0


ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ် မန်စီမြို့နယ်တွင် တပ်မတော်က ဖမ်းဆီးရမိသော တရားမဝင် သစ်များသည် ကေအိုင်အေနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က The Voice သို့ ပြောသည်။

တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၂ တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင် နှစ်ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က သစ်ခိုးထုတ်မှုကို ဖမ်းဆီးရန် စစ်ကြောင်းထိုးစဉ် ကေအိုင်အေနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တပ်မတော်က ပြောဆိုခြင်းအပေါ် ဦးလနန်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဖမ်းဆီးရမိတဲ့ သစ်တွေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက သစ်တွေ။ သစ်ကုန်သည်တွေက စစ်ကြောင်းတွေနဲ့ ညှိနှိုင်းပြီး မန်စီမြို့နယ်ကတစ်ဆင့် တရုတ်ဘက်ကို ထွက်သွားမယ့် သစ်တွေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် မန်စီအထိ ရောက်လာစရာ မရှိဘူး” ဟု ဦးလနန်က ဆိုသည်။

တပ်မတော်က သစ်ခိုးထုတ်မှု ဖမ်းဆီးရန် ရှိသည့်အတွက် လမ်းကြောင်းမှ ရှောင်ရန် ကေအိုင်အေကို အကြောင်းကြားထားသဖြင့် တပ်မတော် လမ်းကြောင်းမှ ရှောင်နေသော်လည်း ကေအိုင်အေ၏ ရှေ့တန်း တပ်စခန်းများသို့ စစ်ကြောင်း တက်လာသဖြင့် တိုက်ပွဲ ဖြစ်ရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တပ်မတော်က သစ်ခိုးထုတ်မှုများကို ဖမ်းဆီးပြီးသောအခါ တပ်လှုပ်ရှားမှုများကို ရုပ်သိမ်းသွားမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကတိပြုထားကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

အေးချမ်းမွန် Credit To > The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top