ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်း (အလယ်ဘလောက်)တွင် မော်တော်ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် မျဉ်းဝါသား ကားပါကင်ပြုလုပ်ထားကြောင်း သိရသည်။
" ဒါက ရပ်ကွက်က သူ့အစီအစဉ်နဲ့ လုပ်ထားတာပါ။လမ်းမတန်းကြီးတွေမှာတော့ ပုံစံချနေတယ်။ဒါနဲ့ပတ်သက်လို့လည်း စည်ပင်နဲ့ ပြန်ညှိနှိုင်းဆွေးရအုံးမှာပါ။ " ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး Down Town (၆)မြို့နယ်အတွင်းရှိ မော်တော်ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ မျဉ်းဝါတားပါကင် နေရာများဆောင်ရွက်ပေးရန် အစီအစဉ်များနှင့် ပတ်သက်၍စက်တင်ဘာလ ၂၀ရက်က ပြုလုပ်သော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက မေးမြန်းခဲ့သည်။
ယင်းမေးခွန်းပတ်သက်၍"ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ Down Town (၆)မြို့နယ်အတွင်း ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဥပဒေခွင့်ပြုချက်မရှိဘဲ ကားပါကင်များ လုပ်ဆောင်နေမှုများကို ပူးပေါင်းအဖြေရှာဆောင်ရွက်သင့်ပြီး လိုအပ်သည့်နေရာများတွင် ကားပါကင်များ တစ်ပြိုင်တည်းရေးဆွဲဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဖြေကြားထားသည်။
လင်းလင်းအောင်
New Watch
New Watch
Post a Comment