0

နေပြည်တော်၊ ဒီဇင်ဘာ ၁
ယမန်နေ့ နံနက် ၆နာရီခန့်က မောင်တောမြို့နယ် နတ်မြစ်အတွင်း မင်္ဂလာကြီးချောင်းဝ ၊ ဦးစောလှကျွန်း အရှေ့တောင်ဘက် ကိုက် ၃၀၀ ခန့်အကွာတွင် မော်နိုး ၏ လက်ခတ်လှေကို တပ်ဖွဲ့ဝင်များက ရှာဖွေရာ လှေပေါ်ရှိဆာလာအိတ် ၄ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅၅,၅၀၀ပြားကိုဖမ်းဆီးရမိခဲ့ပြီး၊ ထိုနေ့ ညနေ ၇နာရီခွဲန့်တွင် မောင်တောမြို့နယ်၊ ရွက်ညိုတောင်ချောင်းဝ အနောက်မြောက်ဘက် မိုင်ဝက်ခန့်အကွာတွင်ရှိသော ဆော်လိမ်မူလာနှင့် အာလီရာမက် တို့နှစ်ဦး ၏ ဖောင်ကိုရှာဖွေရာ ဖောင်ပေါ်ရှိဆာလာအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀,၀၀၀ ပြားကို လည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့် မော်နိုး(၃၀)နှစ်၊ ဆော်လိမ်မူလာ(၃၄)နှစ် နှင့် အာလီရာမက် (၁၆)နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၇ရက်နေ့ကလည်း မောင်တောမြို့ရှိ အန်နာယော့တူလာ ဆိုသူပိုင်ကုန်စုံဆိုင်နှင့် အခြားဆက်စပ်နေရာတစ်ခုတို့မှ စိတ်ကြွဆေးပြား တစ်သန်းခန့် ဖမ်းဆီးရမိခဲ့ပြီး၊ နိုဝင်ဘာ ၂၉ ရက်၊ နံနက် ၄ နာရီခန့်ကလည်း စိတ်ကြွရူးသွပ်ဆေးပြား တစ်သန်းကျော်ကို တရားခံ ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သေးသည်။
PN002
Source - ပြည်ထဲရေးဝန်ကြီးဌာန
================
Popular News Journal

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top