0
ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ သို့မဟုတ် ၊ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ

Posted by AF in ဆောင်းပါးများ

‘ကျွန်တော် သုံးလအတွင်းဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေကို ဆွဲမယ်။ ပြီး ရင် လွတ်လပ်ရေး တစ်နှစ်အတွင်းရ အောင်ယူမယ်”၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကိုမဆွဲခင် ဗိုလ်ချုပ်အောင်ဆန်း  ပြောခဲ့သော သမိုင်းဝင်စကားပင်။ ”ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ လို့ သုံးထားတဲ့ ၁၉၄၇ မှာ အခု ကျွန် တော်တို့ ဆွဲတဲ့အခါ အုပ်ချုပ် ပုံပယ်ဖျက် ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ကျွန် တော်တို့ သုံးမယ်”၁၉၆၉-၇ဝ ခုနှစ်က စရေးပြီး ၁၉၇၄ ဒီဇင်ဘာလတွင် ၁၉၇၄ ဖွဲ့စည်း ပုံအခြေခံဥပဒေပေါ်ပေါက် လာတယ်။ လူထုဆန္ဒ ၉ဝ ရာခိုင်နှုန်းခန့် ရရှိခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက အုပ်ချုပ်ပုံ ဆိုတဲ့ စကားလုံးကို ပယ်ဖျက်လိုက်ပါ တယ်။ ”၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသုံးမှာလား။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးမှာ လား။ ဒါမှမဟုတ် ရင် အသစ်ရေးမှာလား။ ကျွန်တော်တို့ တပ်မတော်ကတော့ မရေးဘူး။ နောင် တစ်ချိန်ကျမှ စောမောင်ရေးတဲ့ ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ အလ ကားပါဆိုပြီး ပြောခံရမယ်။ ကျွန်တော် ရွေးကောက်ပွဲ လုပ်ပေးမယ်။ အနိုင်ရပါတီက ရေးပေါ့”၁၉၈၉ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ပြောစကားပင်။ အဲဒီ နောက်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နေရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက် လာပြီး ၂ဝဝ၈-ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုအလွှာ ၈ ခုဖြင့် ရေးပြီးနောက် လူထု ၉၂ ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြုခဲ့ပါ တယ်။ ဦးကျော်ငြိမ်း (ဒု-ဝန်ကြီးချုပ် ဟောင်း) ၏ ဆွေနီးမျိုး စပ် တစ်ဦးက ပြောခဲ့ဖူးတယ်။

”ကျွန်တော်နဲ့ ကျွန်တော့် မိသားစု ၈ ဦး ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကန့်ကွက်မဲပေးတယ်။ ညနေ ၄ နာရီ မဲ ရုံပိတ် မဲရေတွက်တော့ အားလုံး ၁ဝဝ ရာခိုင်နှုန်း အဖြူဖြစ်နေတယ်။ အဲဒါ ကျွန်တော် သွားကန့်ကွက်တာပေါ့လေ။ နောက်တော့လည်း ရွေးကောက်ပွဲတိုင်း ကျွန်တော် မဲရုံမှူး ဖြစ်သွားတယ်”၁၉၇၄ က ဦးကျော်ငြိမ်း အိမ်ကို လမ်းစဉ်လူငယ်များ မဲထည့်ရန်လာပြော သောအခါ ဦးကျော်ငြိမ်းက ”အန်ကယ် က အရင်က ဒုဝန်ကြီးချုပ်ဟောင်းလေ။  အခု ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယုံလည်း အယုံအကြည်မရှိဘူး။ မဲ မထည့်နိုင်ဘူး”၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ထွက်လာပြီးနောက်တွင် အရပ်ထဲ တွင် စကားသံတချို့ ထွက်လာပါတယ်။ ”နာဂစ် အခြေခံဥပဒေ” ”ကာလုံ ဥပ ဒေ၊     (ပြီးခဲ့တဲ့အတိတ်ကို ကာကွယ်၍ အကျိုးစီးပွားများ လုံခြုံအောင် ရေးထား သော ဖွဲ့စည်းပုံအခြေခံဥပဒေ) ”ကာချုပ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မိမိတို့၏ အာဏာကိုကာကွယ်၍၊ ပြင် ဆင်၍ မရအောင် ချုပ်ထားသော ဖွဲ့ စည်းပုံအခြေခံဥပဒေ)

၂ဝ၁ဝ ခုနှစ်တွင် အရပ်သားအစိုး ရ (ကြံ့ခိုင်ရေး) ပေါ်ထွန်းလာပြီးနောက် လွတ်လပ်မှုတချို့ လူထုရရှိလာပါတယ်။ နိုင်ငံရေးကစားကွင်းကြီးတစ်ခု ဖွင့်ပေး လိုက်သ လိုပင်၊ ပြည်တွင်း၊ ပြည်ပ နိုင်ငံ ရေး၊ တော်လှန်ရေး၊ လက်နက်ကိုင် အင် အားစုများ၊ ပါတီများ၊  အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊  စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရ တချို့ဟာ မြန်မာနိုင်ငံရေး နိုင်ငံ ရေးကစားကွင်းထဲမှာ ဝင်ရောက်လာပြီး ကစားနေကြပုံဟာ သိမြင်တတ်သူတချို့ မြင်နိုင်ပါတယ်။ လူထုကလည်း နှစ် ၅ဝ ကျော် (၁၉၆၂ ခုနှစ်မှစလျှင်) ပြောဆို ခွင့်ပိတ်ထားတော့ အခု အနည်းငယ် သော လွတ်လပ်ခွင့် ရလာတဲ့အခါမှာ ပြောကြ၊ ဆိုကြ၊ လူတွေကလည်း အဖွဲ့ တွေဖွဲ့ကြ၊ လှုပ်ရှားကြ၊ ဆန္ဒပြကြ နဲ့ မြန် မာနိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုဟာ အရှိန်အဟုန်တစ်ခုသို့ ရောက်ရှိသွားပါ တယ်။

သွေးထွက်သံယိုမှု အနည်းဆုံးနဲ့၊ တရွေ့ရွေ့ ပြောင်းလဲခြင်း (Evolution) နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ သွားမယ်လို့ ၂ဝ၁ဝ ခုနှစ်လောက်က အစိုးရရော၊ အတိုက် အခံတွေပါ ရည် မှန်းထားပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့ နိုင်ငံ ရေးလှုပ်ရှားမှု ဖြစ်စဉ် ပြောင်း လဲခြင်းဟာ အရှိန်အဟုန် မြင့် မားသော တော် လှန်ရေး သဘော ဆောင်လာပြီး (Revolution) ဖြစ်စဉ်  သကဲ့သို့ အဖွဲ့အစည်းနဲ့ လူထုဆန္ဒက ဖြစ်နေပါတယ်။ အဲဒီအခါမှာ Evolution ပြောင်း လဲမှုနဲ့ Revolution ဆန္ဒတွေ သွားထိ ခိုက်မိပြီးနောက် ပွတ်တိုက်တွန်းတိုက်မှု တွေ ဖြစ်လာကြပါတယ်။ အဲဒီအခါ ဖက်ဒရယ်ကိစ္စ၊ ပဋိပက္ခ၊ ပြဿနာတွေ ရှိလာပါတယ်။ အဲဒီတော့ Evolution ရော Revolution ရော မှန်ကန်နေပါ တယ်။ အခုလို အခြေအနေမှတော့  နောက်ကြောင်း ပြန်လှည့်လို့ မရတော့ ပါဘူး။

အဲဒီအခါမှာ ပြောင်းလဲမှုအတွက် ဖြစ်စဉ် အခြေခံက ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်နေတာကို သွားသတိ ရကြည့်မိပါတယ်။ အဲဒီအခါမှာ ဒီမိုက ရေစီ စံနှုန်းဆိုတဲ့ပေ တံနဲ့ တိုင်းတာကြည့် ပြီးတော့ ပြင်ဆင်ရန် သို့မဟုတ် အသစ် ရေးဆွဲရန် ပြောဆိုလာကြပါပြီ။ ပြင်ဆင်ခြင်းသည်လည်း အသစ် ဖြစ်၍ အသစ်ရေးဆွဲခြင်းမှာလည်း အ သစ် ဖြစ်ပါတယ်။ ထို့အတူ ရေးဆွဲခြင်း သည် ပြင်ဆင်ခြင်းဖြစ်၍ အသစ်ရေးဆွဲ ခြင်းသည်လည်း ပြင်ခြင်းဖြစ်ပါတယ်။ အဲဒီအခါမှာ ဘယ်အပိုဒ်ကို ဖျက် မယ်။ တစ်ခုလုံး အ သစ်ရေး မယ်ဆိုတဲ့ စကားတွေနဲ့ အတူ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဂယက်ဟာ လွှတ်တော် အထိရောက်ပြီး (၁ဝ၉) ဦး ကော်မတီ ဖွဲ့ပြီးနောက်မှာ ၂ဝ၁၃၊ နိုဝင် ဘာလ ၁၅ ရက်အထိ လူထုစစ်တမ်း ကောက်လာကြပါတယ်။ အစိုးရကိုယ်တိုင်က ကြေညာချက် ထုတ်လာပါတယ်။

”ဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အပိုဒ်မပါဘူး။ အသစ်ရေးရင် တပ်မ တော်က အာဏာသိမ်းမှာပေါ့။ နောင် အနှစ် ဘယ်ေ လာ က်ကြာမှာလဲ မသိဘူး” လို့တချို့က ပြောပါတယ်။ ”ဂျပန်နိုင်ငံမှာလို လုပ်လို့ရတာ ပေါ့။ အဟောင်းနဲ့ပဲ လွှတ်တော်အစိုးရက ဆက်သွား၊ အသစ်ရေးဆွဲရေးကော်မတီ ကို လွှတ်တော်ကဖွဲ့၊ နောက်အသစ်အ တွက် အစိုးရယန္တရားကိုပြင်၊ ပြီးရင် လွှတ်တော်ကိုတင်၊ အသစ်ကို အတည် ပြု၊ အဟောင်းဟာ အလိုလိုပယ်ပျက်၊ နောက်အစိုးရက ကြားထဲမှာရွေးကောက် ပွဲ လုပ်ပေးထား၊ နောက် အသစ်နဲ့အတူ အစိုးရအသစ်ကို အာဏာလွှဲပေါ့” အဲဒါဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ အဲဒီတော့ ပြင်ရန်ခက်သည်ဖြစ်စေ၊ လွယ်ကူသည်ဖြစ်စေ၊ ဒီမိုကရေစီ စံနှုန်း နဲ့ ဖက်ဒရယ်ကိစ္စကြောင့်ဖြစ်စေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လာရာလမ်းကို နောက်ပြန်ကြည့်ပါ။

(၁) အမျိုးသားညီလာခံ
(၂)လူထုဆန္ဒခံယူပွဲ (ဒီတစ်ခါမှာတော့ စစ်မှန်သော အမျိုးသားညီလာခံတစ်ရပ် ပြုလုပ်ပါ)
(၁) အစိုးရနဲ့ဝန်ထမ်းကိုယ် စားလှယ်
(၂) နိုင်ငံရေးပါတီများ ကိုယ် စားလှယ်
(၃) တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တိုင်းရင်းသားများ ကိုယ်စားလှယ်
(၄)NGO, INGO, C.S.O  ကိုယ်စားလှယ်များ အစုအဖွဲ့ ၄ ဖွဲ့နှင့် ပြန်လည်ကျင်းပပါ။

အဲဒီမကျင်းပခင် ပြင်ရန်သို့မဟုတ် အသစ်ရေးရန် လူထုဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ရန် လိုပါတယ်။ အဲဒါမျိုး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမပါလျှင် သီး ခြား ဥပဒေတစ်ခု ပြဋ္ဌာန်း၍ လွှတ်တော် ကဆုံးဖြတ်ပြီး လက်ရှိအစိုးရက တိုင်း ပြည်ကို ဆက်လက်ဦးဆောင်၍ ဆက် သွားနေပါ။ ထို့အတူ ဖက်ဒရယ်ကိစ္စနှင့် ပတ်သက်၍လည်း တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံတစ်ခု ကျင်းပရန် လည်း လိုပါတယ်။ ထိုညီလာခံနှင့် လူ ထုဆန္ဒခံယူပွဲရလဒ်သည် စစ်မှန်သော အမျိုးသားညီလာခံ ဆုံးဖြတ် ချက်များ ဖြစ်လာပါမယ်။

အကယ်၍ လူထုဆန္ဒခံယူပွဲက ဒီ အတိုင်းပဲ ထားမယ်ဆိုလျှင် ၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေပဲ ဆက်သွားကြတာပေါ့။ ဒါ- ကျွန်တော် တွေးမိတဲ့ အ ကြောင်းအရာ တစ်ခုပါ။ အဲဒီလို မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အတူ အခြားသော အ ကြောင်းအရာများလည်း ရှိနေပါတယ်။ လူထုရဲ့ဆန္ဒဟာ အလွန်လေးစားဖို့ကောင်း ပါ တယ်။ မသိခြင်းနှင့် စိတ်မဝင်စားခြင်း မဟုတ်ပါ။ မပြောခြင်းနှင့် အလုပ်မအား ခြင်းပါ။ အဲဒီ လမ်းကြောင်းရွေးချယ်ခြင်း ဖြင့် လက်ရှိရရှိနေသော တည်ငြိမ်မှု၊ အရပ် သားအစိုးရ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးကိစ္စတွေ ဟာလည်း ဒီအတိုင်းပဲဆက်ရှိနေပါမယ်။

အဲဒီတော့ အစိုးရရော၊ နိုင်ငံရေး ပါတီတွေရော၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေရော၊ လူထုကို အများဆုံး ကိုယ်စားပြုတဲ့ C.S.O, NGO, INGO  တွေပါ သတိထားပြီး အသိတရားမြင့်မား စွာနဲ့ဘဲ အနာဂတ်မှာ လူထုအားလုံးအ တွက် ကတိစာချုပ်တစ်ခုပေါ့။ အားလုံးကိုလေးစားလျက်။

အောင်ထွန်း

အေးချမ်းမွန် Credit To > Popular Myanmar News Journalhttps://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top