0

ကိုတိုးကြီး| တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်

ချင်းတွင်းမြစ်ကမ်းတစ်နေရာတွင် ဇွန် လ ၂၁ မနက် ၂ နာရီအချိန်က သေနတ်လေးချက် ပစ်ဖောက်၍ ကုန်စုံဆိုင်အတွင်းမှ ရွှေသေတ္တာတစ်လုံးနှင့် ပိုက်ဆံများ လုယက်ခံလိုက်ရသည်ဟု မြို့နယ်ထွေအုပ်ရုံးထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ညောင်တလျောက်ဒေသ၊ ဖောင်ဆိုင်ကျေးရွာအုပ်စုရှိ ဆိုင်ပိုင်ရှင် ကိုချစ်အောင်၏ ကုန်စုံဆိုင်သို့ မျက်နှာဖုံးပုဝါစီးထားသည့် လူလေးဦး ရောက်ရှိလာပြီး ဘီယာနှင့် အရက်များ ရောင်းချပေးရန် ဆိုင်ရှင်အား ပြောခဲ့သည်ဟု ဆိုသည်။

ဆိုင်ရှင်ဖြစ်သူမှ ဘီယာနှင့် အရက်များမရှိကြောင်း ပြန်ပြောနေချိန်တွင် မျက်နှာဖုံးပုဝါ အပြာရောင်စီးထားသူက ဆိုင်ရှင် ကိုချစ်အောင်ကို ၀ါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

ကိုချစ်အောင်၏ ယာဘက်လက်တစ်ဘက်တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ၏ အိပ်ယာအနီးရှိ ရွှေ ၁၀ သား၊ ပိုက်ဆံ ၁၈ သိန်း ထည့်ထားသည့် သံသေတ္တာကို ပုဝါမျက်နှာဖုံးစွပ်လူ လေးဦးက လုယက်ခဲ့ရာ ဆိုင်ရှင် ကိုချစ်အောင်က ဓားရှည်ကိုင်ဆွဲပြီး ဓားဖြင့် ရမ်းကာ သေတ္တာကို ပြန်လည်လုယူခဲ့သည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် ကုန်စုံဆိုင်၏ အပြင်ဘက် အမှောင်ရိပ်အတွင်းရှိ လူတစ်ဦးက သေနတ် လေးချက်ပစ်ဖောက်လိုက်သည်။ ထို့ကြောင့် ကုန်စုံဆိုင်ပိုင်ရှင် ကိုချစ်အောင်မှာ ဆိုင်အတွင်းသို့ ပြေးဝင်ခဲ့ပြီး ပုန်အောင်းနေခဲ့ရသည်ဟု ဆိုသည်။

ထို့နောက် ရွှေ ၁၀ ကျပ်သားနှင့် ပိုက်ဆံ ၁၈ သိန်းကို လုယူထွက်ပြေးသွားခဲ့ပြီး အဆိုပါ မျက်နှာဖုံးစွပ်လုယူသွားသူများကို အရေးယူပေးရန် ဆိုင်ပိုင်ရှင် ကိုချစ်အောင်က ခန္တီးမြို့မရဲစခန်းတွင် တိုင်တန်းခဲ့ရာ ပြစ်မှုကြီး ဖြစ်စဉ် အမှတ် ၃/ ၂၀၁၄ (ပ) ၃၀/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၉၂/ ၃၉၄ အရ အရေးယူဆောင်ရွက် လျက်ရှိသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top