ကျေးရွာအုပ်စုအတွက် အုပ်ချုပ်ရေးမှူးများ ရွေးချယ်တင်မြောက်နိုင်ရန်အတွက် ကြီးကြပ်ရေးကော်မတီဝင်များက ဆယ်အိမ်စုများကို လိုက်လံစစ်ဆေးစဉ် ရာအိမ်မှူးတဦး ဓားဖြင့် အခုတ်ခံရမှုတခု မြိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။
မြိတ်မြို့နယ် စန္ဒာဝတ်ကျေးရွာအုပ်စု၊ သာရမဲကျေးရွာတွင် နိုဝင်ဘာလ (၂၉) ရက်နေ့ ညနေပိုင်းအချိန်တွင် ကျေးရွာချင်းဆက် ဆယ်အိမ်စုများ သတ်မှတ်ချက် မှန် မမှန် ကြီးကပ်ရေးကော်မတီဝင်များက သွားရောက်စစ်ဆေးရာ ဒေသခံ ရွာသားတဦးက လမ်းကိုသစ်သားချောင်းဖြင့် ပိတ်ဆို့ခဲ့ကြောင်း ပိတ်ဆို့ထားမှုများအားဖယ်ရှားပေးရန်ပြောဆိုစဉ် ၎င်းအမျိုးသားက ကျေးရွာ ရာအိမ်မှူးကို ဓားဖြင့်ခုတ်ခြင်းဖြစ်ကြာင်း စန္ဒာဝတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဌေးထံမှ သိရသည်။
“ကော်တီကြီးကြပ်ရေးအဖွဲ့က ဆယ်အိမ်မှူး/ရာအိမ်မှူး ရွေးချယ်ဖို့အတွက် ဆယ်အိမ်စုတွေ သတ်မှတ်ချက်နဲ့ ညီမညီ လာစစ်တာပါ။ ကော်မတီ ကြီးကြပ်ရေးအဖွဲ့တွေ ဆယ်အိမ်စုတွေကို အစဉ်လိုက် လိုက်ပြနေရင်းမှ သာရမဲရွာလယ်လမ်းမကြီးမှာ ကြီးကြပ်ရေးအဖွဲ့တွေကို လာလို့ မရအောင် သစ်သာချောင်းနဲ့လမ်းလယ်မှာ သူက ပိတ်ဆို့လိုက်တာပါ။ လမ်းဖယ်ပေးဖို့ ပြောနေရင်းမှာ ဓါးရှည်တချောင်းနဲ့ ထွက်ခုတ်တာ ဖြစ်တယ်”ဟု ဓားခုတ်ခံရသူ လက်ရှိ ရာအိမ်မှူး ဦးတင်ရှိန်က ပြောကြား သည်။
ဓါးခုတ်ခံရမှုကြောင့် ဦးတင်ရှိန်၏ ဘယ်ဖက်လက်တွင် ဒဏ်ရာရရှိကာ မျက်နှာတွင်လည်း ညိုမဲဒဏ်ရာများ ရရှိခဲ့သည်။
ရာအိမ်မှူးကိုဓားဖြင့်ခုတ်သူ ဦးသိန်းငယ် (ခ) သိန်းထွေး အသက် (၄၇) နှစ်အား တာဝန် ၀တ္တရားနှောက်ယှက်မှုI လက်နက်ကိုင်ဆောင်မှုတို့ဖြင့် မြိတ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
သတင်းနှင့် သတင်းပုံ
ဒီမိုးသွေး (မြိတ်)
News Watch
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.