0

ဖြိုးဝေလင်း| တနင်္လာနေ့၊ ဇွန်လ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်

ရန်ကုန်-ညောင်တုန်း ကားလမ်းမဘေးရှိ ဆောက်လက်စတိုက် ခေါင်မိုးပေါ်သို့ တက်ရာမှ ခြေချော်ကာ ပြုတ်ကျခဲ့သဖြင့် အသက် (၂၀)အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၂၁ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်က ထန်းတစ်ပင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူ ကိုကျော်မင်းထွန်း(ခ)ကုလားမှာ နေ့စားလက်သမား အလုပ်လုပ်ကိုင်သူဖြစ်ပြီး ထန်းတစ်ပင်မြို့နယ်၊ တူးချောင်းကျေးရွာမှ ဦးကံမြင့်ပိုင်ဆိုင်သည့် နှစ်ထပ်တိုက်ခေါင်မိုးပေါ်သို့ တက်ရာမှ မိုးရေကြောင့် ခြေချော်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်ဟု ရဲဌာနက ကနဦးသတင်းရထားသည်။

သေဆုံးသူမှာ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး အမြင့်ပေ ၂၀ ခန့်က ပြုတ်ကျခဲ့သဖြင့် ဦးခေါင်း နောက်စေ့ ဖူးရောင်ဒဏ်ရာ၊ နားနှစ်ဖက်သွေးထွက် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေဆုံးသူ၏အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ရာ ပီအာရ်-၁၀ ဖြင့် လက်ခံထားပြီး ဒု-ရဲအုပ်မျိုးလွင်က တရားလို ပြုလုပ်ကာ တက်သစ်ရဲစခန်းကသေမှု သေခင်းအမှတ်စဉ် (၃/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Aye Chan Mon Credit To: Mizzima - News in Burmese
http://www.ayechanmon-news1.com/

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top