။

၎င်းက “ပြင်မယ်ဆိုတာလည်း ဟန်ပြပဲရှိတယ်။ ဘယ်သူတွေဘာပြောပြော ပြည်သူတွေကတစ်ခဲနက်လက် မှတ်ထိုးပေးဖို့ တိုက်တွန်းပါတယ်” ဟု ဆိုသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီတွင်အင်န်အယ်လ်ဒီ မှ နှစ်ဦးသာ ပါဝင်သော်လည်း လွှတ်တော်တွင်းရှိ အင်န်အယ်လ်ဒီကိုယ်စားလှယ် အရေအတွက်နှင့် နှိုင်း ယှဉ်ပါက ကျေနပ်သည်ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရသော်လည်း အာဏာလွှဲပြောင်းပေးခြင်း မခံရသည့် အင်န်အယ်လ်ဒီပါတီ သည် ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက် ပွဲတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင် ရေးကြွေးကြော်သံဖြင့်ယှဉ် ပြိုင်ခဲ့သည်။

Aye Chan Mon Credit To:Mizzima - News in Burmese
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top