မလှိုင်မြို့နယ်မှာ MPT တာဝါတိုင်ဆိုလာပြား ကျပ် (၉၂)သိန်းဖိုးခန့်
ခိုးယူမှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ (၃၀)ရက်က MPT
တာဝါတိုင်ဆိုလာပြား တွေ ပျောက်ဆုံးနေတာကြောင့် နေပြည်တော်၊
ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု၊ ပန်းတင်ကျေးရွာနေ ABCT တာဝါတိုင်
ကွင်းတာဝန်ခံအင်ဂျင်နီယာ ဝေဖြိုးဇော်က တာဝါတိုင်ဆိုလာပြားတွေ ခိုးယူသွားသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မှာ နိုဝင်ဘာ (၂၈)ရက် နံနက် (၁၀)နာရီဝန်းကျင်ခန့်က ကွင်းတာဝန်
ခံအင်ဂျင်နီယာ ဝေဖြိုးဇော်မှာ ပန်းတင်ကျေးရွာဆိုဒ်မှာ ရှိနေစဉ် မလှိုင်မြို့
နယ် ငါးတပုံကျေးရွာအနီး အမြန်လမ်းမကြီးဘေး မိုင်တိုင်အမှတ် (၃၀၄)
အနီးရှိ MPT ဆက်သွယ်ရေးမှ ကန်ထရိုက်ယူထားတဲ့ ABCT တာဝါ
တိုင်ကုမ္ပဏီပိုင် တာဝါတိုင်အမှတ် MDY 00250 ဆိုလာပါဝါမရှိကြောင်း အချက်ပြလာလို့ အင်ဂျင်နီယာ ကိုသက်နိုင်မိုးနဲ့အတူ သွားရောက်
စစ်ဆေးခဲ့ရာ တာဝါတိုင်မှာ တပ်ဆင်ထားတဲ့ အပေါ်တန်းရှိ တရုတ်နိုင်
ငံထုတ်(Sun Earth)အမျိုးအစား ဆိုလာပြား(၃၆)ချပ် ကာလတန်ဖိုးငွေ ကျပ်(၇၂)သိန်းဖိုးနဲ့ အောက်တန်းရှိ အိန္ဒိယနိုင်ငံထုတ်(Green) အမျိုးအစား ဆိုလာပြား (၁၀)ချပ် တန်ဖိုးငွေ ကျပ်သိန်း(၂၀)ဖိုးခန့် စုစုပေါင်း ဆိုလာပြား (၄၆)ချပ် ကာလတန်ဖိုးငွေ (၉၂)သိန်းကျပ်ဖိုးခန့်ပျောက်ဆုံးနေကြောင်းတွေ့ရှိ
ရတယ်လို့ မှုခင်းမှတ်တမ်းအရ သိရှိရပါတယ်။ MPT တာဝါတိုင်ဆို
လာပြားတွေ ခိုးယူမှုနဲ့ ပတ်သတ်လို့ မလှိုင်မြို့မ ရဲစခန်းက (ပ)၁၄၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၉ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဘိုဘို(မလှိုင်) ပေးပို့တာ ဖြစ်ပါတယ်။

Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.